သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-06
ဗန်းမော်ခရိုင်အတွင်းက စစ်ဘေးကယ်ဆယ်ရေးစခန်းတွေအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ် ၉၀၀ ကျော်နဲ့ အဝတ်အထည်၊ အပ်ချုပ်စက်၊ ကျောင်းသုံးစာအုပ်၊ အားကစားပစ္စည်း စတာတွေကို မနေ့က လှူဒါန်းခဲ့ပါတယ်။
2017-09-06
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တူရကီနိုင်ငံသမ္မတ အာဒိုဂန်ရဲ့ ဖုန်းခေါ်မှုအား လက်ခံပြောဆိုပြီး ရခိုင်ပြည်နယ်အရေးကိစ္စကို ဆွေးနွေးကြကြောင်း နိုင်ငံတော်အတုင်ပင်ခံရုံးက မနေ့က သတင်းထုြတ်ပန်ပါတယ်။
2017-09-06
နေပြည်တော် ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေမှာ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ အတွက် ပြင်ဆင်ဆောင်ရွက်နေတဲ့ သတင်းတွေ ရရှိထားတယ်လို့ အစိုးရရဲ့ သတင်း ထုတ်ပြန်ရေးကော်မတီက စက်တင်ဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
2017-09-06
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်းမှာပါ မတည် မငြိမ်တွေ ဖြစ်လာနိုင်တဲ့အတွက်၊ မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီအခြေအနေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂတ်တရက်စ် က ပန်ကြားလိုက်ပါတယ်။
2017-09-05
မွန်ပြည်နယ်အစိုးရဟာ ဘတ်ဂျက်ကို စည်းမဲ့ကမ်းမဲ့ရေးဆွဲတာ မဟုတ်ကြောင်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ရွေးကောက်ပွဲမှာ ကတိပေးခဲ့တဲ့မူဝါဒ၊ ကြေညာစာတမ်းအတိုင်း ရေးဆွဲ တာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဒီနေ့ ပြောပါတယ်။
2017-09-05
ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ Red Cross Movement နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှာ မနေ့က ကျင်းပခဲ့တဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
2017-09-05
လေတပ်က G-4 ဂျက်လေယာဉ်တစ်စီးဟာ ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ဒီနေ့ ပျံသန်းလေ့ကျင့်စဉ် ပျောက်ဆုံးသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။
2017-09-05
အသရေဖျက်မှုနဲ့ တရားစွဲဆိုခံထားရပြီး ပုသိမ်မြို့နယ်တရားရုံးက တရားရှင်လွှတ်ပေးထားတဲ့ ပုသိမ်က ကျောင်းသား ၇ ဦးကို အမှုပြန်ရင်ဆိုင်ဖို့ ပုသိမ်မြို့နယ်တရားရုံးက ဒီနေ့ အမိန့်ချမှတ်လိုက် ပါတယ်။
2017-09-05
အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ ဂရုစိုက်သွားလာနေထိုင်ကြဖို့နဲ့ အရေးကြီးကိစ္စရှိရင် ဂျကာတာမြို့က မြန်မာသံရုံးကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ဂျကာတာမြို့က မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
2017-09-05
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာဘက်ခြမ်းမှာ မနေ့က ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီး၊ သေနတ် သံတွေနဲ့ မီးခိုးလုံးတွေ ကြားရ၊ မြင်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောဆိုကြောင်း ရိုက်တာသတင်း က ဖေါ်ပြပါတယ်။
2017-09-04
ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ် အတွင်း လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ တဖက်တစ်လမ်းကနေ ပါဝင်ပံ့ပိုးပေးနိုင်ရေးကိစ္စတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mrs Retno L.P. Marsudi တို့ ဒီကနေ့တွေ့ဆုံရာမှာ ဆွေးနွေးခဲ့တယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-09-04
အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ၅ ဦးကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ ရုံးထုတ်ခဲ့ပေမယ့် အမှု စစ်ဆေးခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
2017-09-04
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ဟာ ဒီကနေ့ အင်းစိန် အကျဉ်းထောင်ကနေ လွတ်မြောက်လာပါတယ်။
2017-09-04
တပ်မတော်နဲ့ ကေအိုင်အေတို့ စစ်ရေးတင်းမာနေကြတဲ့အတွက် ကချင်ပြည်နယ်၊ တနိုင်းမြို့ နယ်အတွင်းမှာရှိတဲ့ ရွှေနဲ့ ပယင်းမှော်ဒေသကနေ တနိုင်းမြို့ပေါ်ကို ထွက်ပြေးလာတဲ့သူတွေ နေရပ်ပြန်နိုင်ဖို့အတွက် တပ်မတော်နဲ့ အစိုးရအကူအညီနဲ့ ဆောင်ရွက်ပေးသွားမယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။
2017-09-04
အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို စစ်ဆင်ရေးဒေသအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးက ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောပါတယ်။