သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-20
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ သေနတ်မှန်ပြီးသေဆုံးခဲ့တဲ့ တောင်သူ ဒေါ်ခင်ဝင်း အမှုကိုဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့ကြသူ ၅ ဦးကို အလုံ မြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီ ဒီနေ့ ချမှတ်လိုက်ပါတယ်။
2015-08-20
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်မှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ မော်တော်ကား နှောင့်ယှက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူထားသူတွေက သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြောင်းကြားထားတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။
2015-08-20
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်းလျှောက်ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ထုတ်ပြန်ရာ NlD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၁၅၁ ဦးနဲ့ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုအများဆုံး ပါတီ ဖြစ်ပါတယ်။
2015-08-20
လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေး သင့်၊ မသင့်ကို ဒီနေ့ မဲခွဲဆုံးဖြတ်ရာ မသင့်ကြောင်း မဲပေးသူများတဲ့အတွက် အဲဒီဥပဒေ ကြမ်းဆွေးနွေးရေး အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ပါတယ်။
2015-08-20
မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှုမရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အာအက်ဖ်အေနဲ့ သီးသန့်တွေ့ ဆုံမေးမြန်းချက် မှာ ဖြေကြားခဲ့ပါတယ်။
2015-08-19
လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲခံခဲ့ ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာပညာရေးပြုပြင်ပြောင်းလဲရေးကွန်ရက်က ဒေါက်တာညိုညိုသင်း ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်က ဒီနေ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2015-08-19
ပြည်ခိုင်ဖြိုးပါတီ ပူးတွဲ ဥက္ကဌအဖြစ်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ရဲ့သားဖြစ်သူ ဦးတိုးနိုင်မန်း မိသားစုပိုင်တဲ့ ချယ်ရီ FM အသံလွှင့် လုပ်ငန်းတွေကို ဒီနေ့ ညနေ ၆ နာရီကစပြီး ပြန်လည် ထုတ်လွှင့်ခွင့်ရရှိခဲ့ပါတယ်။
2015-08-19
စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၄သောင်းကျော်ရှိ တယ်လို့ ရှမ်းပြည်နယ်မြောက် ပိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။
2015-08-19
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ တောင်းဆိုထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု ပြဌာန်းဖို့ သင့်၊ မသင့်ကို မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ် မယ်လို့ လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြော လိုက်ပါတယ်။
2015-08-19
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟို ကရွေးချယ်ထားတဲ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ကို လက်မခံနိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် က ခရုရိုးကျေးရွာ ပါတီဥက္ကဌနဲ့ ပါတီဝင် ၁၀၀ နီးပါးက ပါတီ ကနေ နှုတ်ထွက်လိုက်ကြပါတယ်။
2015-08-19
ရေဘေးသင့်ဒေသတွေမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ နဲ့ ရွေးကောက်ပွဲ လုပ်ငန်းတွေ ဆောင်ရွက် ဖို့အတွက် အမျိုးသား လွှတ်တော်အစည်း အဝေးတွေကို ရပ်ဆိုင်းဖို့ အရေး ကြီးအဆိုကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2015-08-18
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်တချို့ကို ပိတ်သိမ်းမယ်ဆို တဲ့ ကောလဟလတွေဟာ မမှန်ကန်ကြောင်း ဗဟိုဘဏ်က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-08-18
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွင်း ပြဿနာတွေကို လွှတ်တော်အတွင်း ယူဆောင်မလာဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောလိုက် ပါတယ်။
2015-08-18
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသကို တတိယအကြိမ်အဖြစ် စစ်အုပ်ချုပ်ရေးကာလ နောက်ထပ်ရက် ၉၀ တိုးပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြု လိုက်ပါတယ်။
2015-08-18
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လာမယ့်စက်တင်ဘာ ၈ရက်နေ့ကစပြီး နိုဝင်ဘာလ ၆ရက်နေ့အထိ မဲဆွယ်စည်းရုံးနိုင်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေထံ အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။