သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-04
စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနင်းခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာ ကြောင့် ကျေးရွာဆယ်ရွာထက်မနည်း ရွာလုံးကျွတ် ထွက်ပြေးနေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-04
စစ်ကောင်စီလက်ထက် နိုင်ငံတကာရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံ မှုတွေ ကျဆင်းလာတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး ၁၀ လအကြာ ဒီဇင် ၃ ရက်မနေ့က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောလိုက်ပါတယ်။
2021-12-04
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲ ဒီဇင်ဘာ ၄ ရက် ဒီကနေ့မှာ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တွေ မိုင်းထောင်နေစဉ် စစ်တပ်ဘက်က သေနတ်နဲ့ပစ်လို့ အသက် ၃၀ အရွယ် PDF တပ်ဖွဲ့ဝင် တစ်ယောက် သေဆုံးခဲ့ပါတယ်။
2021-12-04
စစ်ကိုင်တိုင်း ချင်းတွင်းမြစ်ထဲမှာ စစ်တပ်ပိုင် ရွှေဂျိုးဖြူဆီသင်္ဘောနဲ့ BOC သင်္ဘောတို့ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့က ဒီဇင်ဘာလ ၃ ရက်မနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
2021-12-04
ချင်းပြည်နယ် မတူပီမြို့မှာ ကုန်ကား ၇ စီးကို ကုန်ချခွင့်မပေးဘဲ မတူပီ စစ်တပ်ထဲ မှာ ဖမ်းဆီးခံထားရတယ်လို့ CDF မတူပီ တပ်ရင်း-၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရေဂင်က ပြောပါတယ်။
2021-12-03
NUG အစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ဝဝ၊ ၅ဝဝ၊ ၁ဝဝဝ နဲ့ ၅ဝဝဝ တန် အထူးငွေတိုက်စာချုပ်တွေ ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့ကစတင်ပြီး ရောင်းချခဲ့ရာမှာ နိုဝင်ဘာ ၂၈ ရက် နေ့အထိ တပတ်ကြာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၅ သန်းဖိုးခန့် ရောင်းချခဲ့ရပါတယ်။
2021-12-03
ကချင်ပြည်နယ် ဗန်းမော်မြို့ အနောက်ဘက်ခြမ်း ရှမ်းမိုင်းတာရွာမှာ စခန်းချထားတဲ့ ဗန်းမော် PDFနဲ့ စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၃ရက် မနက်ကနေ ညနေထိ တနေ ကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် အရပ်သား၃ ဦး လက်နက်ကြီး ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
2021-12-03
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ရှားတော၊ လယ်ခြားရွာတွေကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၃ ရက် မနက် ရှစ်နာရီခွဲအချိန်မှာ နင်းမိုင်း၊ ဆွဲမိုင်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများ အပြား ဒဏ်ရာရှိသွားတယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Ranger Kalay Defend Force) ကထုတ်ပြန် ပါတယ်။
2021-12-03
တနင်္သာရီတိုင်း ရေဖြူမြို့နယ် (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် (ခ) ဦးအာလူး ဟာ ဒီဇင်ဘာလ ၃ ရက် ဒီနေ့မနက်က နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် ထားဝယ်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-12-03
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ် တယ်ဆိုပြီး ဒီဇင်ဘာ ၃ ရက် ဒီနေ့မနက်က ကျောင်းသူတစ်ဦး ဖမ်းဆီးခံလိုက်ရ တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-12-03
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာကျေးရွာမှာ ဒီဇင်ဘာလ ၃ ရက် ဒီနေ့ မွန်းလွဲပိုင်းက နေအိမ်ငါးလုံး မီးရှို့ခံရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2021-12-03
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် စွယ်ဆုံရွာ လမ်းဆုံအနီးမှာ ဖွင့်လှစ်ထားတဲ့ တူဒေး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုပြည့်ဖြိုးမောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့လယ်က စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးမှုခံရပြီးနောက် အဲဒီနေ့ညမှာပဲ သေဆုံးသွားတဲ့အကြောင်း မိသားစုထံ အကြောင်းကြားလာတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2021-12-03
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်တွေအဖြစ် သတ်မှတ်ခံထာားရသူ လေးဦး ဒီဇင်ဘာလ ၃ ရက် ဒီနေ့ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-03
ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကလေးငယ် ငါးသန်းကျော် ဟာ လာမယ့်နှစ်အတွက် လူမှုဘဝ လုံခြုံမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့တွေ လိုအပ်နိုင်တယ်လို့ Save the Children အဖွဲ့က ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
2021-12-03
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်ထဲက အမှတ် (၁) တိုးချဲ့ရပ်ကွက် (ထားဝယ်ချောင်) မှာ နေထိုင်တဲ့ ဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီက ဒီဇင်ဘာလ ၂ ရက် မနေ့က အင်အားသုံးဖယ်ရှားခဲ့ပါတယ်။