သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-15
ရခိုင်ပြည်နယ်က မွတ်စလင်တွေကို အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်နေတာနဲ့ ပတ်သက် ပြီး ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ရခိုင်အမျိုး သားပါတီ ANP က ဒီနေ့ ကမ်းလှမ်းလိုက်ပါတယ်။
2016-08-15
ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်းလုပ် ကွက်တွေမှာ ကုမ္ပဏီဝန်ထမ်းတွေကလွဲ ပြီး ရေမဆေးကျောက်ရှာတဲ့ ရွှေ့ပြောင်း လုပ်သားတွေ ဝင်ရောက်မှုမရှိအောင် တားဆီးပိတ်ပင်သွား မယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်း က ပြောပါတယ်။
2016-08-15
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ၉ ရပ်ကွက်က အားကစားပန်း ခြံ မြေနေရာဟာ ကြံ့ခိုင်ဖံ့ွဖြိုးရေး အသင်းနာမည်နဲ့ အရင် အစိုးရ လက်ထက်က နှစ် ၆၀ မြေငှားဂရမ် ချထားပေး တာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-08-15
ရခိုင်ပြည်နယ် စစ်တွေမြို့က ဆတ်ရိုးကျ ရပ်ကွက်အနီး စက်မှုဇုန်တည်ထောင်ဖို့ သိမ်းယူထားတဲ့ မြေနေရာတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေ အပြင်အစိုးရဌာနဆိုင်ရာ အကြီး အကဲတချို့က ခြံစည်းရိုးကာရံနေတာတွေကို ရပ်တန့်ထားဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က ညွှန်ကြားလိုက်ပါတယ်။
2016-08-15
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အဆို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။
2016-08-15
စစ်မှန်ခိုင်မာတဲ့ ပြည်ထောင်စု တည်ဆောက်မယ် ဆိုတဲ့ ဘုံသဘောတူညီချက်ရှိဖို့ လိုအပ်ပြီး မတူညီတဲ့ သဘောထားအမြင်အမျိုးမျိုးကို ညီလာခံမှာ ညှိနှိုင်းရ မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2016-08-14
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ဖားကန့်မြို့နယ်မှာ အခုတလော အစိုးရတပ်နဲ့ ကေအိုင်အို တပ်တွေအကြား စစ်ရေးတင်းမာမှုတွေ များလာတာတွေကြောင့် ဒေသခံ လယ်သမားတွေ လယ်ယာလုပ်ငန်းမလုပ်နိုင်ကြဘူးလို့ သိရပါတယ်။
2016-08-14
ကျန်းမာရေးဝန်ထမ်းတွေကို မသက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေမှာ နေရာပြောင်းရွှေ့ တာဝန်ပေးတာတွေ မလုပ်ဖို့နဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အခွင့်အလမ်း အပြည့်အဝရရှိဖို့တို့ကို ပြည် သူ့ကျန်းမာရေးဝန်ထမ်း ၁ဝဝ ကျော်က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-08-14
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၈ ခုမှာ ရေဘေးကြောင့် လူ ၈ ဦး သေဆုံး ပြီး ရေဘေးဒုက္ခသည် ၄ သိန်းကျော် ရှိခဲ့ပေမယ့် အရေးပေါ် အခြေအနေကြေညာရမယ့် ဥပဒေအချက်အလက်တွေနဲ့ မကိုက်ညီတဲ့အတွက် အရေးပေါ်အခြေအနေ မကြေညာ တာဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောလိုက်ပါတယ်။
2016-08-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ မနက်ဖြန်ကျင်းပ မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို တက်ရောက် မှာဖြစ်ပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိသားစုဆရာဝန်ဖြစ်တဲ့ ဒေါက်တာ တင်မျိုးဝင်း က ပြောပါတယ်။
2016-08-14
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ချော်တွင်း ကုန်း မီးပွိုင့်ထောင့်က လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပိုင်မြေပေါ် မှာ ဆောက်လုပ်ထားတဲ့ ဆိုင်ခန်း ၂၀ ကို ဒီနေ့မနက်က စည်ပင် နဲ့ ရဲဝန်ထမ်း ၂၀၀ လောက်နဲ့ ဖယ်ရှားလိုက်ပါတယ်။
2016-08-14
အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဖော်ဆောင်တဲ့ အရေး ကိစ္စတွေကို အားပေးကူညီသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောပါတယ်။
2016-08-14
ရှမ်းပြည်နယ် တောင်ကြီးမြို့က နှစ်ရှည် ထင်းရှူးပင်တွေရှိတဲ့ မြေနေရာမှာ ပြည်နယ်လွှတ်တော် အဆောက်အအုံအသစ် ဆောက်လုပ်မယ့်ကိစ္စ ကို ဒေသခံတွေက ကန့်ကွက်နေတဲ့အတွက် အဲဒီမြေနေ ရာမှာ ဆောက်လုပ်မယ့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ကြောင်း ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံး ဆိုင်က ပြောပါတယ်။
2016-08-14
လယ်ယာစိုက်ခင်းတွေနဲ့ ဆက်စပ်နေ တဲ့ တောတောင်တွေအနီးမှာ မိုင်းတွေ မထောင်ဖို့ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ ဒေသခံတောင်သူ တစ်ထောင်ကျော်က ဒီကနေ့ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။
2016-08-13
ဒီနေ့ ကျရောက်တဲ့ ၄၉ နှစ်မြောက် ဆန်ပြဿနာအရေး အခင်းဝမ်း နည်းအောက်မေ့ဖွယ် အခမ်းအနားတွေကို ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ မောင်တော နဲ့ တခြားမြို့နယ် တွေမှာ ကျင်းပခဲ့ပါတယ်။