သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-16
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်မှာ စစ်တောင်းမြစ်ကနေ ဒီရေတက်လာတာကြောင့် ကျေးရွာ ၅ခုမှာ ကမ်းပါးပြိုနေပြီး မြစ်ကမ်းတဲ့ဝေးတဲ့ နေရာတွေမှာ နေအိမ် ပြောင်းရွှေ့နေထိုင်ကြရတာတွေ ရှိပါတယ်။
2018-08-16
ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိသင့်ကြောင်းပြောဆိုခဲ့တဲ့ တနင်္သာရီ တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဆိုင်ရာ ညှိနှိုင်းရေးအရာရှိတစ်ဦးကို လုပ်ငန်းရှင်တစ်ဦးက အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
2018-08-16
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးမှာ တပ်မတော်၊ ရှမ်းပြည်တပ်မတော် RCSS/SSA တပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြား ဒီနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံတွေက တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
2018-08-16
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မလေးရှားနိုင်ငံကိုထွက်ခွာမယ့် ခရီးသည်တစ်ဦးရဲ့ အိတ်အတွင်း ထည့်သွင်းသယ်ဆောင်လာတဲ့ ဖိနပ်တွေထဲက WY နဲ့ R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်း သုံးထောင်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2018-08-15
အမေရိကန်ပြည်ထောင်စု အခြေစိုက် Facebook ကုမ္ပဏီက မြန်မာနိုင်ငံမှာ သူတို့လူမှုကွန်ရက်ကို အသုံးချပြီး အမုန်းစကားပြန့်ပွားနေတာကို စုံစမ်းထောက်လှမ်းဖို့ Business for Social Responsibility ခေါ်တဲ့ ပြင်ပကုမ္ပဏီတစ်ခုကို ငှားရမ်းလိုက်ပါတယ်။
2018-08-15
ကမ္ဘာတဝှမ်းမှာ အမေရိကန် ဒေါ်လာဈေးဟာ ၁၃ လအတွင်း အမြင့်ဆုံးကို ဗုဒ္ဓဟူးနေ့ မနေ့က ရောက်ရှိသွားချိန်မှာပဲ မြန်မာငွေလဲနှုန်းကလည်း အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ တစ်ထောင့်ငါးရာ ကျော်ဖြစ်သွားခဲ့ပါတယ်။
2018-08-15
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်က တည်းခိုခန်းတစ်ခုမှာ တည်းခိုနေတဲ့ အဆိုတော် ရသ အပါအဝင် သုံးဦးကို စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်ရဲတပ်ဖွဲ့က မနေ့ညနေမှာ ဖမ်းဆီးလိုက်ပါတယ်။
2018-08-15
ကချင်ပြည်နယ် ဗန်မော်ခရိုင်အတွင်း အခုရက်ပိုင်းမှာ မိုးကြီးတာကြောင့် လမ်းပိုင်းတွေ ပျက်စီးနေတဲ့အတွက် လွယ်ဂျယ်-မိုးမောက်-ဗန်မော်ကားလမ်းမှာ ၁၀ တန်အထက် ကုန်ကားကြီး တွေ သွားလာမှုကို ဇူလိုင် ၁ ကနေ အောက်တိုဘာ ၁၅ အထိ ပြည်နယ်အစိုးရအဖွဲ့က ယာယီ ပိတ်ထားပါတယ်။
2018-08-15
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခမှော်ရွာက မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ကျော်စောသူ ၂ ဦးကို သွားရောက်ရှာဖွေခဲ့ပြီး အဲဒီလူတွေထံကနေ ငွေကျပ်သိန်း ၃ ရာကျော်တောင်းဆိုခဲ့ကြောင်း သံသယရှိနေသူ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို စစ်ဆေးဆောင်ရွက်မှုတွေ လုပ်နေပါတယ်။
2018-08-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့တဲ့အတွက် လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ဖို့ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌက သဘောတူလိုက်ပါတယ်။
2018-08-15
စစ်တွေမြို့မှာ ၄ ရက်ကြာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ညီလာခံကနေ ရခိုင်ပြည်နယ်အတွင်းမှာ ထုတ်လုပ်တဲ့ စိုက်ပျိုးသီးနှံတွေကို အစိုးရထံမှာ အာမခံထားရှိနိုင်တဲ့စနစ် အပါအဝင် ရေရှည်စီမံချက် ၁၃ ချက်ကို အကောင်အထည်ဖော်ဖို့ ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။
2018-08-15
ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပန်လုံကျေးရွာနဲ့မန်စံကျေးရွာ အနီးတစ်ဝိုက်မှာ တပ်မတော် ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့TNLA တို့ကြား စစ်ရေးတင်းမာနေပြီး ကျေးရွာအနီးတဝိုက် ပစ်ခတ်သံတွေပါ ကြားလာနေရတဲ့အတွက် ရွာသူရွာသားတွေဟာ နီးစပ်ရာကျေးရွာ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။
2018-08-15
လွှတ်တော်တွင်းသတင်းရယူနေတဲ့ သတင်းထောက်တွေဟာ တာဝန်ယူမူ တာဝန်ခံမှုမရှိဘဲ ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှု၊ သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရယူမှတ်တမ်းတင်တယ်ဆိုပြီး ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့က ဗိုလ်ချုပ် သန်းစိုးက လွှတ်တော်ရုံးကို စာပေးပို့လိုက်ပါတယ်။
2018-08-15
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ တရားမဝင်လုပ်ကိုင်နေတဲ့ ရွှေမျှောတွေကို တိုင်းအစိုးရ အဖွဲ့ရဲ့ စီမံချက်နဲ့ ဝင်ရောက်ဖမ်းဆီးမှုတွေရှိပြီး ပိုင်ရှင်မဲ့ စက်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2018-08-15
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အဖွဲ့ ၆ ခု ပူးပေါင်းပြီး တည်ထောင်မယ့် စီးပွားရေးကုမ္ပဏီကို လာမယ့် စက်တင်ဘာလအတွင်း မှတ်ပုံတင်သွားဖို့ ရှိပါတယ်။