သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-28
ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် DMG သတင်းဌာန အယ်ဒီတာချုပ်နဲ့ အမှုဆောင် ဒါရိုက်တာ တို့ကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၂)နဲ့ သတင်းအထူးတပ်ဖွဲ့က အမှုဖွင့် တိုင်ကြားထားတာကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်အနေနဲ့ ကူညီဖြေရှင်းပေးဖို့ DMG သတင်းဌာက အကူအညီ တောင်းခံစာ ဒီနေ့ရက်စွဲနဲ့ ပေးပို့လိုက်ပါတယ်။
2019-05-28
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ဆန္ဒပြခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမတွေထဲက ၂၁ ဦးကို တိုင်းပညာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ဆရာ၊ ဆရာမတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြို့နယ်ပညာရေးဦးစီးဌာန တောင်းသွားတယ်လို့ မူလတန်းကျောင်းအုပ်ဆရာ ဦးရဲဝင်းနိုင် က RFA ကိုပြောပါတယ်။
2019-05-28
ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA အခြေချနိုင်ရေးဟာ အဓိကရည်မှန်းချက်ဖြစ်တာကြောင့် တပ်မတေ်ာက လက်မခံလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရခိုင့်တပ်မတော် AA ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ဒီနေ့ပြောလိုက်ပါတယ်။
2019-05-28
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ခုံသာကျေးရွာအုပ်စု ကြက်ဖနက်ချောင်းဖျားဒေသမှာရှိတဲ့ ထူးဟန်သစ် ကုမ္ပဏီ ကျောက်မီးသွေးမိုင်းတွင်းမှာ မနေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် မိုင်းလုပ်သားလေးဦး သေဆုံးပြီး၊ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2019-05-28
မြစ်ဆုံစီမံကိန်းစာချုပ်ကို တစ်လအတွင်း ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့နဲ့ တရားဝင်မိတ္တူ ကူးယူခွင့်ပြုဖို့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က တောင်းဆိုလိုက်ပါတယ်။
2019-05-28
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရားမဝင် တစ်ရှူးငှက်ပျောလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား လေးဦးကို လဝကဥပဒေ၊ သစ်တောဥပဒေ ၄၀ (က) နဲ့ မေလ ၂၅ ရက်နေ့က ဝိုင်းမော်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးအရေး ယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒါဟာ နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖမ်းဆီးခြင်းဖြစ်ပြီး တစ်ရှူးငှက်ပျောလုပ်ငန်းဖြင့် ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသား ကိုးဦး ရှိသွားပြီဖြစ်ပါတယ်။
2019-05-27
တပ်မတော်အနေနဲ့ AA ရခိုင်အဖွဲ့နဲ့ နှစ်ဖက်အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးအပေါ် အတိအကျ မပြောနိုင်ပေမဲ့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့ရဲ့နယ်မြေသတ်မှတ်ဖို့ မဖြစ်နိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။
2019-05-27
မြန်မာနိုင်ငံရဲ့ ပြည်ပဆန် တင်ပို့မှုမှာ မနှစ်က တန်ချိန် ၃.၆၈ သန်း တင်ပို့နိုင်ခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ ပိတ်ပင်မှုကြောင့် ဒီနှစ်မှာ တန်ချိန် နှစ်သန်းကျော်ပဲ တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။
2019-05-27
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးဒေသမှာ တပ်မတော် တပ်ရင်း သုံးခုရှိတဲ့အတွက် မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ထိခိုက်မှုမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
2019-05-27
မွန်ပြည်နယ် ရေးမြို့နယ်က ကျပ်သန်းတစ်ထောင်တန် အောင်သပြေ-နှစ်ကရင် လမ်း ဆောက်လုပ်ရေးအတွက် တင်ဒါမခေါ်ယူဘဲ The Southern Myanmar(SMD) ကုမ္ပဏီကို ပြည်နယ်ဝန်ကြီးချုပ်က လုပ်ပိုင်ခွင့်ပေးလိုက်တာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ စိစစ်စုံစမ်းပေးဖို့ ဆိုပြီး မွန်ညီညွတ်ရေးပါတီက ပြည်ထောင်စုအစိုးရထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2019-05-27
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ လူသတ်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရတဲ့ တပ်မတော်သား ၇ ဦးဟာ လက်ရှိ အကျဉ်းထောင်တွေထဲမှာ မရှိတော့ဘူးဆိုတဲ့ သတင်းကို တပ်မတော်က အတည်မပြုနိုင်သေးကြောင်းပြောပေမယ့် အကျဉ်းဦးစီးဌာနက ဟုတ်မှန်ကြောင်း အတည်ပြုပြောလိုက်ပါတယ်။
2019-05-27
အကျဉ်းထောင်ဆူပူမှုဖြစ်အောင် ရည်ရွယ်ပြီး လှုံ့ဆော်တဲ့အနေနဲ့ သတင်းမှားတွေကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေနေသူတွေကို တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ အကျဉ်းဦးစီးဌာနက မနေ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။
2019-05-27
သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် တောင်းဆိုဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ မှတ်တမ်းတင် ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံတွေကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းက ORCHID ဟိုတယ်မှာ ဒီနေ့ ပြသနေပါတယ်။
2019-05-27
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာက ရွာသား သုံးဦးကို တပ်မတော်က ဖမ်းဆီးပြီးနောက် အဲဒီအထဲက ရိုက်နှက်ခံရတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကျောက်တော်ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေရတဲ့ အသက် ၄၃ နှစ်အရွယ် ဦးကျော်လှိုင်ဟာ မနေ့က သေဆုံးသွားပါတယ်။
2019-05-27
ဂျပန် တိုယိုတာ ကားကုမ္ပဏီက ဒီနှစ်အတွင်း မြန်မာနိုင်ငံမှာ မော်တော်ကားသစ်တွေ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံတစ်ရုံလာရောက် ဖွင့်လှစ်လုပ်ကိုင်မယ်လို့ ကြေညာပါတယ်။