သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-25
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေ မှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကား မှုနေတာတွေ အုပ်စုလိုက် မူးယစ်ဆေးဝါး သုံးစွဲတာတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေး ဖို့ တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-07-25
ယူနီကုဒ်နဲ့ ဇော်ဂျီ ဖောင့်၂ မျိုးရှိရာမှာ အစိုးရဝန်ကြီးဌာနတွေအနေနဲ့ ယူနီကုဒ်ကိုသာ အသုံးပြုဖို့ ပညာရေး ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။
2016-07-25
ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးမှာ မနေ့ညက မျက်ရည် ယိုဗုံး စမ်းသပ်ဖောက်ခွဲရာမှာ ဓါတ်ငွေ့တွေ ပျံ့လွင့်သွားပြီး လမ်းသွားလမ်းလာတွေ ခံစားခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2016-07-25
လွှတ်တော်ကိုယ်စားလှယ်တွေအနေ နဲ့ မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေ ကို လွှတ်တော်မှာ တင်သွင်းတဲ့အခါ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ အနေတွေနဲ့အညီ နည်းမှန်၊ လမ်းမှန် တင်ပြကြဖို့ အထူး အရေးကြီးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြောလိုက်ပါတယ်။
2016-07-25
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓါတ်ပုံကို ကရင်ပြည်နယ်က အစိုးရဌာနဆိုင်ရာတွေနဲ့ စာသင်ကျောင်းတွေမှာ ချိတ်ဆွဲဖို့ ကရင်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေပါတယ်။
2016-07-25
ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေ မြင့် တက်မှုကြောင့် မြစ်ကြီးနား၊ မူဆယ်နဲ့ ခန္တီးမြို့နယ်တွေမှာ လယ်ယာမြေ ဧက ထောင်နဲ့ချီ ရေနစ်မြုပ် ပျက်စီးသလို နေအိမ်အလံုံးရေ ထောင်နဲ့ချီ ရေနစ်မြုပ်နေ ပါတယ်။
2016-07-25
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တကောင်းနီကယ်စက်ရုံ စီမံကိန်းကြောင့် သိမ်းယူခံထားရတဲ့ မြေယာဧက ၃ထောင် အတွက် လျော်ကြေးပေးဖို့နဲ့ စက်ရုံကို ဖျက်သိမ်းပေးဖို့ ဒေသ ခံတောင်သူ ၅၀ ကျော်က ဒီကနေ့ မုံရွာမြို့မှာ ဆန္ဒပြတောင်း ဆိုကြပါတယ်။
2016-07-25
မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၃ ခုမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်တွေက ရဲအင်အား ၃၀၀ ကျော်နဲ့ ဒီနေ့ လိုက်လံဖမ်းဆီးခဲ့ပါတယ်။
2016-07-25
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေ က ကိုယ်စားလှယ်တွေကို ကချင်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က တရုတ်မြန်မာ နယ်စပ်ကနေ ကြိုဆိုရေး ဌာနတွေဖွင့်ပြီး ကြိုဆိုနေတယ်လို့ သိရပါတယ်။
2016-07-24
တရုတ်နိုင်ငံက ဖမ်းဆီးထားတဲ့ တရား ဝင်နေထိုင်ခွင့် လက်မှတ်မရှိသူ မြန်မာနိုင် ငံသား ၄၅ဝ ကို မြန်မာ အာဏာပိုင်တွေဆီ အခုလအတွင်း ပြန်လည်လွှဲအပ်ပေးလိုက်တယ်လို့ သိရ ပါတယ်။
2016-07-24
(၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ဒီနေ့ စတင်ကျင်းပပြုလုပ်ရာ၊ ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ စီးပွါးရေး၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စတဲ့ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့ကြပါတယ်။
2016-07-24
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း မှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စိစစ်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က ဒီကနေ့ တောင်းဆိုလိုက် ပါတယ်။
2016-07-24
မြန်မာနိုင်ငံက တက္ကသိုလ်အားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး ကျောင်းသားသမဂ္ဂတွေ တရား ဝင်ဖွဲ့စည်းခွင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
2016-07-24
လာမယ့်သြဂုတ်လအတွင်း ကျင်းပမယ့် ၂၁ရာစု ပင်လုံ ညီလာခံ ကြိုဆိုထောက်ခံပွဲ ကို ရန်ကုန်ပြည်သူ့ လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်က ဦးဆောင်ပြီး လူ ၅၀ ကျော် က ဒီနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပခဲ့ပါတယ်။
2016-07-24
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၂၁ ရာစု ပင်လုံညီလာ ခံမှာ ပါဝင်လာနိုင်ရေးအတွက် ကချင်ပြည်နယ် မိုင်ဂျာယန်ဒေ သမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ ညီလာခံမှာ အောင်မြင်စွာဆွေးနွေးနိုင်ဖို့ မျှော် လင့်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။