သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေးရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ၄ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရား လိုပြ သက်သေတယောက်ကို စစ်ဆေးခဲ့ပါတယ်။
2017-04-07
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကို စော်ကားတဲ့ အရေးအသားတွေ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ မှာ ရေးသားလို့ဆိုပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိမ်းကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
2017-04-07
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သမ္မတအိမ်တော်မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။
2017-04-07
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ကိုယ်စား လှယ် အဖွဲ့တစ်ခု ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ ကို သွားရောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက် UWSA ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးမယ်လို့ မနေ့က သတင်းရပါတယ်။
2017-04-07
မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုလိုက်ပါတယ်။
2017-04-06
မတ်လ ၂၄ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့မှာ ပုံမှန်ဆေးဝါးတွေနဲ့ ကုသမရနိုင်တဲ့ ဆေးယဉ်ပါးတီဘီ ရောဂါ အတွက် MSF နယ်စည်းမထားဆရာဝန်များအဖွဲ့ဟာ အမျိုး သားတီဗီတိုက်ဖျက်ရေး NTP အဖွဲ့နဲ့ ပူးပေါင်းပြီး ဆေးဝါး အသစ်နှစ်မျိုးနဲ့ အောင်အောင်မြင်မြင် ကုသနိုင်ခဲ့တယ်လို့ မြန် မာ-တီဗီလူနာတွေအတွက် မျှော်လင့်ချက် အသစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ နယ်စည်းမထားဆရာဝန်များအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
2017-04-06
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ချထားတဲ့ မြေမြှုပ်မိုင်းတွေနဲ့ လက်လုပ် ဗုံးတွေကို ရှင်းလင်းရေး အပါအဝင်၊ နယ်စပ်တလျောက် လုံခြုံငြိမ်းချမ်းရေးအတွက် လိုအပ်တာတွေဆောင်ရွက် ကြဖို့ နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။
2017-04-06
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း စာချုပ် ၆ ခုလောက် လက်မှတ်ရေး ထိုးဖို့ ပြင်ဆင်သွားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြော ပါတယ်။
2017-04-06
မြန်မာနိင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့ ကြေငြာချက်အမှတ် ၁၁/၂၀၁၇ အရ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ရင်းနှီးမြှုပ်နှံမှုကော်မတီတွေ ဖွဲ့စည်းသွားမှာဖြစ်ပြီး အဲဒီကော်မတီတွေကို MIC ရဲ့လုပ်ပိုင် ခွင့်အချို့ ခွဲပေးသွားမယ်လို့ ဒီကနေ့ ရန်ကုန်မြို့က MIC ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။
2017-04-06
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံပိုင်မီဒီယာကနေ အစိုးရတစ်နှစ်ပြည့် မိန့်ခွန်းပြောကြားရာမှာ ပြည်သူနဲ့အတူဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအတွက် မဲဆွယ်စည်းရုံးတဲ့ပုံစံမျိုးနဲ့ ပြောကြားခဲ့ တဲ့အတွက် ဥပဒေနဲ့မညီဘူးဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ကန့်ကွက်တင်ပြသွားမယ်လို့ ပြောပါတယ်။
2017-04-06
ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက် အထက်ပုဇွန်တောင် လမ်းဘေး မြေကွပ်လပ်မှာရှိတဲ့ အစိုးရပိုင် ကျွန်းသစ်လုံး တန်ချိန် ၁၀၀၀ ကျော်ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။
2017-04-06
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း က ကောက်ယူထားပြီး အစိုးရသစ်ကို လွဲှပြောင်းမပေး ဘဲ ပျောက်ဆုံးနေတဲ့ ရေနံလက်ယက်တွင်း ရန်ပုံငွေ ၇ ဘီလီယံကျော်ထဲက ၁.၇ ဘီလီယံကို ပြည်ထာင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် အသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောပါတယ်။
2017-04-06
Good Morning အမှတ်တံဆိပ် ပေါင်မုန့်နဲ့ ကိတ်မုန့် ထုတ်လုပ်တဲ့ Myanmar Mayson စက်ရုံကနေ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့နဲ့ အခြားအလုပ်သမား အခွင့်အရေးတွေ ပြန် လည် ရရှိဖို့အတွက် အလုပ်သမား ၁၀၀ နီးပါးလောက်ဟာ ဒီကနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံနားမှာ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။
2017-04-06
မြစ်ဆုံရေကာတာစီမံကိန်းကို စွန့်လွှတ်ဖို့ တရုတ်အစိုးရက မြန်မာအာဏာပိုင်တွေ နဲ့ ဆွေးနွေးနေတယ်လို့ သတင်းရပါတယ်။
2017-04-06
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင် ဆိုင်နေရတဲ့ မြန်မာ့တပ် မတော်ဟာ တရုတ်နိုင်ငံအပေါ် စစ်လက် နက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မှီခိုနေရတာကို လျှော့ ချနိုင်ရေးအတွက် ရုရှားနိုင်ငံထုတ် လေယာဉ်နဲ့ လက် နက်တွေကို ပိုမိုဝယ်ယူနေကြောင်း ဧပြီလ ၅ ရက် မနေ့က ထုတ်ဝေတဲ့ Asia Times သတင်းစာက ဖေါ်ပြလိုက်ပါတယ်။