သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-31
RFA က ၂ ပတ်တကြိမ် တင်ဆက်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2020-07-31
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထာရွာသူ နော်မုနော် ကို ပစ္စည်းလုယက် သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ယောက်ကို ဇူလိုင် ၃၁ ရက်နေ့မှာ စစ်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-07-31
ချင်းပြည်နယ် ပလက်ဝမြို့နယ်က ချင်းလူငယ် လေးဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC က မနေ့က ထုတ်ပြန်ပါတယ်။
2020-07-31
ရခိုင်ပြည်နယ်တွင်းက ဘယ်မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပမယ်၊ မကျင်းပဘူးဆိုတာဟာ ပြည်ထဲရေးအပါအဝင် လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေရဲ့ အဆုံးအဖြတ်ပေါ် မူတည်နေတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က RFA ကို ပြောလိုက်ပါတယ်။
2020-07-31
တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က အရပ်သားတွေအပေါ် သံသယရှိရုံနဲ့ ဖမ်းဆီးထိန်းသိမ်းခွင့် ပြုထားတဲ့ "စစ်ဆင်မှု အထူးစီမံချက် အက်ဥပဒေ" ကို ပြင်ဆင်ပယ်ဖျက်သင့်ပြီလို့ ဥပဒေပညာရှင်တွေ၊ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။
2020-07-31
မြန်မာနိုင်ငံရဲ့ မြို့ပြဒေသတွေမှာ မော်တော်ယာဉ်သုံးစွဲမှုတွေ သိသိသာသာ များလာတာကြောင့် လေထုညစ်ညမ်းမှု တနေ့တခြား ဆိုးဝါးလာနေပြီး ကျန်းမာရေးထိခိုက်တဲ့အဆင့်ကို ရောက်နေပြီလို့ လေ့လာသူတွေက ထောက်ပြနေကြပါတယ်။
2020-07-31
၂၁ ရာစုရဲ့ နည်းပညာအသီးအပွင့်တွေဖြစ်တဲ့ လက်ကိုင်ဖုန်း၊ ဆိုရှယ်မီဒီယာနဲ့၊ ဗီဒီယိုဂိမ်း ... စတဲ့ပစ္စည်းတွေကို လူငယ်အများစုက သုံးစွဲနေကြပါတယ်။ ဒစ်ဂျစ်တယ်မျက်နှာပြင်လို့ ခေါ်တဲ့ ဒီပစ္စည်းတွေကို သုံးရာမှာ လိုအပ်တဲ့ အကွာအဝေးနဲ့ အချိန်အကန့်အသတ်ကို သတိမမူကြတဲ့အတွက် မျက်စိဝေဒနာ ဖြစ်ပွားသူတွေလည်း များလာနေပါတယ်
2020-07-31
စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အခြေခံလူတန်းစား အများစုအနေနဲ့ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းနေသလို မသိတဲ့သူတွေလည်း ရှိနေပါတယ်။
2020-07-31
မြန်မာနိုင်ငံမှာ အများဆုံး အသုံးပြုနေကြတဲ့ တယ်လီဖုန်းတွေဟာ တရုတ်နိုင်ငံလုပ် တယ်လီဖုန်းတွေပါ။ တရုတ်လုပ်ဖုန်းတွေဟာ အရည်အသွေးလည်းကောင်း ဈေးလည်း သက်သာတာကြောင့် မြန်မာနိုင်ငံဈေးကွက်မှာ အောင်အောင်မြင်မြင်နဲ့ ထိုးဖောက် နေရာယူထားတာပါ။
2020-07-31
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မိုင်းကြောင့် အရပ်သား သုံးဦး သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင်လ ၂၉ ရက်နဲ့ ၃ဝမှာ မိုင်းနင်းမိလို့ အရပ်သား နှစ်ဦး သေဆုံးပြီး၊ တစ်ဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံကို ပို့ဆောင်ထားရပါတယ်။
2020-07-31
အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် NLD က အမတ်လောင်းတွေအတွက် ဆောင်ရန် ရှောင်ရန် အချက်တွေကို ဇူလိုင်လ ၂၉ ရက်နေ့ရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားရာမှာ ၂၀၂၀ ရွေးကောက်ပွဲကာလ အွန်လိုင်းလူမှုကွန်ရက် အသုံးပြုတဲ့အခါမှာ ပျံ့နှံ့မှုများပြားစေရေးအတွက် ငွေကြေး သုံးစွဲတာကို တားမြစ်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
2020-07-31
"ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်ရာ ဒေသက မြို့နယ် လေးခုမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်တော့ဘူးလို့ UWSA ရဲ့ လားရှိုးအခြေစိုက်ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ဒီနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
2020-07-31
မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေ လာမယ့်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်ဖို့ ပုံစံ ၁၅ ဖြည့်ပြီး ပေးပို့ထားသူ ၅၆၀ ကျော်ရှိတယ်လို့ မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ မြန်မာသံရုံးက ဇူလိုင် ၂၇ မှာ သတင်းထုတ်ပြန်ပါတယ်။
2020-07-31
ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးမှာ မနေ့က တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေဟာ စိုးရိမ်ပြီး အသွားအလာတွေ တိတ်ဆိတ်နေပါတယ်။
2020-07-31
NCA လက်မှတ် မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ပင်လုံညီလာခံကို တက်ရောက်လိုတယ်လို့ ပြောနေပေမယ့် အစိုးရရဲ့ ဖိတ်ကြားမှုထဲမှာ ပါဝင်မလားဆိုတာ မသိရသေးပါဘူး။ ကပ်ဘေးကာလအတွင်း ပြန်လည်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုကိုတော့ ဖိတ်ကြားသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောထားပါတယ်။