သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-27
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ ကာလမှာ အလုပ်သမားအခွင့်အရေးရရှိဖို့ တောင်းဆိုတဲ့ စက်ရုံတွေက ဆန္ဒပြ အလုပ်သမားတွေနဲ့ ကူညီဆောင်ရွက်ပေးသူတွေ စုစုပေါင်း ၇၀ ကျော်လောက် အမှုဖွင့်ခံထားရပါတယ်။
2020-04-26
ကမ္ဘာ့လေထုညစ်ညမ်းမှု ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံက အဆင့် ၉ မှာရှိနေတယ်လို့ ဆွစ်ဇာလန် အခြေစိုက် IQ Air ဝက်ဘ်ဆိုက်ရဲ့ ဧပြီ ၂၆ မနက်ပိုင်း တိုင်းတာချက်အရ သိရပါတယ်။
2020-04-26
ကိုရိုနာဗိုင်းရပ်စ် ပိုးရှိ၊ မရှိ တစ်ရက်ကို လူ ၁၃၀၀ ကျော် ဓာတ်ခွဲစစ်ဆေးနိုင်တဲ့ Cobas 6800 စက်အသစ်ကို မကြာခင်ရက်ပိုင်းအတွင်း အသုံးပြုနိုင်တော့မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2020-04-26
ရန်ကုန်တိုင်း အနော်ရထာစက်မှုဇုန်မှာရှိတဲ့ ချန်းရိဖိနပ်စက်ရုံက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ တရုတ်စကားပြန်နဲ့ အနီးကပ် ထိတွေခဲ့သူ ရှစ်ဦးကို စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ဘူးလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ က ပြောပါတယ်။
2020-04-25
မင်းပြားမြို့နယ်မှာ WHO ဝန်ထမ်းတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာဟာ တပ်မတော်ရဲ့လက်ချက် လုံးဝ မဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။
2020-04-25
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်မှာရှိတဲ့ ချန်းရိဖိနပ်စက်ရုံက တရုတ်စကားပြန်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာကြောင့် အနီးကပ် ထိတွေခဲ့သူတွေကို စောင့်ကြည့်နေပြီး စက်ရုံက အလုပ်သမားတွေကလည်း ကူးစက်ခံရမှာကို စိုးရိမ်နေကြပါတယ်။
2020-04-25
ကိုရိုနာဗိုင်းရပ်စ်ပိုး တစ်ကမ္ဘာလုံးမှာ ကူးစက်ပျံ့နှံ့နေလို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဒီနှစ် ရာမဒွါန် ဥပုသ်လမှာ ဗလီဝတ်ကျောင်းတွေမှာ ဝတ်မပြုဘဲ မိမိတို့အိမ်မှာပဲ ဝတ်ပြုကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။
2020-04-25
ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ များနေတဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တော်တော် များများမှာ ရပ်ကွက်ဆေးခန်းတွေနဲ့ အထူးကုဆေးခန်းတွေ ပိတ်ထားကြတဲ့အတွက် ပုံမှန်ဆေးကုသမှု ခံယူနေရတဲ့ လူနာတွေ အခက်တွေ့နေရပါတယ်။
2020-04-24
တပ်မတော်စစ်ကြောင်းတွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မီးလောင်ခြင်းမရှိဘူးလို့ ငြင်းဆိုထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာက နေအိမ် ၅၀ဝ ကျော်အတွက် ရခိုင်ပြည်နယ် အစိုးရက ထောက်ပံ့ကြေးငွေ သိန်း ၉ဝဝ ကျော်ကို ဧပြီလ ၂၂ ရက်နေ့က ပေးအပ်လိုက်ပါတယ်။
2020-04-24
ရခိုင်နဲ့ ချင်းပြည်နယ်မှာ အသက်စွန့်ကာကွယ်နေတဲ့ တပ်မတော်သားတွေအပေါ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီကျူးစကားဟာ၊ လက်နက်ကိုင်ပဋိပက္ခကို မဖြေရှင်းနိုင်ဘဲ၊ အန္တရယ်ကြီးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဝေဖန်လိုက်ပါတယ်။
2020-04-24
ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တိုးလာပြီး ကူးစက်မှု ပိုများလာနိုင်တဲ့ အလားအလာ ရှိနေတာကြောင့် ဒေသန္တရ အမိန့်တွေ၊ ညွှန်ကြားချက်တွေနဲ့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ အစိုးရကို တိုက်တွန်းနေကြပါတယ်။
2020-04-23
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မနေ့ညနေက လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် အရပ်သား ၄ ဦး၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ကလေးနှစ်ဦးအပါအဝင် လူ ၄ ဦးသေဆုံးခဲ့ပါတယ်။
2020-04-23
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာနိုင်ငံ အပေါ် ကြားဖြတ် စီရင်ချက် လေးခုချမှတ်ထားပါတယ်။ အဲဒီအချက်တွေထဲမှာ နောက်လေးလကြာရင် မြန်မာအစိုးက ICJ ထံ အစီရင်ခံစာ တင်သွင်းရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။
2020-04-23
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းတွေရဲ့ စာမေးပွဲအောင်စာရင်းတွေ မထုတ်ပြန်သေးပါဘူး။ နောက်ထပ်စာသင်နှစ်ကိုလည်း ဘယ်အချိန်မှာ ဖွင့်လှစ်မယ်ဆိုတာကလည်း မသေချာသေးပါဘူး။
2020-04-22
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုက ရွာပေါင်း ၃၈ ရွာမှာ နယ်မြေ တည်ငြိမ်အေးချမ်းမှုမရှိတာကြောင့် အသွားအလာ တားမြစ်ခံထားရတာ နှစ်လနီးပါး ရှိနေပြီလို့ သိရပါတယ်။