သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-22
မြန်မာနိုင်ငံဟာ ကုဌနူနာ ခေါ် အနာ ကြီးရောဂါ တိုက်ဖျက်ရေးကို နှစ်ပေါင်း အတော်ကြာ ဆောင်ရွက်ခဲ့ပေမဲ့၊ အခုထိ ကင်းရှင်းပပျောက် မသွားသေးဘဲ၊ တောင်တန်းဒေသတွေ မှာပါ ဝေဒနာရှင်အသစ်တွေ တွေ့ရှိနေရဆဲ ဖြစ်တယ်လို့ AFP သတင်းတစ်ရပ်က ဖေါ်ပြပါတယ်။
2014-08-21
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်နဲ့ အနုပညာရှင်များ တွေ့ဆုံပွဲ မှာ မြန်မာငြိမ်းချမ်းရေး စင်တာအနီးမှာ မတ်တပ်ရပ် အသံတိတ်ဆန္ဒထုတ်ဖေါ်သူ သတင်းထောက် ၅ဝ ကျော်ကို ပုဒ်မ ၁၈နဲ့ အရေးယူဖို့ပြင်ဆင်နေတာကို ရုပ်သိမ်းလိုက်ပြီ လို့ ကမာရွတ်မြို့နယ်ရဲစခန်းက ပြောဆိုကြောင်း သိရ ပါတယ်။
2014-08-21
ကေအန်ပီပီ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ခေါင်းဆောင်တွေဟာ ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှာ ဒေ သခံတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး လက်ရှိငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကို ရှင်းပြခဲ့ပါတယ်။
2014-08-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စာပေ၊ ပန်းချီ၊ ကာတွန်းဆရာတွေနဲ့ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမ မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
2014-08-21
အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေကနေ ပြန် လာသူ မြန်မာ နိုင်ငံသားတစ်ဦးကို အီဘိုလာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ရှိ မရှိ ဝေဘာဂီဆေးရုံမှာ အထူး ကြီးကြပ်ကုသ ပေးနေရာမှာ လူနာမှာ ငှက်ဖျားရောဂါ ပိုး ၂ မျိုး ရှိနေတာတွေ့ရတယ်လို့ ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်မှု တိုက်ဖျက်ရေး ဦးစီးဌာနရဲ့ ဒုတိယ ညွန် ကြားရေးမှူး ဒေါက်တာထွန်းတင် က ပြောပါ တယ်။
2014-08-21
ကချင်ပြည်နယ်မှာ ဂျပန် ဦးနှောက်ရောင်ရောဂါပိုးရှိနေတဲ့ လူနာ ၁၃ ဦးနဲ့ ရောဂါစစ်ဆေးနေဆဲ လူနာ ၉ ဦးရှိပြီး ၂ ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သေဆုံးခဲ့တယ်လို့ ပြည်နယ် ကျန်းမာရေးမှူးက ဒီနေ့ ပြောပါတယ်။
2014-08-21
အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က သတင်းသမားတွေနဲ့ ထုတ်ဝေသူ စုစုပေါင်း ၅ ဦးကို ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးရာမှာ တရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
2014-08-21
နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးနေ တဲ့ မေတ္တာအိုးဝေဖောင်ဒေးရှင်းကို အနုပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မေတ္တာသင်္ဂဟအဖွဲ့က ဒီနေ့ အလှူငွေ ကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
2014-08-21
ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်ခံ ရရှိခဲ့ တဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေစာရင်း အတိအကျကို သြဂုတ်လ ၃၀ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ကြေ ညာမှာဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ဗဟိုသန်းခေါင်စာရင်း ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြင့်ကြိုင်က RFA ကို ဒီကနေ့ အတည်ပြုပြောပါတယ်။
2014-08-20
လာမယ့် သြဂုတ်လ ၂၃ ရက်နေ့ ရန်ကုန်တက္ကသိုလ်မှာ စတင်ကျင်းပမယ့် ရန်ကုန်တက္ကသိုလ် သိပ္ပံပြပွဲ ဖွင့်ပွဲအခမ်းအနားမှာ မြန်မာစာ ဌာန ကျောင်းသားကျောင်းသူတွေက သံချပ်နဲ့ဖျော်ဖြေမယ့် အစီအစဉ်ကို ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်က တားမြစ် ခဲ့တယ်လို့ မြန်မာစာဌာန ကျောင်းသားတွေက ပြောပါတယ်။
2014-08-20
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မနေ့ကရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ခရီးသည်တစ်ဦးကို ကျန်းမာရေးစစ်ဆေး ရာမှာ ကိုယ်အပူချိန် မြင့်တက်နေတဲ့အတွက် ကူးစက်မြန် အီဘိုလာရောဂါ သံသလူနာအဖြစ်သတ်မှတ်ပြီး မြောက်ဥက္က လာ ဝေဘာဂီအထူးကုဆေးရုံမှာ သီးသန့်စောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
2014-08-20
ဒီနှစ်ကုန်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်းကို လာမယ့် စက်တင်ဘာလ ၁၅ရက်နေ့မှာ ထုတ်ပြန် မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါ တယ်။
2014-08-20
မကွေးတိုင်းဒေသကြီးအတွင်း ၂၆ မြို့ နယ်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် လယ်သမားတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး ဒီလကုန်မှာ အစိုးရအဖွဲ့နဲ့ လွှတ်တော်ထံ တင်ပြသွားမယ်လို့ မကွေးတိုင်းတောင်သူ လယ်သမားသမဂ္ဂအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2014-08-20
လာမယ့် စက်တင်ဘာလမှာကျင်းပမယ့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး နဲ့ သတင်းမီဒီယာတို့ရဲ့ မဏ္ဍိုင်ကြီး ၄ ရပ် တွေ့ဆုံဆွေးနွေးပွဲဖိုရမ်မှာ ဥပဒေပြုရေးမဏ္ဍိုင်က ပူးပေါင်းပါဝင်သွားမယ်လို့ လွှတ်တော်ဥက္ကဌတွေ က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ ဒီကနေ့တွေ့ ဆုံစဉ် ကတိပေးခဲ့ကြောင်း ကောင်စီအဖွဲ့ဝင်တွေက ပြော ပါတယ်။
2014-08-20
ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ပဲခူး တိုင်းဒေသကြီး ပြည်မြို့မှာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကန့်ကွက် ဆန္ဒပြခဲ့သူတွေထဲက ဦးဆောင်သူ ၅ ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာပုဒ်မ ၁၈ နဲ့ ပြည်မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးတင်စစ်ဆေးပြီး ကိုယ်ပိုင်ခံဝန်နဲ့ အာမခံပေးခဲ့ပါတယ်။