သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-08
မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော် ကို ပါတီတာဝန်တွေကနေ ရပ်ဆိုင်းလိုက်တယ်လို့ NLD ပါတီရဲ့ တိုင်ကြားစာ စိစစ်ရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ မျိုးညွန့် က ပြောပါတယ်။
2017-12-08
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ရောင်းချခြင်းနဲ့ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ရေးဆွဲပေးဖို့ တိုင်းအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ မန္တလေးတိုင်းဒေ သကြီး လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2017-12-07
မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် ၉ ခုက တိုင်းရင်းသူ အမျိုးသမီး ၃၀ ကျော်ပါဝင်တဲ့ စက်ချုပ်ဆရာဖြစ် သင်တန်းတစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်အသက် မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာကောလိပ်နဲ့ BEAM ပညာရေးဖောင် ဒေးရှင်းတို့ ပူးပေါင်းသင်ကြားပေးခဲ့ပြီးနောက် မနေ့ညနေက အောင်လက် မှတ်တွေ ပေးအပ်ခဲ့ပါတယ်။
2017-12-07
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲကနေ နုတ်ထွက်ခွင့်တောင်းထားတဲ့ ကျေးရွာ ခြောက်ရွာ က ဒေသခံတွေ တောင်းဆိုထားတဲ့အချက်အချို့ကို ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးအဖွဲ့က လိုက်လျောပေးလိုက်ပါတယ်။
2017-12-07
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုဖြစ်စဉ်တွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက အွန်လိုင်းနဲ့ ပုံနှိပ်သတင်း မီဒီယာတွေရဲ့ ရေးသားတင်ပြချက်တွေဟာ ပြည်သူတွေအကြား ယုံကြည်မှုတွေ ကင်းမဲ့စေသလို ကွဲပြားခြားနားမှုတွေကို ပိုဖြစ်စေတယ်လို့ ကုလသမဂ္ဂရဲ့ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO ရဲ့ ဌာနအကြီးအကဲက ဒီကနေ့ ပြောလိုက်ပါတယ်။
2017-12-07
ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့မှာရှိတဲ့ အများပြည်သူပိုင် မြေကွက်ပေါ်မှာ ဆိုင်ခန်းတွေ ကျူးကျော်ဆောက်လုပ်ထားတဲ့ကိစ္စကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေး ဖို့ ဒေသခံတွေက စစ်တွေမြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2017-12-07
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်မယ့် အစီအစဉ်ကို ၂၀၁၈ ဇန်နဝါရီလမှာ စတင်မယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
2017-12-07
သတင်းရယူရာမှာ တပ်မတော်သားတွေက ခြိမ်းခြောက်မှုတွေရှိလာခဲ့ရင် အချက်အလက်ခိုင်လုံစွာနဲ့ တပ်မတော်ထံကို တိုက်ရိုက်သော်လည်းကောင်း သတင်းမီဒီယာကနေ တဆင့်သော်လည်းကောင်း တိုင်ကြားဖို့ တပ်မတော်အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချူပ် အေးလွင်က ပြောပါတယ်။
2017-12-07
မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးပိုင်းမှာ United Nation Guiding Principles (UNGPs ) ရဲ့ ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ပြီး အမြန်ဆုံးလုပ်ဆောင်သင့်တယ်လို့ သုတေသန လုပ်ဆောင်နေသူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။
2017-12-07
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သင်္ဃန်းဆွဲအုပ်စု၊ နဘဲကန်ရွာနားမှာ စမုံမြစ်ရေ တိုက်စားတာကြောင့် ပေါ်လာတဲ့ ပျူခံတပ်မြို့ဟောင်းလို့ ယူဆလို့ရတဲ့ အုတ်ရိုးတွေ ကို တွေ့ရတယ်လို့ ရှေးဟောင်းဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောပါတယ်။
2017-12-06
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကထက် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်းကျဆင်းသွားသလို ဘိန်းထုတ်လုပ်မှုလည်း ကျဆင်းသွားတယ်လို့ UNODC နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒီနေ့ ပူးပေါင်းထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအစီရင်ခံစာ ၂၀၁၇ မှာ ဖော်ပြထားပါတယ်။
2017-12-06
မဘသ ဦးဆောင်ကော်မတီဝင်တွေပါဝင်မယ့် မျိုးချစ်ညီညွတ်ရေးပါတီ တည်ထောင်ခွင့် ပယ်ချခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်အောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ စာပေးပို့မေးမြန်းသွားမယ်လို့ ပါတီတည်ထောင်ခွင့် ဦးဆောင်လျှောက် ထားတဲ့ စာရေးဆရာ မောင်သွေးချွန်က ဒီနေ့ ပြောပါတယ်။
2017-12-06
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းရွာမှာ တူးဖော်တွေ့ရှိထားတဲ့ ပေ ၁၀၀ ကျော်ရှိ တဲ့ ကျောက်ဖြစ် ရုပ်ကြွင်းကြီးကို ပြည်ပကို မရောင်းချဘဲ နိုင်ငံတော်ကဦးဆောင်ပြီး ပြတိုက်အဖြစ်နဲ့ သာထားရှိစေချင်တယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။
2017-12-06
ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းစက်မှုဇုန်က Maisha Myanmar အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် လုပ်ခလစာ အပြည့်မရတာကြောင့် အလုပ်သမား ၁၀၀ ကျော်က ဒီနေ့ အလုပ်မဆင်းဘဲ ဆန္ဒပြကြပါတယ်။
2017-12-06
ပြီးခဲ့တဲ့ ကချင်ပြည်နယ် အစိုးရလက်ထက်မှာ တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသကို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ကန့်သတ်နယ်မြေအဖြစ်ကြေညာခဲ့သလို လက်ရှိအစိုးရလက်ထက်မှာလည်း သတ်မှတ်ပေးဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။