သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-13
မလေးရှားဝန်ကြီးချုပ် မဟာသီယာက မြန်မာအစိုးရအပေါ် ရိုဟင်ဂျာအရေးနဲ့ ပတ်သက် ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ပါတယ်။ “မြန်မာအစိုးရရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ ရွံရှာဖွယ်ကောင်းပါတယ်။ အဲဒီလိုလုပ်ရပ်တွေဟာ ယဉ်ကျေးတဲ့ နိုင်ငံတွေရဲ့ အပြုအမူတွေ မဟုတ်ပါဘူးလို့” ဝန်ကြီးချုပ်မဟာသီယာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
2018-08-13
ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဗဟိုညီလာခံကို စစ်တွေမြို့မှာ ၄ရက်ကြာ ကျင်းပနေပါတယ်။
2018-08-13
NLD ပါတီက ဦးဆောင်ကျင်းပခဲ့တဲ့ အမျိုးသမီးညီလာခံနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ အပါအဝင် ပါတီ ၂၁ ခုက တိုင်ကြားထားမှုကို အရေးယူရမယ့် ဥပဒေပုဒ်မတွေနဲ့ ပြန်လည်တင်ပြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်လိုက်ပါတယ်။
2018-08-13
၆၈ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ခွင့်ပြုချက်မရှိဘဲ ကျင်းပတယ်ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး KNU က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင် အပါအဝင် ၅ ဦးကို ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တရားစွဲလိုက်ပါတယ်။
2018-08-13
မန္တလေးမြို့မှာ ဒီနေ့ နေ့လယ်ခင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2018-08-12
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်မှာ လိမ်လည်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ အလယ်တန်းပြ ကျောင်းဆရာတစ်ယောက်ကို ပညာရေးဌာနရဲ့ ခွင့်ပြုချက်မယူဘဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့အပေါ် ကန့်ကွက်ကြောင်း ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံ ၄၀၀ ကျော်က ဒေးဒရဲမြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
2018-08-12
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) က ဦးဆောင်ကျင်းပတဲ့ ဒုတိယမြောက် ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲကို ဒီကနေ့ မနက် ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2018-08-12
ကန့်သတ်တားမြစ်တာကြောင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က စိန့်ပီတာ စိန်ပေါလ် ဘုရားကျောင်းမှာ ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ဟောပြောပွဲ မပါဘဲ ဒီနေ့ ကျင်းပခဲ့ရတယ်လို့ အခမ်းအနားဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောပါတယ်။
2018-08-12
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာအောင် ဒုက္ခသည် စခန်းတွေကို သွားရောက်ပြောဆိုပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2018-08-12
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်က ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိဖို့ အလုပ်သမား ၂၀၀ ခန့်က မြို့တွင်းမှာ ဒီနေ့ လှည့်လည်ဆန္ဒပြ တောင်းဆိုကြပါတယ်။
2018-08-12
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲတွေ လုံးဝမရှိတော့တဲ့အထိ ထပ်မံ တွေ့ဆုံညှိနှိုင်းဖို့ တောင်ကြီးမြို့မှာ နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နှစ်ဘက် သဘောတူညီခဲ့ပါတယ်။
2018-08-12
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပေမယ့် ဆွေးနွေးပွဲရက်ကို ငြိမ်းချမ်းရေးကော်မရှင် ဘက်က ရွှေ့ဆိုင်းလိုက်ပါတယ်။
2018-08-11
အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီက ကရင်ပြည်နယ် ရေဘေးဒုက္ခသည်တွေအတွက် သြဂုတ်လ ၁ဝ ရက်နေ့မှာ ကျပ်ငွေ ၁ဝ သန်း လှူဒါန်းခဲ့ပါတယ်။
2018-08-11
အမေရိကန် တက္ကသိုလ်တစ်ခုက ကျောင်းသားတွေ တည်ထွင်ခဲ့တဲ့ ကွန်ပြူတာနည်းပညာသုံး ခွဲခြမ်းစိတ်ဖြာ ကိရိယာတစ်ခုကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက ချေမှုန်းခဲ့မှုန့ဲ ပတ်သက်ပြီး AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အသုံးပြုနေပါတယ်။
2018-08-11
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို သမ္မတ ထရမ့် အစိုးရအနေနဲ့ လက်တွေ့မှာ အပြည့်အဝလိုက်နာဆောင်ရွက်မှု မရှိဘူးလို့ အမေရိကန် နိုင်ငံရေးသတင်းဌာနတစ်ခုဖြစ်တဲ့ POLITICO က သောကြာနေ့မှာ ထုတ်ဖော်ပြောကြားလိုက် ပါတယ်။