သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-13
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေနဲ့ ရွေးကောက်ပွဲ မဝင်ဘူးလို့ တရားဝင် ပြောဆိုမထားကြောင်း သမ္မတရုံးက ပြောပါတယ်။
2015-08-13
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၇ ကနေ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ဖို့အတွက် လွိုင်ကော်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှာ အမည် စာရင်းတင်လိုက်ပါတယ်။
2015-08-13
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုမှာ ရေဘေးဒဏ်ကြောင့် သေဆုံးသူ ၁၀၃ ဦး ရှိပြီး၊ ရေဘေးဒုက္ခသည် တစ်သန်းနှစ်သိန်းကျော်ရှိတယ် လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာပြန်လည် ချထားရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
2015-08-13
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေး ပါတီ ခေါင်းဆောင်အပြောင်းအလဲဟာ မထင်မှတ်ပဲ ဖြစ်ပေါ်လာတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်ကို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ပြောပါတယ်။
2015-08-13
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အာဘော်သတင်းစာဖြစ်တဲ့ ပြည်ထောင်စု နေ့စဉ်သတင်းစာကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်း လိုက်ပါတယ်။
2015-08-13
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အပါအဝင် ခေါင်းဆောင် ၆ ဦးကို ပါတီဝင် အဖြစ်ကနေ ပါတီဗဟိုက ထုတ်ပယ်လိုက်ပါတယ်။
2015-08-13
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပူးတွဲ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သူ သူရဦးရွှေမန်းကို ဖယ်ရှား လိုက်ပြီး ဒုတိယဥက္ကဌတစ်ဦးဖြစ်တဲ့ ဦးဌေးဦးကို ပူးတွဲဥက္ကဌအဖြစ် တာဝန်ပေးလိုက်သလို ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေကိုလည်း အစား ထိုးပြောင်းလဲလိုက်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-08-13
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ပူးတွဲဥက္ကဌ တာဝန်ကို ဒုတိယဥက္ကဌဖြစ် တဲ့ ဦးဌေးဦးကို နိုင်ငံတော်သမ္မတက ပေးအပ်လိုက်တယ် လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး က ပြောပါတယ်။
2015-08-13
မနေ့ညက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ကို စစ်တပ်နဲ့ ရဲတွေဝိုင်းတယ်ဆိုတာ မဟုတ်ကြောင်း သိရှိရပါတယ်။
2015-08-12
ချင်းပြည်နယ် ဟားခါးမြို့က ရပ်ကွက် ၄ ခုလောက်မှာ မြေတွေအက်ကွဲနေတာကြောင့် အဲဒီရပ် ကွက်တွေကို ပြောင်းရွှေ့နိုင်ဖို့အတွက် သတ္တုတွင်းဝန်ကြီး ဌာနက ဘူမိဗေဒ ပညာရှင်တွေဟာ ဒီနေ့ ဟားခါးမြို့ မှာ မြေနေရာအနေအထားကို စစ်ဆေးနေတယ်လို့ သိရ ပါတယ်။
2015-08-12
သံလွင်မြစ်မှာတည်ဆောက်မယ့် ရေအား လျှပ်စစ်စီမံကိန်း ၆ခုကို ရပ်ဆိုင်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၅ ဖွဲ့က ဒီနေ့ တောင်းဆိုလိုက် ပါတယ်။
2015-08-12
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေတဲ့အတွက် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။
2015-08-12
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ် ဇေကမ္ဘာအိမ်ရာဝင်းအနီးမှာ ဖမ်းဆီးရမိထား တဲ့ ငွေကျပ်သိန်းပေါင်း တစ်သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးအမှုမှာ ဆက်စပ်တယ်လို့ သံသယရှိသူတစ်ဦး ကို ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖမ်းမိပြီး ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရ ပါတယ်။
2015-08-12
ကရင်ပြည်နယ် ဘားအံမြို့က ၈၈ မျိုးဆက်ကရင်ကျောင်းသား အစည်းအရုံး ဥက္ကဌ ဦးစောမောင်ကြီးကို DKBA ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
2015-08-12
တပ်မတော်ကနေ အနားယူပြီး လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီ USDP ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် တပ်မတော်သား ကိုယ်စားလှယ်စာရင်းတချို့ဖြစ်ပါတယ်။