သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-06
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူစေတီကျေးရွာအနီးမှာ လက်လုပ်မိုင်းပြု လုပ်ဖို့ ပြင်ဆင်ထားတဲ့ ကားပီစတင်တွေနဲ့ သံပိုက် အပိုင်းအစ ၁၀၀ နီးပါးလောက် မြေကြီးထဲမှာ သိမ်းဆည်း မြှုပ်နှံထားတာကို တပ်မတော်က မနေ့က သိမ်းဆည်းရမိခဲ့ပါတယ်။
2017-12-06
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ဟာ ဥပဒေအရအပ်နှင်းထားတဲ့ တာဝန်တွေ ကို ကျေပွန်အောင် မထမ်းဆောင်တာကြောင့် နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်လို့ဆိုပြီး တာဝန် ကနေ ရပ်စဲပေးဖို့ တိုင်ကြားထားတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ ပြည်နယ်လွှတ်တော် ဥက္ကဌက အဖွဲ့ဝင် ၅ ဦးပါ တဲ့ ကော်မတီတစ်ရပ်ကို မနေ့က ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။
2017-12-05
မွန်နိုင်ငံရေးပါတီ တစ်ခုတည်းဖြစ်ရေးအတွက် အကြိမ်ကြိမ်ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် မအောင်မြင် ခဲ့တာကြောင့် လာမယ့် ဇန်နဝါရီလမှာ ကျင်းပမယ့် မွန်အမျိုးသားညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ကြ မယ်လို့ မွန်ညီညွှတ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး နိုင်စိုးအောင် က ဒီနေ့ ပြောပါတယ်။
2017-12-05
ရခိုင်ပြည်နယ်အတွင်း အစိုးရရဲ့ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန် လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ပေးကြဖို့ UEHRD ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက် တာအောင်ထွန်းသက်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2017-12-05
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ ဆန်နဲ့ စက်သုံးဆီတွေ လွတ်လွတ်လပ်လပ် သယ်ယူလို့ မရတာကြောင့် ဆန်တစ်အိတ်ကို ငွေကျပ် ၄ သောင်းကနေ ၆ သောင်းအထိ ဈေးမြင့်တက်နေပြီး ဝယ်ယူလို့မရတဲ့အထိ ဆန်ပြတ်လပ်နေတယ်လို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ဒီနေ့ ပြောပါတယ်။
2017-12-05
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာပြီး လာမယ့် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တာကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
2017-12-05
ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ကျောင်းတွေအပါအဝင် မြို့ရွာရပ်ကွက်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို ထိရောက်စွာနှိမ်နှင်းဖို့ အစိုးရထံ တိုက်တွန်းကြောင်း အဆိုကို အင်ဂျန်းယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
2017-12-05
မန္တလေးတိုင်းဒေသကြီးအတွင်း ဥပဒေနဲ့မညီဘဲ ရယူထားတဲ့ အများပြည်သူပိုင်မြေတွေ ကို ပြန်လည်သိမ်းဆည်းပြီး မူလသတ်မှတ်ထားတဲ့ အများနဲ့သက်ဆိုင်တဲ့နေရာတွေ ပြန် လည်ဖော်ထုတ်သွားဖို့ စီစဉ်နေတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ဒီနေ့ ပြောပါတယ်။
2017-12-04
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပတ်စပို့ ထုတ်ပေးရေးရုံးရှေ့မှာ ဒီကနေ့ ဒီဇင်ဘာလ ၄ ရက် မနက် ၁၁ နာရီခန့်က မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးနှစ်လုံး တွေ့ရှိခဲ့ပြီး ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက အချိန်မီ ရှင်းလင်းနိုင်ခဲ့တယ်လို့ မြန်မာအလုပ်သမား သံအရာရှိ တစ်ဦးက ပြောပါတယ်။
2017-12-04
အလုပ်သမား ၄၀၀ လောက် ထိုင်သပိတ်နဲ့ ဆန္ဒပြနေတဲ့ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင် အလုပ်သမားကြား ပြဿနာကို ဝင်ရောက်ဖြေရှင်းပေးဖို့ ဂျပန်သံရုံးထံ ဒီကနေ့ စာပေးပို့တောင်းဆိုလိုက်ပါတယ်။
2017-12-04
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အုပ်စုဖွဲ့၊ လုယက်ရိုက်နှက်၊ သတ်ဖြတ်မှု စတဲ့ ဒုစရိုက်မှုတွေ များနေ တာကြောင့် ပြည်သူတွေလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အားလုံလောက်စွာနဲ့ ကာကွယ် တားဆီးရေး ဆောင်ရွက်ဖို့နဲ့ အစိုးရရဲ့ ဆောင်ရွက်ထားရှိမှုအခြေအနေကို အင်ဂျန်းယန်မြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် က ဒီကနေ့ လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2017-12-04
တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနက သတင်းထောက် နှစ်ဦး၊ စကားပြန်အဖြစ် လိုက်ပါသူ ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတစ်ဦး စုစုပေါင်း လေးဦးအမှုကို ချေဖျက်ဖို့ တရားလွှတ်တော်ချုပ်ထံ လျှောက်ထားသွားမယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဒီနေ့ ပြောပါတယ်။
2017-12-04
ကချင်ပြည်နယ် တနိုင်းမြို့နယ် က တရားဥပဒေ မစိုးမိုးနိုင်တဲ့ဒေသတွေမှာ ကေအိုင်အေကို ဆက်ကြေး ပေးဆောင်ပြီး တရားမဝင် ရွှေ နဲ့ ပယင်းတွေတူးဖော်လုပ်ကိုင်မှုမပြုနိုင်ဖို့ ဆန် နဲ့ စက်သုံးဆီတွေ သယ်ယူခွင့်ကို မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က စိစစ်ဆောင်ရွက်နေတာလို့ ကချင်ပြည်နယ် လုံခြုံရေး နဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က ဒီကနေ့ ပြည်နယ်လွှတ်တော်အစည်းအဝေး မှာ ပြောပါတယ်။
2017-12-04
ရခိုင်ပြည်နယ် မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တွေမြို့ကိုထွက်ပြေးလာကြတဲ့ ဟိန္ဒူဘာသာဝင်တွေထဲက လူဦးရေ ၃၅၀ လောက်ကို အစိုးရက မနေ့က မောင်တောမြို့ကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
2017-12-04
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးဒေသမှာ ရေမဆေးကျောက်ရှာဖွေသူတွေကို သီးသန့်လုပ်ကွက်တွေချထားပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။