သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-12
၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ ဆန္ဒခံယူပွဲကို ဒီနှစ်အတွင်း ကျင်းပဖို့ သမ္မတ ဦးသိန်းစိန်က မနေ့က အတည်ပြု လိုက်ကြောင်း လွှတ်တော်အမတ်နှစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
2015-02-12
ဒီမိုကရေစီပညာရေးအတွက် ကျောင်း သားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်လုံးကို ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကနေ သဘောတူ လိုက်ပေမယ့်၊ လွှတ်တော်မှာသဘောတူပြီး သမ္မတ လက်မှတ်ထိုးမှ ဒီတောင်းဆိုချက်တွေအတွက် စိတ်ချ ယုံကြည်ရမှာဖြစ်တဲ့အတွက် သပိတ်မလှန်သေးဘူး လို့ ကျောင်းသားခေါင်းဆောင်တွေကပြောလိုက်ပါတယ်။
2015-02-11
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အတွက် ကျောင်းသားတွေ သပိတ်မှောက်တောင်းဆိုနေတဲ့ အချက် ၁၁ ချက်ကို အစိုးရဘက်က မူအားဖြင့် သဘောတူလိုက်ပြီ ဖြစ် ပါတယ်။
2015-02-11
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက် ပြီး ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက လွှတ်တော် ကိုယ်စားလှယ်တွေ ဒီနေ့ လွှတ်တော်မှာ တွေ့ဆုံဆွေးနွေး ကြပါတယ်။
2015-02-11
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်း ဧရိယာမှာ ဝမ်ပေါင်ကုမ္ပဏီ က မြေတူး စက်တွေနဲ့တူး ဆွနေတာ ကိုတားခဲ့တဲ့ ဒေသခံတွေကို လုံခြုံရေးရဲဝန် ထမ်းတွေက လေးဂွနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
2015-02-11
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ပတ်သက်ပြီး တပ်မတော် ဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် တရားရုံးတင် ခွင့်မရကြောင်း ကိုပါကြီးရဲ့ဇနီးဖြစ်သူ မသန္တာက ပြောပါ တယ်။
2015-02-11
ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် ထားသူတွေကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒ မဲပေးခွင့်ပြုလိုက်တာကို ရန်ကုန်မြို့မှာ ဒီနေ့ ကန့်ကွက် ဆန္ဒပြကြပါတယ်။
2015-02-11
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ အခမ်းအနားကို နေပြည်တော် ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့က ဂုဏ်ပြုစကားပြောကြားပါတယ်။
2015-02-11
နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနား ကို တက်ရောက်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြား ထားရာမှာ ကချင် ၊ ပလောင် နဲ့ ကရင်နီအဖွဲ့ ၃ ဖွဲ့ တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
2015-02-11
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ဒီကနေ့ ပြုလုပ်တဲ့ ၄ ပွင့်ဆိုင်ဆွေးနွေး ပွဲကနေ သပိတ်မှောက်ကျောင်း သားတွေတောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အစိုးရ က မူအားဖြင့် လက်ခံ သဘောတူလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
2015-02-10
မန္တလေး-ရန်ကုန်ချီတက်နေတဲ့ ကျောင်း သားသပိတ် ပင်မစစ်ကြောင်းဟာ ပြည်မြို့ ကနေ ရွှေတောင်မြို့ကို ဒီနေ့မနက် ဆက် လက်ထွက်ခွါမယ်လို့ သိရပါတယ်။
2015-02-10
ပညာရေးဥပဒေ သပိတ်မှောက်နေ တဲ့ ကျောင်းသားတွေကို အကြမ်းဖက် တားဆီးတာတွေ ရှောင်ကြဉ်ဖို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကွန်ရက်က အစိုးရကို မေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်လိုက် ပါတယ်။
2015-02-10
မြန်မာနိုင်ငံက ဗုဒ္ဓသာဿနာ ဆိုင်ရာ အနုပညာလက်ရာတွေကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Asia Society ပြတိုက်မှာ ပထမဆုံးအကြိမ် ပြသတော့မှာဖြစ်ပါတယ်။
2015-02-10
တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီအနေ နဲ့ မြန်မာနိုင်ငံက လက်ပံတောင်း ကြေးနီ စီမံကိန်းကို ချက်ချင်းရပ်တန့်ပေးဖို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီး AI က တောင်းဆိုလိုက်ပြီး ကနေဒါ၊ တရုတ်နဲ့ ဗြိတိန်အစိုးရတွေအနေနဲ့ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဒေသ ခံတွေရဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖော်ထုတ်ပေးဖို့လည်း တိုက်တွန်း လိုက်ပါတယ်။
2015-02-10
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် ထားသူတွေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြုလိုက်တဲ့အပေါ် ရခိုင်ပြည်နယ်မှာ ကန့်ကွက်နေကြတာနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ဆန္ဒ အတိုင်းဖြစ်အောင် ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းတင်ပြပေး သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းက ဒီနေ့ ကတိပြုပြောလိုက်ပါတယ်။