သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-20
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဇွဲပါကုန်းတန်းကျေးရွာမှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့ ဒေသခံတွေကို လာရောက်စည်းရုံး မှုတွေ ရှိနေတဲ့အတွက် ကျောက်တန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မနေ့က မေးခွန်းမေးမြန်းခဲ့ပါတယ်။
2016-10-19
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်း က ကျောက်မျက်လုပ်ငန်းရှင်တွေ၊ အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့အတူ ဖားကန့်ကျောက်စိမ်း တွင်းဒေသက ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တွေထဲ သွားရောက်လေ့လာခဲ့ပါတယ်။
2016-10-19
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေရှိပေမယ့် ထွက်မပြေးနိုင်ဘဲ ကျန်နေတဲ့ ကျေးရွာတွေလည်း ရှိပါတယ်။
2016-10-18
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၅ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာမှာ နစ်မြုပ်သွားခဲ့တဲ့ အောင် စိုးမိုးကျော်အမြန်ရေယာဉ်ကို ဒီနေ့မနက်မှာ ရေငုပ် သမားတွေက စတင်ဆယ်ယူနေပေမယ့် ရေစီးသန် တာကြောင့် ညနေပိုင်းအထိ ဆယ်ယူလို့မရသေး ဘဲ ဖြစ်နေပါတယ်။
2016-10-18
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။
2016-10-16
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာမှာ ဒီနေ့မနက် ၅ နာရီခန့်က အောင်စိုးမိုးကျော် အမြန်ရေယာဉ် တိမ်းမှောက်ခဲ့တာကြောင့် ပျောက်ဆုံးသူ ၁၅ဝ ကျော်ရှိနေပြီး ညနေပိုင်းအထိ သေဆုံးသူ ၄ ဦးကို ရှာဖွေတွေ့ရှိထားပါတယ်။
2016-10-15
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင်မှော်က အစိုးရနဲ့ အကျိုးတူလုပ် ကိုင်နေတဲ့ ရတနာတောင်တန်း ကုမ္ပဏီလုပ်ကွက် ထဲမှာ ကမ္ဘာ့အကြီးဆုံးလို့ ယူဆထားတဲ့ တန်ချိန် ၂၀၀ ကျော်ရှိ လုံးစွတ် အမျိုးအစား ကျောက်စိမ်း တုံးကြီးကို တူးဖော်ရရှိထားပါတယ်။
2016-10-13
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ် နယ်မြေ မိုင်ဂျာယန်မှာ သင်တန်းသွားတက်ခဲ့တဲ့ ပူတာအိုမြို့နယ်က ဒေသခံ ၄၉ ဦးကို မတရား အသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ /၁ နဲ့ အမှုဖွင့် အရေးယူထားပြီး ဗန်းမော်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
2016-10-13
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ အကြမ်းဖက်တိုက်ခိုက်တာတွေရှိနေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး နေရပ်မပြန်နိုင်ကြသေးတဲ့ ဆရာ/ဆရာမပေါင်း ၁၇ဝ ကျော်တို့ကို ဒီနေ့ တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ စတင်ခေါ်ဆောင်နေပြီလို့ မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။
2016-10-13
ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကြမယ့် အလုပ်သမားတွေဟာ လာမယ့်နှစ် ၂၀၁၇ ဇန်နဝါရီလကစပြီး သီးသန့် အလုပ်နိုင်ငံကူး လက်မှတ် Job Passport နဲ့သာ သွားရောက်အလုပ် လုပ်ကိုင်ကြရမယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-10-13
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ကျီးကန်းပြင်ကျေးရွာက နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ်အနီးမှာရှိတဲ့ ကျေးရွာတွေ က ဒေသခံအတော်များများဟာ ဘေးလွတ်ရာ မြို့ရွာတွေကို ပြောင်းရွှေ့နေကြတယ်လို့ ကျီးကန်းပြင်ကျေးရွာအနီးက အောင်သာယာကျေးရွာ သား ကိုကျော်စိုးမိုးက ပြောပါတယ်။
2016-10-12
ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်မှာ ဆိုင်ကယ်စီး ခွင့်ရှိမယ့်နေရာတွေ သတ်မှတ်ပေးဖို့နဲ့ လိုက်နာမှု မရှိရင် အရေးယူပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ရန်ကုန်တိုင်း လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။
2016-10-12
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်မှာ နယ်ခြားစောင့်ရဲကင်းစခန်းတွေ အကြမ်းဖက်ခံခဲ့ရပြီး နောက်ပိုင်း အခြေခံပညာစာသင်ကျောင်း ၄၀၀ နီးပါးကို ပိတ်ထားရပါတယ်။
2016-10-12
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ ထောင်ပိုင်ကို အလိုမရှိကြောင်း အကျဉ်းသားတွေက ဆန္ဒပြကြတဲ့အတွက် ထောင်ပိုင်ကို ယာယီတာဝန်ရပ်စဲထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး က ပြောပါတယ်။
2016-10-10
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်ကို မွတ်စလင် လက်နက်ကိုင်တွေက ဒီနေ့ မနက်အစောပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက် ပြီး ကျီးကန်းပြင်ကျေးရွာအနီးမှာရှိတဲ့ ရွာသာယာရွာကျေးရွာက ကိုကျော်စိုးမိုးကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။