သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-30
ထိုင်းနိုင်ငံ မဲဆောက်မြို့က ဈေးတွေ မှာ မြန်မာနိုင်ငံသားတွေကို ဈေးရောင်းချခွင့် မပြုပဲ ထိုင်းအစိုးရက လိုက်လံ ဖမ်းဆီးနေ တယ်လို့ မဲဆောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ သားတွေက ပြောပါတယ်။
2016-07-30
၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးပါတီ အားလုံး တန်းတူညီမျှစွာပါဝင်ခွင့်ပြုဖို့ ရန်ကုန်တိုင်းအခြေစိုက် နိုင်ငံရေးပါတီ ၃၀ ကျော်က တောင်းဆိုလိုက်ပါတယ်။
2016-07-30
မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အစည်း အဝေးကို ဒီနေ့ ၃၀ ရက်နေ့ အထိ တစ်ရက်တိုးကျင်း ပကြပါတယ်။
2016-07-30
ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကျင်းပနေ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံ ၄ ရက်မြောက်နေ့မှာ တိုင်းရင်းသားဒေသအတွင်း အများဆုံးဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါးပြဿနာတွေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။
2016-07-30
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးဆက်တိုက်ရွာခဲ့တာကြောင့် မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ လမ်းကြောင်း မှာ မြေပြိုတာတွေရှိတဲ့အတွက် ခရီးသွားလာသယ်ယူ ပို့ဆောင်ရေးအတွက် အခက်အခဲဖြစ်နေပါတယ်။
2016-07-30
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်က အင်းဝမြို့ဟောင်းနဲ့ ကျေးရွာ ၁၁ ရွာမှာ ရေကြီး နစ်မြုပ်နေပြီး စာသင်ကျောင်း ၉ ကျောင်း ယာယီပိတ်ထား ရပါတယ်။
2016-07-30
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Mr. Vijay Nambiar ဟာ မြစ်ကြီး နားမြို့မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒီကနေ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။
2016-07-30
လာမယ့်သြဂုတ်လအတွင်းမှာ ကျင်းပမယ့် ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင် လာစေဖို့ အတွက် NCA စာချုပ်မှာပါတဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်အခန်းကို ပြန်လည်ပြင်ဆင်သွားဖို့ရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး အငြိမ်းစားဒုတိယ ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးက ပြောပါတယ်။
2016-07-30
တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ ငါးအမှုန့် ကြိတ်စက်ရုံတချို့ဟာ အနံ့ဆိုးမ ထွက်အောင်ဆောင်ရွက်ဖို့နဲ့ ရေဆိုးတွေကို ပင်လယ်ထဲ မစွန့်ပစ်ဖို့ တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို မလိုက်နာ တဲ့အတွက် လုပ်ငန်းလည်ပတ်ခွင့် ၆ လ ရပ်ဆိုင်း ဖို့ ညွှန်ကြားသွားမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။
2016-07-29
စတုထ္ထနေ့ မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်း အဝေးက ဒီနေ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စ နဲ့ပတ်သက်လို့ ဆွေးနွေးကြရာမှာ သဘောတူညီချက်အချို့ ရခဲ့တယ်လို့ သိရပါတယ်။
2016-07-29
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ကပြုစုတဲ့ “မွန်ပြည်နယ်အတွင်းရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆန်းစစ်သည့်အစီရင် ခံစာ” မိတ်ဆက်ပွဲကို မော်လမြိုင်မြို့က ကောင်းမြတ် ဟိုတယ်မှာ မနက်ဖြန် ပြုလုပ်မှာဖြစ်ပါတယ်။
2016-07-29
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ သဘာဝသယံဇာတအရင်း အမြစ်တွေကို ပြည်နယ်နဲ့ တိုင်းဒေသ ကြီးတွေမှာ ခွဲဝေအသုံးချနိုင်မယ့် အစိုးရရဲ့ စီးပွားရေးမူဝါဒ ကို ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-07-29
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို အစိုးရက ဖမ်းဆီးထားတဲ့အပေါ်မှာ ပြန်လွှတ်ပေးဖို့ ALP ပါတီက ဒီနေ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီး တောင်းဆို လိုက်ပါတယ်။
2016-07-29
ပြည်ပနိုင်ငံတွေမှာ တရားဝင် သွားရောက် အလုပ်လုပ်ကြသူတွေကို အကူအညီပေး နိုင်ဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားများ ထောက်ပံ့ကူညီရေးဗဟိုဌာနတစ်ခုကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ဒီနေ့ စတင် ဖွင့်လှစ်လိုက်ပါတယ်။
2016-07-29
တိုင်းရင်းသားတွေရဲ့ မိုင်ဂျာယန်အစည်း အဝေး ၄ ရက်မြောက်နေ့မှာ နိုင် ငံရေးဆွေးနွေးမှုဆိုင်ရာ အားလုံးသဘောတူညီတဲ့ မူဘောင်တွေ ချမှတ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ် လို့ ကေအဲန်ယူ ဒုတိယ ဥက္ကဌ ပဒို နော်စီဖိုးရာစိန် က ပြောပါတယ်။