သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-08
အင်းတော်မြို့နယ် နန့်သာရွာမှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် နန့်သာရွာ အပါအဝင် နီးစပ်ရာကျေးရွာ ငါးရွာက ဒေသခံ လေးထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-04-08
လားရှိုးမြို့နယ်က နားမခေါ်ရွာကို ဧပြီလ ၇ ရက်နေ့မနက်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် မိသားစုဝင်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2023-04-08
ရေဖြူမြို့နယ် ဇာဒီရွာမှာ ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက ပစ်သတ်ပြီး အလောင်းကို တပ်ဆေးရုံမှာ မိသားစုဝင်တွေက ပြန်ထုတ်ခဲ့ရတယ်လို့ ပြောပါတယ်။
2023-04-08
ဘုတလင်မြို့နယ် ဒန်းတိုင်ကျေးရွာမှာ ဧပြီလ ၅ ရက်က စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။
2023-04-07
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကို ထိုင်းနိုင်ငံ အာဏာပိုင်တွေ ဖမ်းဆီးပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ နယ်ခြားစောင့်တပ် BGF ဆီကို လွှဲပြောင်းပေးလိုက်တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီ ၇ ရက်နေ့က ကြေညာလိုက်ပါတယ်။
2023-04-07
ကော့ကရိတ်မြို့ ခနိမ်းမူရပ်ကွက်ထဲက ဦးထွန်းမောင် အသက် ၅၇ နှစ်ရဲ့ တဲပေါ် ကျရောက်ပေါက်ကွဲတာမှာ ထိမှန်ဒဏ်ရာရပြီး သေဆုံးတာကြောင့် ဧပြီ ၇ ရက် မနက်မှာ အရပ်သားတွေက သင်္ဂြိုလ်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-04-07
မကွေးမြို့က အင်ဂျင်နီယာ ကျောင်းသား ကိုလျှံဖြိုးအောင်ဟာ ဧပြီ ၇ ရက်နေ့မှာ မကွေးမြို့ ဒေါင်းနေအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
2023-04-07
ဟိုခို၊ ဟိုခဲ၊ ကုန်းကြီး၊ သံဘို၊ ရေဦး၊ လုပ်သပြေ စတဲ့ကျေးရွာတွေက ဒေသခံ နှစ်ထောင်ဝန်းကျင်ဟာ နီးစပ်ရာကျေးရွာဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေနဲ့ နောင်ချို ပြင်ဦးလွင်မြို့ ပေါ်ကို ထွက်ပြေးနေကြ ရပါတယ်။
2023-04-07
ဒေါက်တာခလမ်ဆမ်ဆွန်ကို မြစ်ကြီးနား ထောင်တွင်းတရားရုံးကနေ အမှုသုံးမှုနဲ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ပါတယ်။
2023-04-07
ပြီးခဲ့တဲ့မတ်လအတွင်း အမျိုးသမီး ၂၉ ဦး သေဆုံးပြီး ၅၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂက ထုတ်ပြန်ပါတယ်။
2023-04-07
ကိုဝေမိုးနိုင်ကို မုံရွာထောင်တွင်းတရားရုံးကနေ ထောင် ၃၄ နှစ် တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချလိုက်တယ်လို့ပြောပါတယ်။
2023-04-07
ကလေးမြို့နယ် ပျဉ်းတော်ဦးနဲ့ နန်းစောင်းပုရွာအနီးမှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သားနှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဧပြီလ ၆ ရက်နေ့က တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
2023-04-07
မင်္ဂလာဒုံမြို့နယ်က မင်္ဂလာဒုံလေတပ်နဲ့ လေဆိပ်မှာ လုံခြုံရေးတာဝန်ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးအင်အား နှစ်ဆတိုးချထားပါတယ်။
2023-04-06
မြို့ပြင်က တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေကို နေပူခံကုန်းကနေ ခလရ (၉၇) က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အနည်းဆုံး အရပ်သားတစ်ယောက် သေဆုံးပြီး နေအိမ်တွေပျက်စီးရတယ်လို့ ခနိမ်းမူရွာသားတစ်ယောက်က ပြောပါတယ်။
2023-04-06
နောင်ချိုမြို့နယ် သံဘိုရွာအနီးဖြစ်တဲ့ တိုက်ပွဲမှာတော့ အရပ်သားငါးဦး လက်နက်ကျည်ထိမှန်ခဲ့ပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပါတယ်။