သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-08
ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေထဲက ခြောက်ဦးကို တရားစွဲတင်မှာဖြစ်ပြီး ၃၅ ဦးကိုတော့ ဒီနေ့ညနေမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
2019-05-08
အကျဉ်းချခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တာဟာ ဝမ်းသာစရာဖြစ်ပေမယ့် မီဒီယာတွေအပေါ် အစိုးရဖက်က ဆက်လက်ပြီး ဖိနှိပ်ချုပ်ချယ်နေတာတွေကို လျှစ်လျှူမရှုမိဖို့လိုတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2019-05-07
ရခိုင်ပြည်နယ်မှာ တပ်က ဖမ်းဆီးထားချိန်အတွင်း ရွာသားတွေ ပစ်သတ်ခံရတဲ့ကိစ္စအတွက် မြန်မာအစိုးရအနေနဲ့ သီးခြားလွတ်လပ်စွာ စစ်ဆေးစုံစမ်းသင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။
2019-05-07
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ တိုင်းအစိုးရခွင့်ပြုချက်နဲ့ Hemp ခေါ် ဆေးဘက်ဝင်လျှော်ပင် စိုက်ပျိုးခဲ့တဲ့ အမေရိကန်နိုင်ငံသား John Todoroki ကို ဆေးခြောက်ပင်တွေ စိုက်ပျိုးထားတယ်ဆိုပြီး ဖမ်းဆီးထားတဲ့အမှုကို မြင်းခြံခရိုင်တရားရုံးမှာ မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးပြီး ရမန်နှစ်ပတ် ဆက်လက်ချုပ်နှောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
2019-05-07
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့ အဆင့်ရောက်နေပြီလို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောလိုက်ပါတယ်။
2019-05-07
ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန် ပန်းခြံထဲမှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြောင်းရွှေ့ရေးကိစ္စ အကောင်အထည်ဖော်ညှိနှိုင်းရေးကော်မတီကို အဖွဲ့ဝင် ၈ ဦးနဲ့ ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2019-05-07
နိုင်ငံတော်သမ္မတက အကျဉ်းသား ၆၅၀၀ ကျော် ဒီနေ့ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ရာမှာ AAPP စာရင်းဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ဦး ပါဝင်လာပြီး အဲဒီထဲမှာ အင်းစိန်အကျဉ်းထောင်ကနေ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်လာပါတယ်။
2019-05-07
မတူကွဲပြားတဲ့ ဘာသာတွေအချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုထားပြီး ငြိမ်းချမ်းတဲ့ ဘဝတွေ ကြိုးပမ်းတည်ဆောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်ပါတယ်။
2019-05-07
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှုး မစ္စအာရ်ဆူလာမြူလာဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခအခြေအနေတွေကို မေ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ တစ်ပတ်ကြာ လေ့လာမှာဖြစ်ပါတယ်။
2019-05-07
ဒီနေ့အတွက် နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းဝင် ၁၀ ဦးခန့်ရှိနေပြီလို့ AAPP အဖွဲ့က ဦးအောင်မျိုးကျော်က ပြောပါတယ်။
2019-05-07
ရခိုင်ပြည်နယ်မှာ စစ်ရေးအခြေအနေတွေကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ ၃၈၀၀၀ ကျော်အထိရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ဒီနေ့ပြောလိုက်ပါတယ်။
2019-05-07
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသား ခြောက်ဦး သေဆုံးမှုနဲ့ပတ်သက်လို့ ဥပဒေနဲ့မညီဘဲ ဆောင်ရွက်တာတွေ စစ်ဆေးတေ့ွရှိရင် ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောလိုက်ပါတယ်။
2019-05-06
ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ လစဉ် ပုံမှန်အစည်းအဝေးတွေကို လာမယ့် ဇွန်လကစပြီး ပုံမှန်ပြန်လည်တွေ့ဆုံဆွေးကြဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ကြပါတယ်။
2019-05-06
တပ်မတော်ရဲ့ အပစ်ရပ်နယ်မြေတွေထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထည့်သွင်းပြီး စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာဖို့ စစ်တွေမြို့က သံဃာတော်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက နိုင်ငံတော် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2019-05-06
မြောက်ဦးမြို့နယ်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေမှာ ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ဖို့ အစီအမံ၊ အဟန့်အတားတွေကို ပြည်နယ်အစိုးရက ဆောင်ရွက်ပေးဖို့ အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။