သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-07
NLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း စာရင်းတွေကို အပြောင်းအလဲ လုပ်နေကြောင်းနဲ့ ကိုယ်စားလှယ်လောင်းကိုမကြည့်ပဲ ပါတီကိုကြည့်ပြီး မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-08-07
သြဂုတ်လ ၆ ရက် မနေ့က ညနေ ၃ နာရီခန့်က ရန်ကုန်မြို့၊ တက္ကသိုလ် ရိပ်သာလမ်းရှိ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး နဲ့ ဦးဂျင်မီ တို့ တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-08-07
ရေဘေးဒုက္ခသည်တွေရဲ့ဘဝ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာက ရက်ရက်ရောရောကူညီပံ့ပိုးဖို့ NLD အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က မေတ္တာရပ်ခံ လိုက်ပါတယ်။
2015-08-06
ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွ့ွံဖြိုးရေးပါတီကနေ နှုတ် ထွက်လိုက်ပြီး လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက် ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်သွားမယ် လို့ ပြောပါတယ်။
2015-08-06
ရေဘေးကြောင့် ပြည်တွင်းမှာ ဆန်ပြတ်လပ်မှုမရှိအောင်အတွက် ပြည်ပကို ဆန်တင်ပို့မှု ယာယီရပ်ဆိုင်းထားပြီး လိုအပ်လာရင် ပြည်ပကနေ တင်သွင်းဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
2015-08-06
လာမယ့်၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း မှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ပါတီထောင်ပြီး နိုင် ငံရေးဆောင်ရွက်ဖို့ ၈၈ အဖွဲ့အစည်းအဖွဲ့ဝင်တွေက ဒီနေ့ ညီလာခံမှာတိုက်တွန်းခဲ့ပါတယ်။
2015-08-06
ရေဘေးသင့်ဒေသတွေမှာ ပြန်လည် ထူထောင်ရေး အကူအညီတွေပေးနိုင် ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နယ်ဒေသ ရုံးတွေကတဆင့်် မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပို့ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။
2015-08-06
ရခိုင်ပြည်နယ် ရေဘေးဒုက္ခသည်တွေကို လူမျိုးဘာသာမခွဲခြားဘဲ လူသားအချင်းချင်း ကူညီရမယ်ဆိုတဲ့ စိတ်ထားနဲ့ ဝိုင်းဝန်းကူညီ ကြဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမ ခန်းမမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလိုပြောခဲ့တာပါ။
2015-08-06
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးဆိုတဲ့ တိုင်းရင်း သားတွေဘက်က တောင်းဆိုထားတဲ့မူကြောင့် ၂ နှစ် နီးပါးကြာ ဆွေးနွေးခဲ့တဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်း ပျက်သွားမှာကို စိုးရိမ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောလိုက်ပါတယ်။
2015-08-06
လာမယ့်ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းစာရင်းမှာ ကိုယ်စားလှယ် ၁၉ ဦးကို အစားထိုးပြောင်းလဲလိုက်ပြီးဖြစ်ကြောင်း သိရပါတယ်။
2015-08-06
ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည် နယ်တောင်ပိုင်း ပလက်ဝမြို့နဲ့ အနီးတဝိုက်နေ ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းတဲ့ စားနပ်ရိက္ခာနဲ့လူသုံးကုန် ပစ္စည်းတွေကို ကူညီပို့ဆောင်ပေး ဖို့ တပ်မတော်လေတပ်ကို မနေ့က လွှဲပြောင်းပေးအပ်လိုက် ပါတယ်။
2015-08-06
မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါကူးစက်ခံရမှုဟာ အခုလေး-ငါးနှစ်အတွင်း ၃ ပုံ ၁ ပုံလောက် လျော့ကျသွားပြီး၊ ကုလ သမဂ္ဂရဲ့ထောင်စုနှစ်ရည်မှန်းချက်အရ ငှက်ဖျား ရောဂါကို အနိုင်ရနေပြီလို့ မြန်မာအစိုးရ ကျန်းမာရေးဌာနတာဝန်ရှိသူ က မနေ့က ပြောလိုက်ပါတယ်။
2015-08-05
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာပြီး မြေပြိုခဲ့တာကြောင့် ဟားခါးနဲ့ ပလက်ဝမြို့တို့မှာ သေဆုံးသူ ၆ ဦးရှိခဲ့ပါတယ်။
2015-08-05
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ ဟာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနဲ့ စစ်တွေမြို့မိမြို့ဖ ၄ ဦးကို ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2015-08-05
ဒီနေ့ကနေ နောက် ၃ ရက်အတွင်း မွန်ပြည် နယ်၊ ပဲခူးတိုင်းတောင်ပိုင်းနဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ မိုးဆက်လက်ရွာနိုင် တဲ့အတွက် မြစ်ရေကြီးနိုင်တယ်လို့ မိုးလေဝသပညာ ရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေးထားပါတယ်။