သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-06
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ကျင်ဆန်းကျော့ဂိတ်ကနေ တရုတ်နိုင်ငံဘက် ကုန်စည်တင်ပို့ရာမှာ အချိန်တွေ ကြန့်ကြာနေလို့ ဖရဲသီးတွေ ပျက်စီးကုန်တယ်လို့ သစ်သီးကုန်သည်တွေက ပြောပါတယ်။
2021-12-06
ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် အာဏာယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံသွားမယ်လို့ ဒီနေ့ပြောလိုက်ပါတယ်။
2021-12-06
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်ထဲက ဆန္ဒပြသူတွေကို စစ်ကားနဲ့တိုက် ဖမ်း ဆီးခဲ့တဲ့ဖြစ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ နေရာ ၄ နေရာမှာ ဒီဇင်ဘာ ၅ ရက် မနေ့က လက်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2021-12-06
ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီဇင်ဘာ ၅ ရက် မနေ့က သားအမိနှစ်ဦး နေအိမ်ရှေ့ မှာရှိနေစဉ် မိုင်းနင်းမိလို့ မိခင်ဖြစ်သူ သေဆုံးပြီး လေးနှစ်အရွယ် သမီးဖြစ်သူ ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-06
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့မှာ ဒီဇင်ဘာ ၆ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး အိမ်စီးကားသုံးစီး ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-05
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ မနေ့က ဆန္ဒပြသူတွေကို စစ်ကားနဲ့တိုက်ပြီး သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုဟာ လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံရုံးက ညှိနှိုင်းဆောင်ရွက်ရေးမှူး Ramanathan Balakrishnan က မနေ့ကပဲ ကြေညာချက် ထုတ်ပါတယ်။
2021-12-05
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ လူငယ်သပိတ် စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကားနဲ့ ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။
2021-12-05
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ဒီဇင်ဘာ ၅ ရက် ဒီနေ့ မနက်က ဆန္ဒပြလူငယ်တွေ ကားနဲ့တိုက် ဖြိုခွင်းခံခဲ့ရပြီးနောက် ဗုံးပေါက်ကွဲခဲ့ရာမှာ သုံးယောက် ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-05
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကတစ်ဦးလည်းဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ သူရ ဦးတင်ဦးထံ လက်ရှိ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၅ ရက် ဒီနေ့မနက်က နာရီဝက်ခန့်ကြာ လာရောက်တွေ့ဆုံခဲ့တယ်လို့ NLD နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-05
ဖုန်းခေါ်ဆိုခနဲ့ အင်တာနက်သုံးစွဲခနှုန်းထားတွေ တိုးမြှင့်သတ်မှတ်မယ်ဆိုရင် ဖုန်းအော်ပရေတာတွေကို စစ်ကောင်စီရဲ့ လက်ပါးစေတွေအဖြစ် သတ်မှတ်ပြီး တာဝါတိုင်တွေ ဖျက်ဆီးမယ်လို့ AREA 21 Revolution Network က ဒီဇင်ဘာလ ၅ ရက် ဒီနေ့ ထုတ်ပြန်ကြေညာ ပါတယ်။
2021-12-04
စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာလ ၁၁ ရက်ကနေ ဒီဇင်ဘာ ၄ ရက် မနေ့က အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း ကလေးမြို့နယ်ထဲက ဒေသခံ ၂၆ ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်အဖွဲ့က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။
2021-12-04
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန် လူထုသပိတ်စစ် ကြောင်းကို ဒီဇင်ဘာ ၅ ရက် ဒီမနက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့ဝင်တိုက် သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံး ထိခိုက်သူတွေ ရှိခဲ့တယ်လို့ အနီးနား ဒေသခံတွေက ပြောပါတယ်။
2021-12-04
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စကိုင်းတိုင်း ကလေးမြို့နယ်ထဲက ကြံသားရွာမှာ အိမ် ၁၃ လုံး၊ ဒိုးနွယ်ရွာက ၄ လုံး၊ တင်သားရွာက ၄ လုံး၊ ရေရှင်ရွာမှာ ၄ လုံး၊ ထလုံးရွာက ၃ လုံး၊ လယ်ခြားရွာက ၁ လုံး မီးရှို့ဖျက်ဆီးခံရ ပြီးတော့ နိုဝင်ဘာလထဲမှာတော့ ရေရှင်ကျေးရွာက အိမ် ၁၅ လုံး၊ ချင်းဆိုင်ရွာက အိမ် ၈ လုံး၊ ချောင်းခွရွာက ၃ လုံးနဲ့ ဥယျာဉ်ရွာက အိမ် ၄ လုံး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-04
ဒေသခံတွေ မနေတော့တဲ့ ချင်းပြည်နယ် ထန်တလန်မြို့ပေါ်မှာ ဒီဇင်ဘာ ၄ ရက် ဒီနေ့မနက်ပိုင်းကစလို့ ညနေ ၅ နာရီခွဲအထိ တစ်နေကုန် မီးလောင်နေတယ်လို့ မြို့အနီးတဝိုက်က ဒေသခံတွေက ပြောပါတယ်။
2021-12-04
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ဗဟိုလုပ်ငန်း ကော်မတီဝင် တိုင်းရင်းသားရေးရာ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ ကိုနှင်းအောင်ဟာ ဒီဇင်ဘာလ ၃ ရက် မနေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တင်းငုတ်ကြီးရွာနားမှာ အသတ်ခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။