သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-19
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံ ရမှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် နိုင် ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမှာဖြစ် တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြ ထားပါတယ်။
2016-11-19
ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ သံရုံးဝန်ထမ်းတွေနဲ့ ပွဲစားတွေ ပူးပေါင်း ပြီး နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူတွေဆီ ကနေ ငွေကြေးပိုမိုကောက်ခံနေတယ်ဆိုတာကို အထောက် အထား အပြည့်အစုံနဲ့ တိုင်ကြားရင် အရေးယူဆောင်ရွက် သွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူးကြီး ဦးဝဏ္ဏဟန်က ပြောပါတယ်။
2016-11-19
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းကို တာဝန်ကနေ ရပ်စဲကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-11-18
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး UNHCR က ရခိုင်ပြည် နယ် မောင်တောဒေသမှာ ဒုက္ခရောက်နေ တဲ့ အရပ်သား ၁ သိန်းခွဲထံကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံး သွားရောက်ထောက်ပံ့ခွင့်ပေး ဖို့ မြန်မာအစိုးရကို နိုဝင်ဘာ ၁၈ ရက်နေ့ မနေ့က တိုက်တွန်း လိုက်ပါတယ်။
2016-11-18
ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေ တဲ့ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အတည်ပြုပြဌာန်းပြီးရင် စာပေဟောပြောပွဲ၊ တရားပွဲ နဲ့ ဖျော်ဖြေပွဲတွေကျင်းပဖို့ ထောက်ခံချက်ယူစရာ မလို အပ်တော့ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။
2016-11-18
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မနေ့က မသင်္ကာဖွယ်ရာ ရွာသား ၁၄ ယောက်ကို ဖမ်းဆီးရမိထားတယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော် မတီက ထုတ်ပြန်ထား ပါတယ်။ ဖမ်းဆီးရမိထားသူတွေ ဟာ မောင်တောမြို့ နယ် သက်ကိုင်ည၊ ဝက်ပြင်နဲ့ ပွင့်ဖြူချောင်းကျေး ရွာတွေက ဖြစ်ပါတယ်။
2016-11-18
စစ်ကိုင်းတိုင်းဒေသကြီး ကနီ-မင်းကင်းမြို့မလမ်း ဖောက် လုပ်ရာမှာ ပါသွားတဲ့ မြေယာတွေအတွက် လျော်ကြေးပေးဖို့ စာရင်းတွေ လိုက်လံကောက်ယူပြီး ၂၀၁၇ခုနှစ် ဘတ်ဂျက်မှာ ရရှိအောင် တင်ပြပေးသွားမယ်လို့ ကနီမြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြော ပါတယ်။
2016-11-18
ကချင်ပြည်နယ် အစိုးရအဖွဲ့က ဝိုင်းမော် မြို့နယ်မှာ အကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့ စက်မှုဇုန်စီမံကိန်းနေရာ ဟာ တောင်သူတွေရဲ့ စိုက်ပျိုးမြေဧက ငါးထောင်လောက် ပါဝင်နေတဲ့အတွက် တောင်သူတွေဘက်က သူတို့ရဲ့ စိုက်ပျိုးမြေနေရာမှာမလုပ်ဖို့ နိုင်ငံတော်သမ္မတံ စာရေးသား တင်ပြဖို့ ပြင်ဆင်နေကြပါတယ်။
2016-11-17
အိမ်အကူအလုပ်သမားများ အပါအဝင် အလုပ်သမားများခန့်ထားရာမှာ ပြဌာန်းထား တဲ့ နည်းဥပဒေများနဲ့အညီ အလုပ်သမားမှတ်ပုံတင်ထားပြီးမှ ခန့်ထားဖို့နဲ့ အလုပ်ရှင်များမှ အလုပ်သမားများကို ဥပဒေမဲ့ လုပ်ရပ်များ မလုပ်နိုင်ရန် ကာကွယ်တားဆီးပေး ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2016-11-17
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ရဲ့ ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်နဲ့ တိုင်းဒေသ ကြီးမဲဆန္ဒနယ် အမှတ်(၂) က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်တို့ နှစ်ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားမဲ့ပြုကျင့်မှုနဲ့ ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်လိုက်ပြီး NLD ပါတီက ကိုယ်စားလှယ် နှစ်ဦးကို အစားထိုးခန့်အပ်လိုက်ပါတယ်။
2016-11-17
ရခိုင်ပြည်နယ် မောင်တောမြို့နယ် က ကျေးရွာတွေမှာ အကြမ်းဖက်သမားလို့ ယူဆရသူ ၅၉ ဦးကို မနေ့က ထပ်မံဖမ်း ဆီးရမိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ဒီကနေ့ သတင်းထုတ်ပြန် ပါတယ်။
2016-11-17
စစ်ကိုင်းမြို့ Myanmar Veneer သစ် အချောထည်စက်ရုံ အလုပ်သမားသပိတ် မှာ ပါဝင်ခဲ့တဲ့ အလုပ်သမားခေါင်းဆောင် ၃ ဦးကို စစ်ကိုင်းမြို့မရဲစခန်းက ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖွင့်ထားတဲ့ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကိုင်း မြို့နယ်တရားရုံးကို တင်သွားမှာဖြစ်ပါတယ်။
2016-11-17
ရွှေတိဂုံစေတီတော်ကို အကြမ်းဖက် သမားတွေက ဖျက်ဆီးမယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့ အတွက် စေတီတော်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေ တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
2016-11-17
ပုဂံငလျင်ကြောင့် ပျက်စီးသွားတဲ့ စေတီတွေ ထဲက ထီးလိုမင်းလိုဘုရားရဲ့စေတီအစိတ် အပိုင်းတချို့နဲ့ အရံစေတီအချို့ ထိခိုက် ပျက် စီးတာတွေကို "ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း "ကို ပြုပြင်ဖို့ ခွင့်ပြုပေးလိုက်တဲ့ ဂေါပကအဖွဲ့ကို ဒီတစ်ပတ် အတွင်း စစ်ဆေးသွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲက ပြော ပါတယ်။
2016-11-16
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အစိုးရတပ်ဖွဲ့တွေရဲ့ လတ်တလော စစ်ဆင်ရေးတွေအတွင်း အသက်ဆုံးရတဲ့ ရိုဟင်ဂျာမွတ်စလင်ဦးရေ အနည်းဆုံး ၁၅ဝ ရှိတယ်လို့ ARNO ခေါ် ရခိုင်ရိုဟင်ဂျာအစည်းအရုံး ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကိုလင်း ဆိုသူက ဗုဒ္ဓဟူးနေ့မှာ ပြော ဆိုကြောင်း နောက်ဆုံးရ အေပီ သတင်းမှာဖေါ်ပြထား ပါတယ်။