သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-10
နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှု အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို ဒီကနေ့ ပခုက္ကူခရိုင်တရားရုံးက အလုပ်ကြမ်း နဲ့ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။
2014-07-09
အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရကို အလျှော့ပေး လိုက်လျောနေတာတွေ အဆုံး သတ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက တောင်းဆို လိုက်ပါတယ်။
2014-07-09
အပတ်စဉ်ထုတ် " မွန်းတည့်နေ"ဂျာနယ် က အယ်ဒီတာ ၃ ဦးအပြင် သတင်းထောက် ကိုမင်းဝဿန် ကိုလည်း ရဲသတင်းအထူးတပ်ဖွဲ့က မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
2014-07-09
သတင်းမီဒီယာသမားတွေ ခြိမ်းခြောက်ခံ ရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ဥပဒေနှင့်အညီ အရေးယူပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) MPC နဲ့ ဂျာနယ်လစ်ကွန်ရက် MJN တို့က ဇူလိုင် ၈ ရက် မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2014-07-09
မြန်မာအစိုးရဟာ အခုနောက်ဆုံး အကြိမ် နေပြည်တော်မှာကျင်းပခဲ့ တဲ့ ကျောက်မျက် ကျောက်စိမ်းပြပွဲကနေ အမေရိ ကန်ဒေါ်လာ ၃ ဘီလျံခွဲ စံချိန်တင်ဝင်ငွေ ရရှိခဲ့တယ် လို့ သတ္တုတွင်းဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန် ပါတယ်။
2014-07-09
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖဲ့ွ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို ဗဟန်းမြို့နယ် တရားရုံးက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဒီနေ့ ထောင်ဒဏ် ၃လ ချမှတ်လိုက်ပါတယ်။
2014-07-09
ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးရွာက တောင်သူ ၁၉၀ ကို ပိုင်နက်ကျူးလွန်မှုနဲ့ စစ်တပ်က တရားစွဲဆိုထားတာကို ရုပ်သိမ်းပေးဖို့ ကယားပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၂၀ကျော်က မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2014-07-09
မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ် စဉ်တွေနဲ့ ပတ်သက်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မြို့နယ် ၇ ခုမှာ ဇူလိုင်လ ၈ ရက်နေ့ညအထိ လိုက်နာမှုပျက်ကွက်သူ လေး ရာကျော်ကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ မှူးရုံးက ပြောပါတယ်။
2014-07-09
ရခိုင်ပြည်နယ်မှာ လူမှုရေးအကူ အညီတွေပေးနေတဲ့ ပြည်နယ်အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ ရခိုင်တိုင်းရင်းသားတွေ ရဲ့လူ့စွမ်းအား အရင်းအမြစ်နဲ့ ဒေသဖွံ့ဖြိုးရေးစီမံချက်တွေကို ပိုမို အလေးပေးဆောင်ရွက်ပေးဖို့ စစ်တွေမြို့အခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်းတွေက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဒီကနေ့ တွေ့ဆုံစဉ် တင်ပြလိုက်ပါတယ်။
2014-07-08
အင်တာနက်လူမှုရေးစာမျက်နှာ ဖေ့စ်ဘွတ် (Facebook) ကနေ လူမျိုးရေး ဘာသာရေး တိုက်ခိုက်ရေးသားမှုတွေ လျော့နည်းသွားအောင် ဖေ့စ်ဘွတ်တာဝန်ရှိသူတွေက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရေးသားချက်တွေကို ၂၄ နာရီပတ်လုံး စိစစ်စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
2014-07-08
မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ် ချက်ရှိရှိနဲ့ တမင်ဖန်တီး လုပ်ဆောင်တာဖြစ်တယ်ဆို တာ တွေ့မြင်ရ မှာဖြစ်ကြောင်းနဲ့ အဲဒီလိုဖန်တီးခဲ့သူတွေ ကို ပြင်းပြင်း ထန်ထန် အရေးယူမှာဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သတိပေးပြောကြားလိုက်ပါတယ်။
2014-07-08
အပတ်စဉ်ထုတ် "မွန်းတည့်နေ" ဂျာနယ်က အယ်ဒီတာ ၃ ဦးကို ရဲသတင်းအထူးတပ်ဖွဲ့ က ဒီနေ့ မနက်အစောပိုင်းက သူတို့ရဲ့နေ အိမ်တွေကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရ ပါတယ်။
2014-07-08
မြန်မာနိုင်ငံဟာ နိုင်ငံတကာ သဘာ၀ သယံဇာတ အရင်းအမြစ် တူးဖော်ရေး လုပ်ငန်း ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ EITI အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ အနည်းဆုံး ၃ နှစ်လောက် စောင့် ဆိုင်းရမှာဖြစ်ကြောင်း သဘာဝသယံဇာတ တူးဖော်တာနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာမှုတွေလုပ်ဆောင်နေတဲ့ အဖွဲ့တွေ က ဒီကနေ့ ပြောပါတယ်။
2014-07-08
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၃ က Master Sports ဖိနပ်စက်ရုံဟာ အလုပ်သမားတွေကို နစ်နာကြေးမပေးဘဲ စက်ရုံကိုပိတ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၈၀၀ နီးပါးဟာ အလုပ်ရှင်ကို တရားစွဲ ဖို့ ပြင်ဆင်နေကြပါတယ်။
2014-07-07
မြန်မာနိုင်ငံ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆီ ကို အောင်အောင်မြင်မြင်ကူးပြောင်းနိုင်ဖို့ အတွက် အတိတ်ကာလက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ခံစားခဲ့ကြရတဲ့ နစ်နာသူပြည်သူတွေ ရဲ့လိုအပ်ချက်တွေကို လက်ရှိအစိုးရက ဖြည့်ဆည်းပေးရ မှာဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မွန်ပြည် လူ့အခွင့် အရေးဖေါင်ဒေးရှင်း က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။