သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-05
မလေးရှားနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း နိုင်ငံခြားက တရားမဝင် လာရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားထောင်ပေါင်းများစွာ ဖမ်းဆီးခံနေရစဉ်မှာပဲ ဓားဒဏ်ရာအမြောက်အများနဲ့ သေဆုံးနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ရုပ်အလောင်းကို ကွာလာလမ်ပူမြို့မှာ အင်္ဂါနေ့က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
2013-09-05
လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်နော်အုန်းလှ ကို အမြန်ဆုံး ပြန်လွှတ်ပေးရေး အတွက် မြန်မာအစိုးရကို တောင်းဆိုဖို့ ဗြိတိသျှနိုင်ငံ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ဗြိတိသျှအစိုးရကို စက်တင်ဘာလ ၅ ရက် မနေ့က တိုက်တွန်းလိုက်ပါတယ်။
2013-09-05
ပြည်နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေအနေ နဲ့ ပြည်သူတွေရဲ့ မေးမြန်းချက်တွေကို ဖြေဆိုတဲ့အခါမှာ ယေဘူယျဆန်တဲ့ စကားမျိုးမပြောပဲ တိတိကျကျ ကတိပေးနိုင်တဲ့ စကားမျိုးကိုသာပြောဆိုဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2013-09-05
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းအသစ်တစ်ခုကို ၂ လအတွင်း အပြီးရေးဆွဲသွားမယ်လို့ လက်နက်ကိုင်တိုင်းရင်းသား ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ပြည်တွင်းအခြေစိုက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့က ထုတ်ဖေါ်ပြောဆိုပါတယ်။
2013-09-05
မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ တရားမဝင် မြန်မာနိုင်ငံသား အလုပ်သမားတွေကို ပြန်လည်ခေါ်ယူဖို့ အစိုးရက စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2013-09-05
အာဆီယံဒေသအတွင်းမှာဖြစ်ခဲ့တဲ့ ဘာသာရေးဆန်ဆန် ပဋိပက္ခတွေ ဟာ ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောင့်အယှက်တွေဖြစ်တယ်လို့ ဒီနေ့မန္တလေးမြို့ မက်သဒစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာကျင်းပတဲ့ ဘာသာပေါင်းစုံဆွးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးခဲ့တဲ့ JUST အဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာ ချန်ဒရာမူဇာဗာ(Dr. Chandra Musaffar)က ပြောပါတယ်။
2013-09-05
ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေ ကို အစိုးရက လုံးချင်းနေအိမ်တွေ ဆောက် လုပ်ပေးတဲ့ အစီအစဉ်ကို ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသူ ၄ ဦးကို ဒီနေ့ကျောက်တော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။
2013-09-05
စစ်ကိုင်းတိုင်း၊ ထန်းကုန်းရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ပဋိပက္ခစဖြစ်စေတဲ့ကိစ္စမှာ အမျိုးသမီးတစ်ဦးကို ဘလက္ကာယလုပ်သူ ဆန်းမင်းဦးကို မုဒိန်းမှုဆိုင်ရာပြစ်မှု ပုဒ်မတွေနဲ့ မနေ့က စက်တင်ဘာလ ၄ ရက်နေ့မှာ ကန့်ဘလူမြို့နယ် တရားရုံးက ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်စီရင်လိုက်တယ်လို့ သိရပါတယ်။
2013-09-04
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာက လယ်သမား ၆ ယောက်ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးက မနေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ ချမှတ်လိုက်ပါတယ်။
2013-09-04
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့နဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့ က ခေါင်းဆောင်တွေဟာ ပြည်တောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ စက်တင်ဘာ ၃ ရက်နေ့ မနေ့ မနက်က ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချူပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2013-09-04
ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း အစိုးရတပ်မတော် ခလရ ၁၃၇ နဲ့ ကေအိုင်အေတို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၆၅ ယောက်ဟာ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ က ပြောပါတယ်။
2013-09-04
သမ္မတ ဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို အလှူငွေသိန်း ၅၀၀ လှူဒါန်းလိုက်တာကြောင့် အဖွဲ့ရဲ့ရပ်တည်ခံယူ ချက်တွေ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားလိုက်ပါတယ်။
2013-09-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈ ရက်ကြာ ဥရောပ သုံးနိုင်ငံခရီးစဉ် အသေးစိတ်ကို NLD ပါတီက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2013-09-03
မြန်မာနိုင်ငံက ပင်မမြစ်ချောင်းတွေပေါ် မှာ ရေကာတာတွေဆောက်လုပ်ဖို့ စီစဉ်နေတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေ နိုင်တာကြောင့် ဒီရေကာတာစီမံကိန်းတွေကို ရုတ်သိမ်း ရပ်တန့်ပေးဖို့ မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်က ဒီကနေ့ သဘောထားကြေညာချက်ထုတ်ပြန်ပြီး တရုတ်နဲ့ ထိုင်း နှစ်နိုင်ငံအစိုးရကို မေတ္တာရပ်ခံ တောင်းဆိုလိုက် ပါတယ်။
2013-09-03
ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့ ကံသာဦးခန်းမ မှာ ဒီနေ့ နေ့လည်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ ပါတယ်။