သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-23
မန္တလေးတိုင်းဒေသကြီးက လယ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူ မိတ္တီလာမြို့ခံ ဒေါ်သန္တာအောင်၊ တောင်ငူ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုမင်းဆွေနဲ့ သာစည်မြို့နယ် သန်းတောကျေးရွာက တောင်သူ ဦးဘိုတို့ကို မိတ္တီလာခရိုင်၊ သာစည်မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ်နဲ့ ဒဏ်ငွေ အသီးသီး ချမှတ်လိုက်ပါတယ်။
2013-12-23
မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ပါတီတို့ ပူးပေါင်းဖို့ကြိုးစားနေရာမှာ မွန်ဒေသလုံးဆိုင်ရာပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့က ကန့်ကွက်နေတာကြောင့် ပါတီနှစ်ခုပေါင်းရေးကိစ္စကို ရွှေ့ဆိုင်းထားရကြောင်း သိရပါတယ်။
2013-12-22
မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ လွယ်ကူချောမောအောင် လျှော့ပေါ့ပေးရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ကုန်သည်ကြီးများအသင်းက ထိုင်းအစိုးရကို ထပ်မံတိုက်တွန်းလိုက်ပါတယ်။
2013-12-22
မကြာခင် ရက်ပိုင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရပ်တွေအပေါ် ဗြိတိန်၊ နော်ဝေးနဲ့ သြစတြေးလျနိုင်ငံတို့က မြန်မာ့အရေး လေ့လာသူ သုံးဦးတို့ရဲ့ ရှုမြင်သုံးသပ်ချက်တွေကို ဦးခင်မောင်ညိန်းက မေးမြန်းတင်ပြထားပါတယ်။
2013-12-22
မြန်မာနိုင်ငံ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ MEITI အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ Classics စားသောက်ဆိုင်မှာ ဒီကနေ့မနက် ကျင်းပပြုလုပ်ခဲ့ပါတယ်။
2013-12-22
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကြီးဟာ ဒီနေ့ ညနေပိုင်းမှာ ပြီးစီးသွားပြီဖြစ် ပြီး၊ မြန်မာနိုင်ငံက ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခု စုစုပေါင်းဆုတံဆိပ် ၂၃၃ ခု နဲ့ နိုင်ငံအလိုက် ဒုတိယအဆင့်နေရာမှာ ရရှိခဲ့ပါတယ်။
2013-12-22
ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်နဲ့ စစ်ကိုင်း ပညာရေး တက္ကသိုလ်တွေမှာ ပါရဂူတန်း၊ ဘွဲ့ကြိုတန်းအထိ အဆောင်တွေထားရှိပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာန အရာရှိတွေက ပြောကြားလိုက် ပါတယ်။
2013-12-22
ခြေထောက်ခွဲစိတ်မှုခံယူထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ခွဲစိတ်မှုအောင်မြင်ပေမယ့် ကြာရှည် မတ်တပ်ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ မသင့်တော်သေး တာကြောင့် အခုလကုန်အထိ ခရီးစဉ်တွေအားလုံး ဖျက်သိမ်းလိုက်တယ်လို့ NLD ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက မိသားစုဆရာဝန် အနေနဲ့ ကြေငြာလိုက်ပါတယ်။
2013-12-21
၈၈ မျုးိဆက်ငြိမ်းချမ်းေရေးနဲ့ ပွင့်လင်းအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လုံလောက်တဲ့ထောက်ခံမှုရရှိအောင် ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်လို့ RFA ကို ဒီဇင်္ဘာ ၂၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဦးကိုကိုကြီးနဲ့ RFA အဖွဲ့သားဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
2013-12-21
ရခိုင်ပြည်နယ်မှာ လူမှုရေး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းတွေဟာ မွတ်စလင် ဘာသာဝင်တွေကိုသာ ဦးစားပေး ဘက်လိုက်ကူညီနေတယ် ဆိုပြီး အခုသတင်းပတ်တွေအတွင်း ဒေသခံတွေ ဆန္ဒပြခဲ့ကြ သလို၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း မြောက်ဦးမြို့ ဒေ သခံတွေက ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံတကာ အဖွဲ့ အစည်းတွေ ဒီဇင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထား ထွက်သွားဖို့ တောင်းဆိုထားပါတယ်။
2013-12-21
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP ရုံးချုပ်ကို ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2013-12-21
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တည်ထောင်တဲ့ ၁၉ နှစ်မြောက် အခမ်းအနားကို ကရင်ပြည်နယ် မြဝတီ ခရိုင် ဆုံဆည်းမြိုင်ကျေးရွာမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
2013-12-21
ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက မနေ့က ရန်ကုန် တက္ကသိုလ်မှာ ဆွေးနွေးခဲ့တဲ့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်တဲ့ တက္ကသိုလ်မူဝါဒ မူကြမ်းကို တက္ကသိုလ်ဆရာ/ ဆရာမများအသင်းတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေက ကန့်ကွက်လိုက်ကြပါတယ်။
2013-12-21
လက်ကျန် နိုင်ငံရေးသား စိစစ်ရေးကော်မတီရဲ့ ဒီနေ့အစည်းအဝေးမှာ စာရင်းပြုစုချက်အရ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ငါးဆယ်ဝန်းကျင်လောက် ရှိတယ်လို့ စိစစ်ရေးကော်မတီက ပြောပါတယ်။
2013-12-21
မွန်ပြည်နယ်မှာ စပါးစိုက်ပျိုးမှု နည်းပါးလာပြီး ရာဘာစိုက်ပျိုးမှု ပိုများလာနေတဲ့အတွက် ဒေသတွင်း ဆန်စပါးဖူလုံမှုမရှိမှာကို စိုးရိမ်နေကြပါတယ်။ ဒီအကြောင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က မွန်ပြည်နယ် လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။