သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-05
ကျောင်းသားထုညီလာခံဖေါ်ဆောင်နိုင်ရေး အတွက် လာမယ့် နိုဝင်ဘာလမှာ ကျောင်း သားသမဂ္ဂအားလုံး ပါဝင်တဲ့ အကြိုအစည်းအဝေး ကျင်းပ သွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် က ကြေညာချက်ထုတ်လိုက်ပါတယ်။
2016-07-05
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအနီးမှာ တူးဖော်တေ့ွရှိတဲ့ အလောင်း ၇လောင်းထဲက ညီအကိုနှစ်ဦးရဲ့ မိဘတွေက လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်းမှာ မနေ့က အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။
2016-07-04
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမယ့် သြဂုတ်လကုန်မှာကျင်းပနိုင်ဖို့ အတွက် ၂၁ ရာစု ပင်လုံညီလာခံပြင်ဆင်ရေးကော်မတီက စီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကော်မတီအဖွဲ့ဝင်တွေ ဒီကနေ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
2016-07-04
ကြံခင်း-ပခုက္ကူ ရထားလမ်း တည်ဆောက် ရာမှာ သိမ်းဆည်းခံထားရတဲ့ မကွေးတိုင်း၊ မင်းလှမြို့နယ်က လယ်ယာမြေဧက ၈၀ နီးပါး အတွက် လျော်ကြေးငွေကျပ် သန်းပေါင်း ၁၂၀ ကျော် ကို မြန်မာ့မီးရထားက ဒေသခံတောင်သူတွေထံ ပေးအပ် လိုက်ပါတယ်။
2016-07-04
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက မီးရှို့ဖျက်ဆီးခံရတဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယာယီ ဝတ်ပြုဆောင်နေရာကို တားမြစ်နယ်မြေအဖြစ်သတ်မှတ်ပြီး ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက မနေ့က ပုဒ်မ ၁၃၃ ထုတ်ပြန်လိုက်ပါတယ်။
2016-07-04
ထိုင်းနိုင်ငံ မဟာချိုင်မြို့ နာနတ်သီးစက်ရုံက အဖမ်းခံရတဲ့ မြန်မာအလုပ်သမားများ အနက် ၄၇ ဦး ပြန်လွတ်လာပြီး ကျန် ၅၀ ကျော်အတွက် ညိုနှိုင်းစဲဖြစ်တယ်လို့ မြန်မာသံရုံး က ပြောပါတယ်။
2016-07-04
ပြီးခဲ့တဲ့ ဇွန်လ ၂ဝ ရက်နေ့ညက ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား မောင်ဂွမ် ဆိုင်းအောင် သေနတ်ထိမှန်သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးပေးဖို့ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဖက်ဒရေးရှင်း က လူငယ်တွေက ရန်ကုန် တိုင်း တာမွေမြို့နယ်က လူထု ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-07-04
မြန်မာနိုင်ငံမြောက်ဖျား မေခနဲ့ မလိခမြစ်တွေရှိတဲ့ ပူတာအိုမြို့နယ်နဲ့ ချီဖွေမြို့နယ်တို့မှာ မိုးကြီးနေတာကြောင့် ဒီနှစ်မိုးရာသီအတွက် မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့ မနက်ပိုင်းမှာ အမြင့်ဆုံး ရေမှတ် ၉၇၀ စင်တီမီတာ ကိုရောက်ရှိခဲ့ပါတယ်။
2016-07-04
မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ သိမ်းဆည်းခံ ထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ နဲ့ လယ်ယာမြေအမှုနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူတွေအမှု ကို ဖြေရှင်းပေးဖို့အတွက် တောင်သူ ၁၅၀၀ နီးပါးရဲ့ လက်မှတ်တွေနဲ့ ပြည်ထောင်စုအစိုးရထံ တိုင်ကြားသွားမယ် လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
2016-07-04
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ရွာအနီးမှာ ဇွန်လ ၂၅ ရက်နေ့ က တေ့ွရှိထားတဲ့ အလောင်း ၇ လောင်း ဟာ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်းနဲ့ အဲ့ဒီအမှုကို တရားမျှတမှုရှိအောင် ဖော် ထုတ်ပေးဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2016-07-04
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ဖေ့စ်ဘွတ်မှာ ကြမ်းတမ်း စွာ ဆဲဆိုရေးသားခဲ့တဲ့ မကွေးတိုင်းဒေ သကြီး စလင်းမြို့နယ် စီမံကိန်းဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးထွန်းမင်းလတ်ကို မင်းဘူးခရိုင် ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးအရေးယူထားပါတယ်။
2016-07-04
ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပေါ်နေ တဲ့ အခြေအနေတွေအရ "ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သူ ဒေသခံ တိုင်းရင်း သားများ" ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲမှာမဟုတ်တော့ဘဲ "ရခိုင်လူမျိုး" လို့သာ သုံးစွဲမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-07-04
လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NCA မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ တွေ့ဆုံဖို့ လျာထားတယ်လို့ ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဝင်တွေက ပြောပါတယ်။
2016-07-03
အစိုးရရဲ့ "ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း"ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဒေသခံတွေ ထောင်နဲ့ချီပြီး ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုမှာ ဒီနေ့ တပြိုင်တည်း ဆန္ဒပြကန့်ကွက်ကြ ပါတယ်။
2016-07-03
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ်ထားတဲ့ အစ္စလာမ် ဘာသာရေးဆိုင်ရာ ယာယီဝတ်ပြုဆောင်တစ်ခု မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လုံခြုံရေး နဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ဒီကနေ့ သွားရောက်စစ်ဆေးနေပါတယ်။