သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-17
ဓာတုလက်နက်စက်ရုံတည်ဆောက်ဖို့ မြေ သိမ်းခဲ့တဲ့အကြောင်း သတင်းရေးသားမှုအ တွက် ယူနတီဂျာနယ် သတင်းထောက် ငါးဦးကို အာဏာ ပိုင်တွေက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ပြီး တဲ့နောက်၊ မြန်မာအစိုးရဟာ အရင်ကလို စောင့်ကြည့် ထိန်းချုပ်တဲ့ အာဏာရှင်ပုံစံမျိုးဆီကို ပြန်လည် ဦးတည်နေပြီ လို့ အမေရိကန် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တွမ် မလီနောစကီး Tom Malinowski က ဝေဖန်ပြောဆိုခဲ့ ပါတယ်။
2014-07-17
လာမယ့်ရွေးကောက်ပွဲတွေမှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး အတွက် ဒီနေ့ အမျိုးသားလွှတ်တော်က ဖဲ့ွစည်းထားတဲ့ အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မရှင်က ပီအာစနစ် ၄ မျိုးအကြောင်း ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2014-07-17
ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နောက် ဆုတ်သွားတာမရှိကြောင်းနဲ့ လာမယ့် စက်တင်ဘာလထဲလောက်မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မယ်လို့ ယူဆကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောလိုက်ပါတယ်။
2014-07-17
လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sports ဖိနပ်စက်ရုံက မန်နေဂျာကို အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနနဲ့ လူမှုဖူလုံရေး ဦးစီးဌာနတို့က လှိုင်သာယာ မြို့နယ်တရားရုံးမှာ ဒီကနေ့ တရားစွဲဆိုလိုက်ပါတယ်။
2014-07-17
လာမယ့် ဇူလိုင်လ ၁၉ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့အခမ်းအနား ကို ပြင်ဦးလွင်မြို့ လွတ်လပ်ရေးကျောက်တိုင်မှာကျင်းပဖို့ ခွင့်ပြုချက်တောင်းခံတာကို မြို့နယ်အုပ်ချုပ်ရေးမှူးက ငြင်းပယ် လိုက်ကြောင်း ခွင့်ပြုချက်တောင်းခံခဲ့တဲ့ တောင်သူလယ် သမားသမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။
2014-07-17
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြုပြည်ပြုလွှတ်တော်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ဒီနေ့ အမျိုးသား လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ထုတ်လွှင့် ခဲ့ပါတယ်။
2014-07-17
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက် ခံနေရ သူတွေဘက်ကနေ မှန်မှန်ကန်ကန် ရပ်တည်ဆောင် ရွက်ပေးဖို့ အသစ်ခန့်အပ်ခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဒီကနေ့ တိုက်တွန်း ခဲ့ကြောင်း သိရပါတယ်။
2014-07-17
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မှာ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က သိမ်းဆည်းထားတဲ့ လယ်မြေတွေမှာ ဝင်ရောက်စိုက်ပျိုးခဲ့လို့ တရားစွဲခံနေရတဲ့ တောင်သူ ၄၅၀ ကျော်ထဲက ၁၈ ဦးကို ကန့်ဘလူ မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၉ လကနေ ၅ နှစ်ကျော်ထိ အသီးသီးချမှတ်လိုက်ပါတယ်။
2014-07-17
မြန်မာအစိုးရပိုင် Myanmar Airways လေကြောင်းဌာနအနေ နဲ့ ဒေသတွင်းမှာ အဓိက လေကြောင်းလိုင်း တစ်ခု ဖြစ်လာရေးအတွက် ဥရောပ ATR အမျိုးအစား ပန်ကာတပ်လေယာဉ် အမျိုးအစားသစ် တစ်ဒါဇင်အထိ ဝယ်ယူဖို့ လက်မှတ်ရေး ထိုးလိုက်ကြောင်း မနေ့ကပြောဆို ပါတယ်။
2014-07-17
ဗြိတိသျှကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း မြန်မာ (British Chamber of Commerce Myanmar) ကို မြန်မာနိုင်ငံမှာ မနေ့က ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်လိုက်ကြောင်း ဗြိတိသျှ ကုန်သည်ကြီးများအသင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။
2014-07-16
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ်အဖြစ် အသစ် ခန့်အပ်ခံရတဲ့ မစ္စယန်ဟီလီ Yanghee Lee ဟာ သူရဲ့ပထမ ဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့ညက ရောက်ရှိ လာခဲ့ပါတယ်။
2014-07-16
လျှပ်စစ်ကြိုးပြတ်ကျတဲ့အတွက် ဓါတ်လိုက်သေဆုံးမှှုတွေ ဆက်တိုက်ပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးကို ထိထိရောက်ရောက် အရေး တကြီး ဆောင်ရွက်ဖို့လိုနေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါတယ်။
2014-07-16
မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ် အားတွေ ဖြည့်တင်းနိုင်ဖို့ ရန်ကုန်၊ ဧရာဝတီ ၊ တနင်္သာရီ၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တည်ဆောက်ဖို့ စီစဉ်ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးခင်မောင်စိုးက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2014-07-16
မဟာသန္တိသုခကျောင်းတိုက်က သံဃာတွေ ကို မတရားချုပ်နှောင်ထားမှု၊ တားဆီးကန့် ကွက်မှုတွေအတွက် နိုင်ငံတော် သံဃာ့မဟာနာယကဥက္ကဋ္ဌ အပါအဝင် သံဃာအပါး ၂ဝ ကို တရားစွဲဆိုဖို့ ဆရာတော် ဦးဥတ္တရ က ဗဟန်းမြို့နယ်တရားရုံးမှာ ဒီကနေ့ တင်သွင်း တာကို မြို့နယ်တရားသူကြီးက ပယ်ချလိုက်တယ်လို့ သိရပါတယ်။
2014-07-16
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ လယ်သမား ၆ ယောက်ကို ပိုင်နက် ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ သက်ဆိုင်ရာက ပြီးခဲ့တဲ့ ၁၄ ရက်နေ့မှာ ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်သလို နောက်ထပ်လယ်သမား အယောက် ၁၀၀ ကျော်လည်း အမှုရင်ဆိုင်နေရတယ် လို့သိရပါတယ်။