သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-18
ကုန်းသာရွာဟာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့တာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုနေပြီး ဟူးမန်းရွာကတော့ လုံခြုံရေးအခြေအနေနဲ့ သွားလာရေးအခက်အခဲကြောင့် နေရပ်မပြန်နိုင်ကြသေးတာလို့ ဇယန်းကြီး ဘုန်းကြီးကျောင်းမှာ နေထိုင်နေရတဲ့ ဟူးမန်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-12-18
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာက တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ သံကျောက်တူးဖော်တဲ့ လုပ်ကွက်ကို ဒီဇင်ဘာလ ၁၇ ရက် မနေ့မနက်ပိုင်း စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံး လာကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-18
ကချင်ပြည်နယ် ဖားကန့်မြို့၊ လုံးခင်းအုပ်စု မှော်စီစာရွာက ကျောက်စိမ်းလုပ်ကွက်ထဲကို ဒီဇင်ဘာ ၁၇ ရက် မနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေရောက်လာပြီး ကျောက်စိမ်းလုပ်ကွက်မန်နေဂျာ အမျိုးသားတစ်ဦးနဲ့ ယာဉ်ယန္တရားခုနစ်စီးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-18
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ဘက်ခြမ်းနေရာတွေကို ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့ မနက်အစောပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တဲ့အပြင် ဂျက်တိုက်လေယာဉ်နဲ့ပါ ဗုံးကြဲခဲ့တာကြောင့် နေအိမ်လေးလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-17
သူ့အနေနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့မှာ သံအမတ်ခန့်အပ်လွှာ ပေးအပ်နိုင်ခဲ့တာ ဆုလာဘ်ကြီး တစ်ခုပါပဲလို့လည်း သံအမတ်ကြီးက ပြောပါတယ်။
2022-12-17
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ဒေသခံ ရိုဟင်ဂျာတွေကို ခရီးသွားလာခွင့်နဲ့ နေထိုင်ကြောင်းထောက်ခံစာ မပေးတော့တာကြောင့် ကျန်းမာရေးကိစ္စအပါအဝင် ခရီးသွားလာဖို့ အခက်အခဲကြုံနေရတယ်လို့ ဒေသခံ ရိုဟင်ဂျာတွေက RFA ကိုပြောပါတယ်။
2022-12-17
စစ်ကိုင်းတိုင်း၊ ထီးချိုင့်နဲ့ အင်းတော်မြို့နယ်တွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်း ထိုးနေတာကြောင့် ရွာပေါင်း ခုနစ်ရွာက ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-17
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း ရွာပေါင်းရှစ်ရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-12-17
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှာပါဝင်ရင်း ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ဖမ်းဆီးခံလိုက်ရတဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်သုံးဦးကို ဒီဇင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီရဲ့ အင်းစိန်ထောင် အထူးတရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ် ချလိုက်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2022-12-17
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာရှိတဲ့ လွှဲဆိပ်၊ ဘောရွာနဲ့ လက်ခုပ်ကုန်းရွာတွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့ပြီး အဲဒီအထဲ ဘောရွာအနီးမှာရှိတဲ့ တရုတ်-မြန်မာ ဖက်စပ်ပိုင် ဝါဂွမ်းစက်ရုံပါ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-16
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့ နှစ်ရက်တာတိုက်ပွဲအတွင်း ဘက်တလိန်ရွာနဲ့ ဝမ့်လထွားရွာက နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2022-12-16
အလွတ်သတင်းထောက် ကိုစိုးရာဇာထွန်းကို အင်းစိန်ထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၁၆ ရက် ဒီနေ့မှာ အလုပ်နဲ့ကြမ်းထောင်ဒဏ် လေးနှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
2022-12-16
စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်က ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းကို ဒီဇင်ဘာ ၁၃ ရက်နေ့မှာ လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-16
သင်္ဃန်းကျွန်းပို့စ် သတင်းဌာန အယ်ဒီတာချုပ် ကိုဝေလင်းယုနဲ့ တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ အင်းစိန်ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ငါးနှစ်စီ ချမှတ်လိုက်ပါတယ်။
2022-12-16
၀ ပြည်သွေးစည်ညီညွတ်ရေးတပ်မတော် UWSA တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ် မိုင်းပေါက်မြို့က တရုတ်ငွေလိမ်ဂိုဏ်းခုမှာ မြန်မာနိုင်ငံသား လူ ၂၀ လောက် ရောင်းစားခံထားရပြီး တိုက်ခန်းတွေမှာ ပိတ်လှောင်ခံထားရတယ်လို့ ကိုယ်တိုင်ရောင်းစားခံနေရတဲ့သူတွေနဲ့ မိသားစုဝင်တွေက RFA ကို ဆက်သွယ်ပြောဆိုပါတယ်။