သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-27
လာမယ့် ဖေဖော်ဝါရီလ ၁၂ရက်နေ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေး ထိုးဖို့ မွန်ပြည်နယ် မုဒုံမြို့နယ်ဒေသခံ ရွာသား ၄၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-01-27
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြကြတဲ့ ကျောင်းသား ကျောင်းသူတွေ နဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ဒီနေ့ ညနေပိုင်းမှာ ညှိနှိုင်းမှု ပြေလည်သွားတာကြောင့် ဆန္ဒပြကျောင်းသားတွေကို တောင်သာမြို့ထဲ ဝင်ခွင့်ပြုလိုက် ပါတယ်။
2015-01-27
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုပွဲအဖြစ် ပွဲဖြစ်မြောက်ရေးကော်မတီက မြို့နယ်အားကစားကွင်း မှာ ပျော်ပွဲရွှင်ပွဲတွေ ဒီနေ့စတင်ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။
2015-01-27
ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းပဋိပက္ခနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တာကြောင့် တရားစွဲခံထားရသူ ၆ ဦးဟာ ဒဂုံမြို့နယ်တရားရုံးမှာ ဒီနေ့ အာမခံလျှောက်ထားရာ ပယ်ချခံလိုက်ရပါတယ်။
2015-01-27
တောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခမှာ လုံခြုံရေးတာဝန်ကျခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က မနေ့ကစပြီး စစ်ဆေးမေးမြန်းနေပါတယ်။
2015-01-27
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၁ မှာ တပ်မတော် အင်ဂျင်နီ ယာတပ်ရင်းက သိမ်းထားတဲ့ မြေဧက ၁၀၀ ကျော်မှာ တပ်သား ၄၀၀ လောက်က ဒီနေ့ ခြံစည်းရိုးဝင်ခတ် ရာ နေထိုင်နေသူတွေက တားမြစ်တာကြောင့် ရိုက်နှက် မှုတွေဖြစ်ပွားခဲ့ပါတယ်။
2015-01-27
အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြနေတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ အစိုးရတို့ နှစ်ဘက်ညှိနှိုင်းဆွေးနွေးကြဖို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-01-26
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ခေတ်မီအဆင့်မြင့် ဆေး ရုံနှစ်ရုံ ဆောက်လုပ်ဖို့ ထိုင်းနိုင်ငံက တတိယအကြီးဆုံး ပုဂ္ဂလိက ဆေးရုံလုပ်ငန်းဖြစ်တဲ့ THG ခေါ် သွန်ဘူရီ ဆေး ရုံလုပ်ငန်းနဲ့ ဂမုန်းပွင့် ကုမ္ပဏီတို့ လာမယ့်သီတင်းပတ် အတွင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြမယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
2015-01-26
မြန်မာနိုင်ငံ ရဲတံခွန် စွမ်းအင်လုပ်ကွက်မှာ ရှိတဲ့ သဘာဝဓါတ်ငွေ့ပမာဏဟာ မျှော် လင့်ထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန် ကုန်ခမ်းလာနေကြောင်း ထိုင်းအစိုးရပိုင် PTT ရေနံ ကုမ္ပဏီက စွမ်းအင်ဝန်ကြီးဌာနကို အကြောင်းကြားခဲ့ကြောင်း The Nation သတင်းက ဖော်ပြပါတယ်။
2015-01-26
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် တဲ့အနေနဲ့ ခရီးရှည်ချီတက်နေကြ တဲ့ ကျောင်းသားတွေ မနေ့ညက ညအိပ်တည်းခိုတဲ့ မြင်းခြံ စွန်းလွန်းဂူကျောင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ချထားတယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။
2015-01-26
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက စီးဆင်းလာတဲ့ ရေဆိုးတွေကြောင့် ဆားလင်းကြီးမြို့နယ် ဖောင်းကားနဲ့ တောင်ပလူကျေးရွာက လယ်မြေဧက ၃၀ နီးပါး ပျက်စီးနေတယ်လို့ ဒေသခံတောင် သူတွေက ပြောပါတယ်။
2015-01-26
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ကချင်တိုင်းရင်း သူ ဆရာမနှစ်ယောက် အသတ်ခံလိုက် ရတာကို အစိုးရက တရားခံတွေ အမြန်ဆုံးဖော်ထုတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ တိုင်းရင်းသားရေး ရာကော်မတီက ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
2015-01-26
မကွေးမြို့နယ် မြေလတ်ဒေသ တက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ မြေ လတ်ဒေသ ဗကသ အဖွဲ့ဝင်စုစုပေါင်း ၁ဝဝ ကျော်ဟာ အမျိုးသားပညာရေးဥပဒေကို မကွေးမြို့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2015-01-26
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် အမှတ် ၇ ကားလမ်းမဘေး ဝဲယာ တစ်လျှောက်က ကျူးကျော်အိမ် ၄ဝဝ ကျော် ကို မနက်ဖြန် နောက်ဆုံးထားပြောင်းရွှေ့ပေးဖို့ ဆောက် လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
2015-01-26
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးမယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ တောင်ကြီးမြို့ မြို့တော်ခန်းမမှာပြုလုပ် တဲ့ ဒေသခံနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ကတိပေးပြောကြားလိုက်ပါတယ်။