သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-03
တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့သစ်စီမံကိန်းအတွင်းပါဝင်ပြီး လျှော်ကြေးမပေးရသေးတဲ့ လယ်ယာမြေ ၅ ဧကကို ကုမ္ပဏီက လာရောက်မြေဖို့စဉ် တားဆီးခဲ့တဲ့ လယ်သမား ၇ ဦးကို အမှုအဟောင်းနဲ့ ဒီနေ့ ထပ်မံဖမ်းဆီးလိုက်ပါတယ်။
2017-08-03
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့က ကမန်တိုင်းရင်းသားဒုက္ခသည်တွေကို အစိုးရက ရန်ကုန်မြို့ ကို ပြောင်းရွှေ့နေထိုင်ခွင့်ပေးလိုက်ပေမယ့် လက်ရှိမှာ အဲဒီဒုက္ခသည်တွေဟာ နေထိုင် စားသောက်ရေးအတွက် အခက်အခဲကြုံနေရတယ်လို့ ကမန်တိုင်းရင်းသားလူမှုကွန်ရက်အဖွဲ့ က ပြောပါတယ်။
2017-08-03
ဇူလိုင်လအတွင်းက မိုးကြီးခဲ့လို့ တစ်ပြည်လုံးမှာ မိုးစပါးစိုက်ဧက ၅ သိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး ဧက ၈ သောင်းကျော်လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ကနေ သိရပါတယ်။
2017-08-02
မြန်မာအစိုးရက သြဂုတ်လ ၁ ရက်နေ့မှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းကို နုတ်ထွက် ခွင့်ပြုလိုက်ပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်ကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ပေးလိုက်ပါတယ်။
2017-08-02
ကချင်ပြည်နယ် အင်းတော်ကြီးကန်ဟာ ထူးခြားတဲ့ ဂေဟနစ်တွေနဲ့ ဇီဝမျိုးကွဲ ကြွယ်ဝတဲ့အတွက် ဇီဝအ၀န်း နယ်မြေအဖြစ် ယူနက်စကို UNESCO အဖွဲ့ကြီးက သတ်မှတ်လိုက်ပါတယ်။
2017-08-02
သံဃာတော်တွေ ဦးဆောင်တဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက အစိုးရဆန့်ကျင်ရေး သပိတ်စခန်းတွေကို ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ တပြိုင်နက်တည်း ဖွင့်လိုက်ပါတယ်။
2017-08-02
ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၁ ဦး ထပ်မံသေဆုံးသွားပြီး ရောဂါပိုးတွေ့ရှိသူ ၂၃ ဦး ထပ်တိုးလာတယ်လို့ သိရပါတယ်။
2017-08-02
ဆက်သွယ်ရေးဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ရာမှာ အရင်ကနဲ့ မတူတဲ့ မဲခွဲဆုံးဖြတ်တဲ့ ပုံစံမျိုး ပြုလုပ်ခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စား လှယ်တွေအကြား နားလည်မှုတွေ ရှုပ်ထွေးခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
2017-08-02
ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ ပတ်သက်ပြီး ရောဂါကူးစက်ပြန့်ပွားမှုမရှိဖို့နဲ့ အသေအပျောက် နည်းဖို့အတွက် ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော်မှာ ကန့်ကွက်သူများတာကြောင့် အတည်မပြုဘဲ မှတ်တမ်းတင်လိုက်ပါတယ်။
2017-08-02
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့က ကေတုအိုးေ၀ တော်လှန်ရေးသံချပ်အဖွဲ့ ဦးဆောင်သူနှစ်ဦးထဲက ဗကသ ကျောင်းသားဟောင်း ကိုအောင်ထက် ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ မနေ့က ဖမ်းဆီးလိုက်ပါတယ်။
2017-08-01
၂၀၁၇ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၂ ရက်နေ့အထိ စာရင်းအရ တစ်နိုင်ငံလုံး မှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁ သောင်း ၄ ထောင်ကျော်ရှိခဲ့ပြီး ၈၁ ဦး သေဆုံးခဲ့ပါတယ်။
2017-08-01
တရားရှင်လွတ်မြောက်နေတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့က ကျောင်းသား ၇ ဦးကို အသရေဖျက်မှုနဲ့ အမှုပြန်ရင်ဆိုင်ဖို့ ပုသိမ်ခရိုင်တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
2017-08-01
စစ်ဘေးဒုက္ခသည်စခန်းတွေက မိဘမဲ့ကလေးငယ်တွေအတွက် ပရဟိတဂေဟာတစ်ခုကို ပညာရိပ်မွန်ပရဟိတနဲ့ လူမှုကူညီရေးအသင်းက ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။
2017-08-01
YUPT အများပိုင်ကုမ္ပဏီက YBS ယာဉ်တွေကို ၂၄ နာရီ ထိန်းချုပ်ရေးစင်တာကနေ စတင်စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
2017-08-01
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာအုပ်စုမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်း ၃ လောင်းကို မနေ့က နေ့လည်က တွေ့ရှိခဲ့ကြပါတယ်။