သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-12
ယူနတီဂျာနယ်က ယူနတီဂျာနယ်က သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက် တာဟာ များလွန်းကြောင်းနဲ့ ပြန်လည် သုံးသပ်ဖို့ လို အပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
2014-07-12
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစတင်ပြီး နောက်ထပ် သက်တမ်း ၂ လ ထပ်မံတိုးမြှင့်လိုက်ပါတယ်။
2014-07-11
လျှို့ဝှက်ဓါတုစက်ရုံ သတင်းဖော်ပြမှုနဲ့ ယူနတီဂျာနယ်က သတင်းထောက်လေးဦး နဲ့ အမှုဆောင် အရာရှိချုပ်တို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ် စီ ပြစ်ဒဏ်ချမှတ်လိုက်တာကို အထူးစိုးရိမ်မကင်းဖြစ် ရတဲ့အကြောင်းကို အမေရိကန်ပြည်ထောင်စုက မနေ့ က ပြောကြားလိုက်ပါတယ်။
2014-07-11
မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံ သားများအနေနဲ့ မိမိတို့လုံခြုံရေးကို အထူး ဂရုပြုသွားလာနေထိုင်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သတိပေးစာကို ဇူလိုင်လ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
2014-07-11
နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှု ဥပဒေနဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက် တဲ့အပေါ် ကန့်ကွက်တဲ့အိတ်ဖွင့်ပေးစာကို မြန်မာဂျာနယ် လစ်ကွန်ရက် MJN၊ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း MJA နဲ့ မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ MJU တို့က နိုင်ငံတော်သမ္မတထံ မနက်ဖြန်မှာပေးပို့မှာဖြစ်တယ် လို့ သိရပါတယ်။
2014-07-11
အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး အကောင် အထည်ဖော်မှု ကော်မရှင်မှာပါဝင်တဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦး နှုတ်ထွက် လိုက်ကြတယ်လို့ သိရပါတယ်။
2014-07-11
ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး ဆေးဝါး ထုတ် လုပ်ရေးကုမ္ပဏီဖြစ်တဲ့ DHG ကုမ္ပဏီဟာ အမေရိကန် ဒေါ် လာ ၄ သန်းခွဲ ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံမှာ ဖက်စပ်ဆေး ဝါးစက်ရုံ ထူထောင်ဖို့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ Bloomberg စီးပွားရေးသတင်းတစ်ပုဒ်မှာ ဒီကနေ့ ဖော်ပြ ပါတယ်။
2014-07-11
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီတွေ တောင်းဆိုထားတဲ့အချက်တွေကို မပြင်ဆင်ပဲ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်မူကြမ်းကို အတည်ပြုထုတ်ပြန်လိုက်တယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
2014-07-10
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနိုင်ငံဘက်က တရားမဝင်ခိုးဝင်လာသူ ရိုဟင်ဂျာတွေ နဲ့ နိုင်ငံသားတွေကို လက်ထပ်ထိမ်းမြားမပေးဖို့ တရားရုံးတွေ ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ကြာသပတေးနေ့က ညွှန်ကြား ချက် ထုတ်ပြန် လိုက်ကြောင်း AFP သတင်းကဖေါ်ပြပါတယ်။
2014-07-10
ယူနတီဂျာနယ်က သတင်းသမားတွေ ကို ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် က နိုင်ငံတော်လုံခြုံရေး အတွက် ကမ္ဘာ့နိုင်ငံအားလုံးက အလားတူ အရေးယူ ကြမှာဖြစ်ကြောင်း၊ စာနယ်ဇင်း သမားတွေမှာ လွတ် လပ်ခွင့်ရှိသလို တာဝန်နဲ့ကျင့်ဝတ်တွေ လည်း ရှိကြောင်း RFA ကို မနေ့က ပြောကြားလိုက်ပါတယ်။
2014-07-10
လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ထံ လယ်ယာမြေ အငြင်းပွားမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာပေါင်း ၂ သောင်းကျော်ရောက် ရှိနေကြောင်းနဲ့ အစိုးရက ဖြေ ရှင်းပေးထားတာ ၈၀၀ ကျော်လောက်သာရှိကြောင်း ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ကော်မရှင်က တင်ပြခဲ့ပါ တယ်။
2014-07-10
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန် မာနိုင်ငံသား ၂ဦး ဇူလိုင်လ ၉ရက်နေ့ တစ်ရက်ထဲမှာ အသတ်ခံရပြီး ဇူလိုင်လ ပထမအပတ်အတွင်း အသတ်ခံရသူစုစုပေါင်း လေးဦးရှိသွားပြီလို့ မလေးရှား မှာ နေထိုင်သူ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
2014-07-10
ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၃၀လောက်မှာ လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီးဖြတ်တောက်မှာဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ဒီကနေ့ထုတ် အစိုးရသတင်းစာတွေမှာ ကြေညာလိုက်ပါတယ်။
2014-07-10
ဒဂုံတက္ကသိုလ် ကျောင်းသားနားနေဆောင် မှာ စိုက်ထူထားတဲ့ ခွပ်ဒေါင်းအလံ ကို ကျောင်းအုပ်ချုပ်ရေးက ဖြုတ်သိမ်းလိုက်တဲ့အတွက် ဒီနေ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၃၀ လောက်က ဒီနေ့ ဒဂုံတက္ကသိုလ်ကျောင်းဝင်းထဲမှာ လမ်းလျှောက်ဆန္ဒပြခဲ့ ကြပါတယ်။
2014-07-10
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ကျင်းပ မယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟောပြော ပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကို ပခုက္ကူမြို့ နယ်ရဲစခန်း က ဟောပြောခွင့်မပေးကြောင်း ပခုက္ကူမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ရှိ သူတွေ က ပြောပါတယ်။