သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-11
အစိုးရနဲ့ တရားဝင်ငြိမ်းချမ်းရေး အစည်းအဝေးတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းလိုက်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေက ပြောပါတယ်။
2018-11-11
ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် မွတ်စလင်ဒုက္ခသည်တွေကို နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ် ထုတ်ပေးမှာဖြစ်ပြီး သူတို့ကို မောင်တောဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောလိုက်ပါတယ်။
2018-11-11
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကျင်းပမယ့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ "အမျိုးသားလုံခြုံရေး လူမှုကွန်ယက်ဗဟို" က ဦးဆောင်ကျင်းပမယ့် တပ်မတော်ထောက်ခံပွဲကို ရှမ်းပြည်နယ်မှာရှိတဲ့ လူမှုရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်း ၂၀ ကျော်က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
2018-11-11
ရှမ်းပြည်နယ် မူဆယ်မြို့နယ်က နေအိမ်တစ်လုံးမှာ ဒီနေ့ မိုင်းတစ်လုံးပေါက်ကွဲတာကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2018-11-10
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သက်ဆိုင်တဲ့ တရားဝင်အစည်းအဝေးတွေမှာ KNU အနေနဲ့ဆက်မပါဘဲ ယာယီရပ်ဆိုင်းထားမယ်လို့ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
2018-11-10
မန္တလေးတိုင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံး တည်ဆောက်မယ့် ကမ်းနားလမ်း ပေါ်တော်မူဘုရားအနီး နေထိုင်သူတွေကို ရေကြောင်းရဲတပ်ဖွဲ့က ဒီနေ့မနက်မှာ အင်အားသုံးဝင်ရောက်ဖယ်ရှားပြီး ၆ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
2018-11-10
စက်သုံးဆီဈေးနှုန်းမြင့်တက်မှုဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အသုံးစရိတ်တွေပေါ်မှာပါ အကျိုးသက်ရောက်မှုတွေရှိလာကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုတာတွေ ရှိလာပါတယ်။
2018-11-10
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ရေမဆေးကျောက်ရှာဖွေသူတွေကို အသိအမှတ်ပြု ကတ်ပြားတွေ ထုတ်ပေးသွားဖို့ စီစဉ်ထားတယ်လို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်က ပြောပါတယ်။
2018-11-10
ပုဂံမြို့ဟောင်း သရပါဟိုတယ်က အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၂ ဦး အပါအဝင် အလုပ်သမား ၉ ဦးဟာ သူတို့ကို အလုပ်ပြန်ခန့်ပေးဖို့ ပုဂံမြို့သစ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2018-11-10
ရိုဟင်ဂျာ လူငယ်တစ်ဦး သေနတ်ပစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ နှစ်နိုင်ငံ နယ်စပ်ရဲတပ်ဖွဲ့ဝင်တွေ အကြား အလံတင်အစည်းအဝေး ချက်ချင်းခေါ်ယူပြီး ဆွေးနွေးဖို့ လိုအပ်ကြောင်း မြန်မာအစိုးရက တိုက်တွန်းလိုက်ပါတယ်။
2018-11-10
ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာအုပ်စုနဲ့ လှာကာကျေးရွာအုပ်စုမှာရှိတဲ့ ဘိလပ်မြေစက်ရုံ ၂ ရုံဟာ ဒီနှစ်ကစပြီး ကျောက်မီးသွေးစွမ်းအင်နဲ့ လည်ပတ်ဖို့ ပြင်ဆင်နေတာကို ရပ်တန့်ပေးဖို့ ဒေသခံတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2018-11-09
မြန်မာနိုင်ငံက မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူတွေအတွက် data အသုံးပြုတာနဲ့ ပတ်သက်ပြီး ပညာပေးရေးအစီအစဉ်မှာ ပူးပေါင်းပါဝင်မယ့်အကြောင်း ကုမ္ပဏီ ၄ ခုက ကြေညာလိုက်ပါတယ်။
2018-11-09
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မကြာခင် နေရပ်ပြန်ပို့ရေးကိစ္စဟာ အန္တရာယ်များပြီး စောလွန်းနေတဲ့အပြင် ဒုက္ခသည်တွေအနေနဲ့လည်း နေရပ်ပြန်ရမှာကို အတော်လေး စိုးရိမ်နေကြတယ်လို့ NGO အဖွဲ့တွေက ပြောလိုက်ပါတယ်။
2018-11-09
စင်္ကာပူနိုင်ငံမှာကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ဦးစားပေးဆွေးနွေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ APHR က တိုက်တွန်းလိုက်ပါတယ်။
2018-11-09
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တချို့တဝက်ကို သူတို့နိုင်ငံ ပြောင်းရွေ့နေထိုင်ဖို့ ကနေဒါနိုင်ငံက ကမ်းလှမ်းခဲ့တာကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံခြင်းမရှိဘူးလို့ ဒီကနေ့ သိရပါတယ်။