သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-21
မန္တလေးမြို့ ရတနာပုံတက္ကသိုလ် က ကျောင်းသား၊ ကျောင်းသူ ၅၀ လောက် ဟာ အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က အတည်ပြုလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြ ပါတယ်။
2014-07-21
မန္တလေးတိုင်းဒေသကြီးအတွင်းက ၇ မြို့ နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို ဒီကနေ့မှာ အချိန်နှစ်နာရီ လျှော့ချသတ် မှတ် လိုက်ပါတယ်။
2014-07-21
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ မြစ်ကြီးနားမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2014-07-21
ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျရေး နဲ့ ပတ်သက်ပြီး နယ်ပယ်စုံက အဖွဲ့ အစည်းတွေရဲ့ ညီလာခံကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ မနေ့က ကျင်းပခဲ့ရာမှာ နိုင်ငံရေး ပါတီ ၅ဝ ကျော်အပြင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သမာသမတ်ကျတဲ့ ရွေးကောက် ပွဲဖြစ်ရေး ပါဝင်ကူညီမယ့် လူမူအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
2014-07-21
လာမယ့် သြဂုတ်လအစောပိုင်း မြန်မာနိုင်ငံ မှာကျင်းပမယ့် ARF ခေါ် အာဆီယံဒေသ တွင်း နှီးနှောဖလှယ်ပွဲကို မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးသစ် တက်ရောက်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား သံတမန်အသိုင်းအဝိုင်းက ပြောဆိုကြောင်း The Korea Times သတင်းက ဖေါ်ပြပါတယ်။
2014-07-20
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေးအထူးကိုယ်စားလှယ်သစ် Ms Yanghee Lee ဟာ အဖွဲ့အစည်းအသီးသီးနဲ့ မနေ့ကတွေ့ဆုံ ပြီး မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးအခြေအနေတွေ ကို မေးမြန်းကြားနာခဲ့ပါတယ်။
2014-07-20
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပဋိပက္ခတွေဖြစ် ပွားနေတဲ့ တိုင်းရင်းသားဒေသတွေက လွှတ်တော်ကိုယ်စား လှယ်တွေဟာ ဒီနေ့ နေပြည်တော် ရွှေဧည့်သည်ဟိုတယ်မှာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2014-07-20
ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး မွတ်စလင်တွေရဲ့ အခက်အခဲတွေကို မေးမြန်းခဲ့ပါတယ်။
2014-07-20
သတင်းသမားတွေကို ထောင်ဒဏ်နှစ် ရှည်တွေ ချမှတ်ထားတာနဲ့ ဖမ်းဆီးထား တာတွေကို ကန့်ကွက်ကြတဲ့ သတင်းသမား ၅၀ လောက်ဟာ ဒီနေ့ မန္တလေးမြို့ မနော်ရမ္မာန်ဥယျာဉ်ထဲ က ဟစ်တိုင်ကွင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
2014-07-20
မန္တလေးမြို့မှာ ည ၉ နာရီကနေ မနက် ၅နာရီထိ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးဖို့ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆို ထားပါတယ်။
2014-07-20
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့မှာ ဒီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သုံးရက်ကြာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖဲ့ွခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့အတွက် လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေဟာ မြစ်ကြီးနားမြို့ကို ရောက်ရှိနေပါတယ်။
2014-07-20
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကန်တောင်ရွာက ရွှေလုပ်သား တစ်ထောင်လောက်ဟာ ရွှေလုပ်ကွက်တွေကို ကုမ္ပဏီတွေ က လက်ဝါးကြီးအုပ်ထားတာကို ကန့်ကွက်ကြောင်းနဲ့ ကျေး ရွာသားတွေ လုပ်ကိုင်စားသောက်နိုင်မယ့် ရွှေလုပ်ကွက် မြေ ၇ ဧက ချထားပေးဖို့ စဉ့်ကူးမြို့နယ် သတ္တုတွင်းဝန်ကြီးဌာန ရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-07-19
မန္တလေးမြို့က အဓိကရုဏ်းတွေကို စတင်ဖြစ်ပွားစေခဲ့တဲ့ မုဒိမ်းပြုကျင့်မှှုဆို တာကို လိမ်ညာတိုင်တန်းမှှုအဖြစ် စုံစမ်းတွေ့ရှိရတဲ့အတွက် သက်ဆိုင်ရာက အမှုကိုပိတ်လိုက်ပြီလို့သိရပါတယ်။
2014-07-19
မကွေးတိုင်းဒေသကြီး၊ မကွေးနဲ့ မင်းဘူးခရိုင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တွေနဲ့ ဒေသခံပြည်သူ ၂၀၀၀ လောက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့အတွက် မင်းဘူး (စကု) မြို့မှာ ဒီနေ့ လမ်းလျှောက်တောင်းဆိုခဲ့ကြပါတယ်။
2014-07-19
၆၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ရန်ကုန်မြို့ အတွင်းဝန် ရုံးရှေ့မှာ ကဗျာချစ်သူများအဖွဲ့က အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့ကဗျာ ၁၀ ပုဒ်ကို ရွတ်ဆိုခဲ့ကြပါတယ်။