သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-16
လာမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမဲ့ အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ပြောကြားပါတယ်။
2012-07-16
မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်း ရပ်တန့်ရေး အပါအဝင် ဧရာဝတီမြစ် ထိန်းသိမ်း ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲ တစ်ခုကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ Excel တာဝါမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-07-16
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် စခန်း (၆) ကို သွားရောက် ကူညီခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံအနီးမှာရှိတဲ့ အဲဒီကွန်ရက်အဖွဲ့ရဲ့ ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2012-07-16
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို မနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း စစ်တပ် အာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
2012-07-16
ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ရွာသာကြီးမှာ ဒေသခံ တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါး(၁၅) ဧကကို ဝန်းရံခ ကုမ္ပဏီနဲ့ ရဲတွေ ပူးပေါင်းပြီး ဖျက်ဆီးလိုက်တယ်လို့ တောင်သူတွေက ပြောပါတယ်။
2012-07-16
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း စီမံကိန်း နေရာမှာ ပုဒ်မ ၁၄၄ မနေ့က ထုတ်ပြန် လိုက်တယ်လို့ သိရပါတယ်။
2012-07-16
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးတဲ့ "နောက်ကြည့်မှန်" စာအုပ်ရောင်းချပွဲကို ဒီကနေ့ မနက် ၁၀ နာရီက မန္တလေးမြို့ ၈၄ လမ်းရှိ DNG စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ရာ ကိုမင်းကိုနိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ပေးခဲ့ပြီး စာအုပ်ပေါင်း တစ်ထောင်လောက် ရောင်းချခဲ့ရတယ်လို့ ကြားသိရပါတယ်။
2012-07-15
ဇူလိုင်လ (၂၂) ရက်နေ့ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိန့်ခွန်းစကား ပြောကြားမယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။
2012-07-15
တနင်္သာရီတိုင်း ပုလောမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လာမည့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ရဖို့ တင်ပြထားတာကို ပုလော မြို့နယ် အုပ်ချုပ်ရေးမှူးက မနေ့က ခွင့်ပြုခဲ့လို့ ပုလော NLD အဖွဲ့ဝင်တွေက အာဇာနည် ကျောက်တိုင်ရှိရာ မြို့နယ် အားကစားကွင်းမှာ ဒီကနေ့ သန့်ရှင်းရေးလုပ် ဆေးသုတ်တာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
2012-07-15
မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဦးဆောင်တဲ့ တောင်သူလယ်သမားတွေရဲ့ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ဆန္ဒပြပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။
2012-07-15
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘန့်ထုအရပ်မှာရှိတဲ့ Le Form ကုမ္မဏီ ဇာဘော်လီနဲ့ အတွင်းခံ စက်ရုံကို လုပ်ငန်းရှင်ဘက်က အလုပ်သမားတွေကို ကြိုတင်အသိမပေးဘဲ ရုတ်တရက် ပိတ်လိုက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၀၀) ကျော် အခက်တွေ့နေကြရတယ်လို့ စုံစမ်းသိရပါတယ်။
2012-07-15
(၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းတွေ အတွက် ကူညီပံ့ပိုးတဲ့ အနေနဲ့ မန္တလေးမြို့ခံ လုပ်ငန်းရှင် တစ်ဦးက အလှူငွေကျပ် သိန်း (၁၀၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှာ ရှိတဲ့ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးခန်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
2012-07-15
အစိုးရက ဒီနှစ်ကျင်းပမယ့် ဇူလိုင် (၁၉) ရက် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တက်ရောက်ဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ဒီကနေ့ ပြောကြားပါတယ်။
2012-07-14
ဧရာဝတီမြစ်ဆုံ စီမံကိန်း အပြီးတိုင် ရပ်တန့်ရေးအတွက် လှုပ်ရှားမှုတစ်ရပ် အနေနဲ့ ငါတို့ဧရာဝတီ ငါတို့ ငြိမ်းချမ်းရေးလို့ ခေါင်းစဉ်ပေးထားတဲ့ ပြပွဲတစ်ခုကို ရန်ကုန်မြို့ ဒဂုံမြို့နယ်မှာရှိတဲ့ ပြခန်း ၆၅ (Gallery 65) မှာ ဒီကနေ့ စတင်ဖွင့်လှစ်ပါတယ်။
2012-07-14
မြန်မာနိုင်ငံတဝှမ်း လယ်ယာမြေတွေ အဓမ္မ သိမ်းယူခံထားရတဲ့ တောင်သူ လယ်သမားတွေ အတွက် သူတို့ရဲ့ လယ်မြေတွေ ပြန်လည်ရရှိအောင် ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ ရှေ့နေ ကိုဖိုးဖြူ ဦးဆောင်ပြီး တောင်သူ လယ်သမားတွေ ဆန္ဒပြပွဲတခု ပြုလုပ်ကြမယ်လို့ သိရပါတယ်။