သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-21
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ စက်တင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်ပြီးနောက် လက်ရှိ ဖုန်းလိုင်းတွေပါ ဆက်သွယ်ရခက်ခဲလာတယ်လို့ ကနီမြို့ခံတွေက ပြောပါတယ်။
2021-09-21
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာအနားမှာ စက်တင်ဘာလ ၂၀ ရက်နေ့ မနေ့က ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၊ ကရင်နီ တပ်မတော် (KA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး KNDF ဘက်က ရဲဘော်တစ်ဦး သေဆုံးကာ လေးဦးဒဏ်ရာရခဲ့တယ်လို့ KNDF ဘက်က ထုတ်ပြန်ပါတယ်။
2021-09-21
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဒေါပုံမြို့နယ်ရဲစခန်း အနီးမှာ စက်တင်ဘာလ ၂၁ ရက် ဒီနေ့ မနက် ၉ နာရီဝန်းကျင်ခန့်က စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရသူ ဦးလွင်မျိုးဦး ကို အမည်မသိအဖွဲ့တစ်ခုက ပစ်သတ်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-21
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ တပ်ဖွဲ့ဝင်တွေကိုပါ ကိုဗစ် ကာကွယ်ဆေး ထိုးပေးသွားမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က RFA ကို ဒီနေ့မနက်က ပြောပါတယ်။
2021-09-20
စစ်ကောင်စီဖမ်းထားတဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်းစတား ကိုမနေ့က တနင်္လာနေ့မှာ အွန်လိုင်းကတဆင့် ရုပ်သံနဲ့ဆက်သွယ်ပြီး တရားရုံးထုတ်ခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။
2021-09-20
ချင်းပြည်နယ်မှာ အများဆုံး ကိုးကွယ်ကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ မထီမဲ့မြင် လုပ်ရပ်တွေနဲ့ အပြုအမူတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းနိုင်ငံရေးပဋိပက္ခတွေထက် ပိုမိုရှုပ်ထွေး ကြီးမားတဲ့ ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်တဲ့ ပြည်တွင်း ပဋိပက္ခဆီကို ဦးတည်လာစေနိုင်တဲ့အတွက် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2021-09-20
ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သင်းအုပ်ဆရာတစ်ပါး ကွယ်လွန်ခဲ့ရတဲ့အပေါ် ထိတ်လန့်ဝမ်းနည်းရကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) က ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2021-09-20
ထိုင်းနိုင်ငံမြောက်ပိုင်း တာခ့်ခရိုင်ထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း Sai Yok ခရိုင်မှာ တရားမဝင် ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၄၇ ဦး စုစုပေါင်း ၅၉ ဦးဟာ ဒီကနေ့တစ်ရက်တည်းမှာပဲ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။
2021-09-20
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ ပြည်သူ့ တော်လှန်ရေး နောက်အဆင့်တစ်ခုအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ ရပ်တန့်ရေးကို ကြိုးပမ်းနေတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တာဝန်ရှိသူတွေက ပြောပါတယ်။
2021-09-20
ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပုကို တရားစွဲဆိုထားတဲ့အထဲက နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် တရားလိုဘက်က သက်သေတွေကို စက်တင်ဘာလ ၂၀ ရက် ဒီကနေ့ စစ်တွေမြို့နယ် တရားရုံးမှာ အွန်လိုင်းဗွီဒီယိုစနစ်နဲ့ ရုံးထုတ် စစ်ဆေးခဲ့ပြီးနောက် တရားလိုဘက်က သက်သေအားလုံး စစ်ဆေးပြီးစီးသွားပြီလို့ ဦးညီပုရဲ့ရှေ့နေက RFA ကိုပြောပါတယ်။
2021-09-20
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ထဲမှာ စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းကစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့ မနေ့က ညနေပိုင်းမှာတော့ ရပ်ကွက်တွေထဲအထိ ရေ၀င်ရောက်ခဲ့တယ်လို့ ကျောက်မဲမြို့ဒေသခံတွေက RFA ကိုပြောပါတယ်။
2021-09-20
ဂျာမနီနိုင်ငံ Oldenburg မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော် (Oldenburg International Film Festival) မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်က "what happened to the wolf?" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ဆု (Seymour Cassel Award for Best Performance) ရရှိခဲ့ပါတယ်။
2021-09-20
နေပြည်တော်၊ လယ်ဝေးမြို့အဝင် မီးပွိုင့်နားက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၂၀ ရက် ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်လောက် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-20
ပဲခူးတိုင်း (အနောက်ခြမ်း) ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်ရပ်ကွက်က အသက် ၅၀ ခန့်အရွယ် ဦးတိုးကြီးဟာ စစ်ကောင်စီရဲ့အဖမ်းခံခဲ့ရမှုကနေ ပြန်လည်လွတ်မြောက် လာပြီးနောက် ငါးရက်နီးပါးအကြာ စက်တင်ဘာ ၁၉ ရက် မနေ့က သေဆုံး သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
2021-09-20
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ရွာမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ မူလတန်း ကျောင်းဆရာရဲ့ ရုပ်အလောင်းကို စက်တင်ဘာလ ၁၉ ရက် မနေ့က သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။