သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-19
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲ ဝင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန် လိုက်ပါတယ်။
2020-10-19
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့ရဲ့ တိုက်ပွဲတွေ ရပ်တန့်သွားလို့ စစ်ဘေးဒုက္ခသည်ရွာသားတွေဟာ သူတို့နေရပ်ကို အသီးသီး ပြန်ကုန်ကြပါပြီ။
2020-10-19
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မြို့နယ်တချို့မှာ ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ကြေညာခဲ့ တာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မှာကို စိုးရိမ်ရတဲ့အတွက် ပြန်လည်သုံးသပ် ပေးဖို့ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ကအောက်တိုဘာ ၁၈ မနေ့က ရက်စွဲနဲ့ စာပေးပို့ပြီး တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
2020-10-18
မွန်ပြည်နယ်၊ ရေး-မော်လမြိုင်ကားလမ်း ခံသင်းတံတားအနီးမှာ အောက်တိုဘာ ၁၅ ရက်ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီမှာ မွန်ပြည်သစ်ပါတီဘက်က အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။
2020-10-18
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ငါးဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့လို့ မြဝတီ-မဲဆောက် ကုန်သွယ်ရေးကို ဒီနေ့ကစပြီး ယာယီပိတ်ထားဖို့ ထိုင်းအစိုးရဘက်က အဆိုပြုထားတယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြောပါတယ်။
2020-10-18
ရခိုင်ပြည်နယ် မြောက်ပိုင်း ၉ မြို့နယ်နဲ့ တောင်ပိုင်း ၄ မြို့နယ်က ကျေးရွာအုပ်စု တစ်ရာကျော်တို့မှာ ရွေးကောက်ပွဲဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်ဟာ ရခိုင်ပြည်သူတွေတွေရဲ့ ရပိုင် ခွင့်ကိုသာမက ရခိုင်ပြည်ရဲ့ကံကြမ္မာကိုပါ ဗြောင်ကျကျ စိန်ခေါ်လိုက်တာလို့ ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့တွေက အောက်တိုဘာလ ၁၇ ရက်နေ့ မနေ့က ဝေဖန်ကန့်ကွက်လိုက်ပါတယ်။
2020-10-18
ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း ထိန်းချုပ်နိုင်ဖို့ Stay at Home အဖြစ် သတ်မှတ်ထားတဲ့ ပုသိမ်မြို့မှာ အောက်တိုဘာလ ၁၇ ရက် မနေ့က NLD ပါတီကို လူစုလူဝေးနဲ့ အင်အားပြထောက်ခံ လှည့်လှည်ရာမှာပါဝင်တဲ့ NLD ပါတီဝန်းရံသူ ၁၀ ဦးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အရေးယူမယ်လို့ သိရပါတယ်။
2020-10-17
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP ကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ အောက်တိုဘာလ ၁၇ ရက် ဒီနေ့ည (၈) နာရီမှာ ကြေညာလိုက်ပါတယ်။
2020-10-17
ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့မှာ အောက်တိုဘာလ ၁၇ ရက်နေ့က NLD ဝန်းရံသူတွေက လူစုလူဝေးနှင့် မြို့အနှံ့ အင်အားပြလှည့်လည်ခဲ့ပါတယ်။
2020-10-17
မွန်ပြည်နယ်လွှတ်တော် မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိနေပြီး လာမယ့်လ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိသူ ဖြစ်ရေးအတွက် မဲဆွယ်နေကြပါပြီ။
2020-10-16
ဂျော်ဒန်နိုင်ငံက အထည်စက်ရုံတခုမှာ လုပ်နေတဲ့ မြန်မာနိုင်ငံသား ၇ဝ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ဒီအခြေအနေမှာ စက်ရုံကတော့ ပုံမှန်လည်ပတ်နေဆဲဖြစ်တာကြောင့် နောက်ထပ် ကူးစက်မှုတွေ တိုးလာမှာကို အလုပ်သမားတွေကြားမှာ စိုးရိမ်နေကြပါတယ်။
2020-10-16
ရွေးကောက်ပွဲကာလအတွင်းမှာ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ဆူပူလှုံ့ဆော်နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ကြေညာချက်ထုတ်ပြန် အမိန့်ပေးလိုက်ပါတယ်။
2020-10-16
ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် ခြောက်ခုက နေရာအတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2020-10-16
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြားပင်ရင်းရွာက အသက် ၅၇ နှစ်အရွယ် ဦးဘရွှေဟာ လက်နက်ကြီးအစထိမှန်လို့ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူရင်း မနေ့က ဆေးရုံမှာပဲ သေဆုံးသွားပါတယ်။
2020-10-16
လူဦးရေ ၁၃၀ ကျော်လောက် ခိုလှုံနေကြရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ဒုက္ခသည်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကြားထဲမှာ ပထမဆုံး အတည်ပြုလူနာ ဖြစ်ပါတယ်။