သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-12
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ မြန်မာ့တပ်မတော်နဲ့ ပြန်လည်တွေ့ဆုံဆွေးနွေးလိုကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2018-11-12
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ဖို့ သဘောတူထားတဲ့ နိုဝင်ဘာ ၁၅ ရက်မတိုင်ခင် ပြန်ပို့မယ့်စာရင်းထဲပါနေတဲ့ မိသားစုအတော်များများ ဒုက္ခသည်စခန်းကနေ ထွက်ပြေးသွားခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2018-11-12
Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Ambassador of Conscience Award ခေါ် လူ့အခွင့်အရေးဆု ကို နိုဝင်ဘာ ၁၂ ရက်နေ့က ပြန်လည် ရုပ်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။
2018-11-12
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ကူညီဖို့နဲ့ ရခိုင်ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာ နေထိုင်နေသူတွေကို ကူညီဖို့အတွက် ကာတာနိုင်ငံအစိုးရရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့နဲ့ ကာတာလခြမ်းနီအသင်းတို့ သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။
2018-11-12
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ စင်္ကာပူမှာကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာ ရခိုင်ပြည်နယ်ပဋိပက္ခကို အာဆီယံအဖွဲ့အနေနဲ့ ဖြေရှင်းဖို့ ထည့်သွင်းပြောကြားမယ်လို့ သိရပါတယ်။
2018-11-12
စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ စီးပွားရေးထက် မြန်မာနိုင်ငံက လတ်တလော နိုင်ငံရေးအခြေအနေအပေါ် အများက အာရုံစိုက်မယ့် အလားအလာတွေ ပိုများနေပါတယ်။
2018-11-12
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေကို မြန်မာအစိုးရက လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်လက်ခံမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေ တကယ် ပြန်လာမလားဆိုတာကိုတော့ အတိအကျ မသိနိုင်သေးပဲ ဖြစ်နေပါတယ်။
2018-11-12
"ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန" ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော် သမ္မတကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်ထံ တင်ပြလိုက်ပါတယ်။
2018-11-12
မြန်မာနိုင်ငံလုံးဆိုင်ရာ စင်ကာပူအဖွဲ့ချုပ် (SAM) က ဦးဆောင်ကျင်းပတဲ့ ပထမဦးဆုံးအကြိမ် စီးပွားရေးထိပ်သီးဆွေးနွေးပွဲကို လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
2018-11-12
မြန်မာနိုင်ငံက မဖံ့ွဖြိုးသေးတဲ့ ကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်လိုက်ပါတယ်။
2018-11-12
မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေအပေါ် လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်နေကြပါတယ်။
2018-11-12
ရခိုင့်ဦးဆောင်ပါတီသစ်မှာ တပ်မတော်နဲ့ ရဲအရာရှိ အငြိမ်းစားတွေ၊ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ ပါဝင်မှာဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ဒီနေ့ ပြောပါတယ်။
2018-11-12
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစိတ်ချစွာ ပြန်လာရေးကို အားပေးထောက်ခံကြောင်း မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2018-11-11
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ်ကို နိုဝင်ဘာ ၁၅ ရက်၊ ကြာသပတေးနေ့မှာ စတင်မယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အကြောင်းကြားထား တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
2018-11-11
ဥရောပသမဂ္ဂ EU က မြန်မာ့ဆန်တင်သွင်းမှုအပေါ် ပေးထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး GSP ကို ၃ နှစ်လောက် ရုပ်သိမ်းဖို့ရှိကြောင်း မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံ အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။