သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-17
မန္တလေးမြို့ အမရပူရမြို့ တောင်သမန်အင်းအနီးမှာ နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ မနက်ပိုင်းက လမ်းဘေးမှာ စာအုပ်အဟောင်းတွေ ရောင်းချနေတာကို စစ်သား တွေက မရောင်းချဖို့ တားမြစ်ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
2021-11-16
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကင်းစခန်း တစ်ခုကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၁၇ ရက်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ PDF တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ပါတယ်။
2021-11-16
စစ်ကိုင်းတိုင်း ကလေးမြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေ အင်အားအလုံး အရင်းနဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့လောက်ကစပြီး ထိုးစစ်တစ်ခုလုပ်နေပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက ကလေးမြို့အနီးက ဇီးချောင်းဆည်တဝိုက် တောင်ခြေမှာ တပ်ဆွဲထားတဲ့ PDF အဖွဲ့တွေကို စစ်ကောင်စီဘက်က သုံးနေရာခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
2021-11-16
ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန် သတင်းထောက် ဒန်နီ ဖန်းစတားကို လွတ်ငြိမ်းချမ်းသာခွင့်ရပြီး အမေရိကန်နိုင်ငံ ပြန်လာနိုင်အောင် လုပ်ပေးနိုင်ခဲ့တာဟာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုကိုအခြေခံတဲ့ သံတမန်ရေးညှိနှိုင်းမှုတွေကြောင့်ဖြစ်တယ်လို့ ဒန်နီ ဖန်းစတား လွတ်မြောက်ဖို့ စေ့စပ်ညှိနှိုင်းရာမှာ ပါဝင်ခဲ့တဲ့ အမေရိကန်သံအမတ်ဟောင်း ဘေလ်ရစ်ချတ်ဆန် က မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2021-11-16
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်မှုတွေ ပြန်ရှိစေရေးကို ကူညီဖို့ တရုတ်နိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝန်းနဲ့အတူ လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2021-11-16
အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၁နှစ်ချခံရပြီး ထောင်ထဲမှာ ၆လနီးပါးနေခဲ့ရတဲ့ အမေရိကန်သတင်းသမား ဒန်နီဖန်းစတားကို စစ်ကောင်စီက တနင်္လာနေ့မှာ လွှတ်ပေးခဲ့ပြီး အမေရိကန်ထောင်စု နယူးယောက်မြို့ကို အင်္ဂါနေ့မနက် ၈နာရီလောက်မှာ ပြန်ရောက်လာခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
2021-11-16
သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၁၆ ဦးကို ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ လုပ်ခဲ့တာကြောင့် ထပ်တိုး အရေးယူထားတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်သစ်က မနေ့က ထုတ်ပြန်ပါတယ်။
2021-11-16
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင် တို့အပေါ် စွဲဆိုထားတဲ့ ပုဒ်မ - ၅၀၅ (ခ) အမှုအတွက် လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ်အမိန့်ချမယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
2021-11-16
ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲမှာ အရပ်သား ၁၀၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု PKPF က နိုဝင်ဘာ ၁၆ ရက် ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
2021-11-16
ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ယာ လမ်းသွယ် (၁) လမ်းက YBS ၄ ကားဂိတ်ထဲမှာ နိုဝင်ဘာ ၁၆ ရက် ဒီနေ့ ၁၁ နာရီ ၂၀ မိနစ် လောက်က မီးလောင်မှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန် ထားပါတယ်။
2021-11-16
စစ်ကိုင်းတိုင်း တန့်ဆည်-ရေဦး ကားလမ်းပေါ် ကျွဲဆွဲရွာအနီးက စစ်ဆေးရေးဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-16
ချင်းပြည်နယ် တီးတိန်မြို့နယ် အာလွယ်ရွာက ကိုယ်ဝန် ခုနစ်လ ရှိနေတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးကို စစ်သားနှစ်ဦးက နိုဝင်ဘာ ၁၁ ရက်ညမှာ နှစ်ကြိမ် တိုင်တိုင် အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစု ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
2021-11-16
ဖက်ဒရယ် ပဋိညာဉ်ကို အတည်ပြုမယ့် ပြည်သူ့ညီလာခံကို လာမယ့် ဒီဇင်ဘာလ ထဲမှာ ခေါ်ယူမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ဦးမိုးသူက ပြောပါတယ်။
2021-11-16
စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးရေးဟာ လက်တွေ့မှာ မဖြစ်နိုင်သေးဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှာ ပါဝင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
2021-11-16
ချင်းပြည်နယ် တီးတိန်မြို့ အာလွယ်ရွာက အသက် ၂၇ နှစ်အရွယ် မီးဖွားပြီးစ ကလေးမိခင်ကို အဓမ္မပြုကျင့်ခဲ့သူတွေကို လက်တုံ့ပြန်သွားမယ်လို့ ချင်းပြည်နယ် ထဲက ဒေသခံကာကွယ်ရေးအဖွဲ့ CDF တွေက ကြေညာချက်တွေ အသီးသီး ထုတ်ပြန်လိုက်ကြပါတယ်။