သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-12
အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားကို ဒီနေ့ ထောင် ၁၁ နှစ်ချလိုက်တာဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက သူတို့အပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို မလိုလားဘူး ဆိုတဲ့အကြောင်း အမေရိကန်ကို အချက်ပေးပြသလိုက်တာဖြစ်သလို၊ သူတို့ဘက်ကလည်း ပြန်ပြီး တုံ့ပြန်အရေးယူနိုင်တယ်ဆိုတာမျိုး ဓားစာခံသံတမန်နည်းနဲ့ ပြသလိုက်တာဖြစ်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြီး ပြောလိုက်ပါတယ်။
2021-11-12
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် ကိုးတန်းကျောင်းသား တစ်ဦး အပါအဝင် ဒေသခံပြည်သူ ငါးဦးရဲ့ ရုပ်အလောင်းတွေကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တွေ့ရှိခဲ့ပါတယ်။
2021-11-12
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးကို နိုဝင်ဘာလ ၁၁ ရက် မနေ့ညပိုင်းမှာ ဗုံးဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဝမ်းတွင်းမြို့နယ်က ဒေသခံတွေက ပြောပါတယ်။
2021-11-12
ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂ (က) နဲ့ အရေးယူခံထားရသူ သုံးဦးရဲ့ နေအိမ်တွေကို နိုဝင်ဘာ ၁၁ ရက် မနေ့က ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2021-11-12
စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မြို့တွေမှာ မေလကနေ ဒီနေ့အထိ အချိန်ခုနစ်လအတွင်း ကက်သလစ်ဘုရား ကျောင်း ခုနစ်ကျောင်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး ဘုရားကျောင်းထဲမှာ ပုန်းအောင်းနေသူ အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်ပါတယ်။
2021-11-12
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖာခတ်ကျေးရွာမှာ ခြံစောင့်အလုပ် လုပ်ကိုင်နေတဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကို စစ်ကောင်စီတပ်သား တစ်ဦးက နိုဝင်ဘာလ ၇ ရက်နေ့က မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။
2021-11-12
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၈ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့် ဖို့နဲ့ အရပ်သားတွေရဲ့ အသက်အိုးအိမ်ကို လုံခြုံအောင်ဆောင်ပေးရွက်ဖို့ နိုဝင်ဘာလ ၁၁ ရက်မှာ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2021-11-12
ထားဝယ်မြို့က မှုခင်းသတင်းထောက် ဒေါ်ဇာခြည်ဦးဟာ စစ်ကောင်စီသတင်းပေး ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဝင်ဘာလ ၁၂ ရက် ဒီနေ့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
2021-11-12
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့အမှုအတွက် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ် က နိုဝင်ဘာ ၁၂ ရက်နေ့က နေပြည်တော်အထူးတရားရုံးမှာ လူကိုယ်တိုင်လာရောက်ပြီး သက်သေထွက်ဆိုခဲ့ပါတယ်။
2021-11-12
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာက နေအိမ် ၁၀ လုံးကို နိုဝင်ဘာလ ၁၁ ရက် မနေ့က စစ်ကောင်စီက လာရောက်ပြီး ချိတ်ပိတ် သိမ်းဆည်းသွားတယ်လို့ ဝမ်းတွင်းမြို့နယ်က ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-12
Frontier Myanmar သတင်းဌာနက ဦးဆောင်ညွှန်ကြားရေးမှူး အမေရိကန် နိုင်ငံသား သတင်းသမား ဒန်နီ ဖန်းစတား (Danny Fenster) ကို အာဏာပိုင်တွေက ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေ ဦးသန်းဇော် က ပြောပါတယ်။
2021-11-12
ကချင်ပြည်နယ်က ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ တိုးလာနေဆဲဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၂,၂၃၉ ဦးထိရှိလာကြောင်း ကေအိုင်အို ကိုဗစ်ရောဂါကာကွယ်နှိမ်နင်းရေးကော်မတီက ထုတ်ပြန်ပါတယ်။
2021-11-11
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့အထိ နှစ်ဖက်အခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို နိုဝင်ဘာလ ၁၁ ရက်နေ့ညက ပြောပါတယ်။
2021-11-11
ထိုင်းအာဏာပိုင်တွေဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေကို နေ့စဉ် ဖမ်းဆီးနေပေမဲ့ နှစ် ၃၀ အတွင်း ထိုင်း-မြန်မာ နယ်စပ်ကနေ ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ခိုးဝင်မှု အများဆုံး စံချိန်တင်ခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
2021-11-11
အီတလီနိုင်ငံ၊ ရောမမြို့ ဆီးနိတ်လွှတ်တော်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က မြန်မာ့အရေးဆိုင်ရာ အထူးဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး ဒီပွဲမှာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝန်ကြီးတွေ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ NUG က နိုဝင်ဘာ ၁၁ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။