သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-15
ဆားလင်းကြီးမြို့နယ်က ထန်းတောရွာကို စစ်ကြောင်းဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် နီးစပ်ရာရွာ ငါးရွာက ဒေသခံလေးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2023-04-15
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ နိုင်ငံတော်ဧည့်ဂေဟာအနီး ဓာတ်အားခွဲရုံကို ဧပြီ ၁၄ ရက် ည ၇ နာရီက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့က RFA ကို အတည်ပြုပြော ဆိုပါတယ်။
2023-04-15
အဲဒီဗဟိုမဏ္ဍပ်ကို လေယာဉ်ကွင်းအနီးက စစ်ကောင်စီရဲ့ ပြည်နယ်ရုံးအတွင်းမှာ တည်ဆောက်ထားတာဖြစ်ပြီး စင်ပေါ်မှာ ယိမ်းအက ကပြဖျော်ဖြေနေချိန် ဗုံးကြဲခံရတာပါ။
2023-04-15
သင်္ကြန်အကြိုနေ့နဲ့ အကျနေ့အတွင်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
2023-04-15
ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးကို ခရမ်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။
2023-04-14
သင်္ကြန်ကျင်းပနေတဲ့ ခလရ (၂၅၇) တပ်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ People Defence Force Column 1 တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
2023-04-14
မြန်မာစစ်ကောင်စီကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တခြားအရပ်သားပြည်သူတွေအပေါ် လူမဆန်ရက်စက်စွာ ချေမှုန်းမှုတွေကို ရပ်ဆိုင်းဖို့နဲ့ ICJ နိုင်ငံတကာတရားရုံးက ၂ဝ၂ဝ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အရေးယူဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2023-04-14
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဆာယက် ဟာမစ် အယ်လ်ဘာက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရပ်ဆိုင်းဖို့အတွက် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ချက်ချင်းအရေးယူဖို့ မုချလိုအပ်နေပြီလို့ ပြောကြားလိုက်ပါတယ်။
2023-04-14
မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းပြီး အဝတ်အထည်ချုပ်လုပ်တင်ပို့တဲ့ အစီအစဉ်အသစ်တစ်ခု အကောင်အထည်ဖော်နေတာကို ရပ်ဆိုင်းဖို့ ဥရောပသမဂ္ဂကို အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
2023-04-14
မြန်မာပြည်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းဖြေရှင်းနိုင်ဖွယ်ရှိပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်က ပြောကြားလိုက်ပါတယ်။
2023-04-14
တပ်မတော်က ကျူးလွန်ထားတဲ့ ရက်စက်တဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ အပြည့်အဝ တာဝန်ယူဖို့ လုံခြုံရေးကောင်စီက ပံ့ပိုးကူညီရမယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောလိုက်ပါတယ်။
2023-04-14
စစ်ကိုင်း၊ ကြွယ်ပုံရွာရေကစားမဏ္ဍပ် ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် ရှစ်ဦး သေဆုံးပြီး နောက်ထပ် ၃၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2023-04-14
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပဇီကြီးရွာအနီးမှာ အမျိုးသားညီညွတ်ရေးအစိုးရရုံးအဖြစ် တည်ဆောက်ပြီး ဖွင့်ပွဲလုပ်ဖို့ စီစဉ်ခဲ့တာကြောင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
2023-04-14
မကွေးတိုင်း၊ ဆောမြို့နယ်မှာ ဧပြီလ ၁၂ ရက်နေ့က ကျောက်ထုလေယာဉ်ကွင်း အမြောက်တပ်ကနေ ကျောက်ထုမြို့အနီး တေးကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
2023-04-14
ပြီးခဲ့တဲ့၊ မတ်လ ၉ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဟားခါးမြို့ကိုတက်လာတဲ့ တင့်ကားနှစ်စီး အပါအဝင် ကားအစီးရေ ၃၀ ကျော်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့တွေက လမ်းတစ်လျှောက် တိုက်ခိုက်ခဲ့ရာ ယာဉ်တန်းတစ်ခုလုံး ပျက်စီးသွားခဲ့ပြီလို့ ချင်းအမျိုးသားတပ် (CNF) က ပြောပါတယ်။