သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-16
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်းမြို့ ရပ်ကွက် (၂) နဲ့ (၃) တို့မှာနေထိုင်တဲ့ သုံးခေါက်ချိုး မှတ်ပုံတင်လို့ ခေါ်ကြတဲ့ အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်သူတွေ၊ သူတို့ မျိုးဆက်တွေထဲက အသက် ၁၈ နှစ် ပြည့်ပြီးသူတွေဟာ သွေးနှောလို့ သတ်မှတ်ခံထားရကြောင့် မဲပေးခွင့် ဆုံးရှုံးမယ့်သူ တစ်ထောင်ကျော် ရှိတယ်လို့ ကာယံရှင်တွေက ပြောပါတယ်။
2020-10-16
တပ်မတော်အနေနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေကနေ ဝန်ကြီးချုပ်တွေကို ရွေးချယ်ခန့်ထားနိုင်ဖို့ လိုလားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2020-10-16
၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပါတီတွေကို တခဲနက်မဲပေးဖို့ ကရင်အမျိုးသား အစည်းအရုံး KNU က တိုက်တွန်းလိုက်ပါတယ်။ အာဏာရပါတီကတော့ လူမျိုးရေးအရ စည်းရုံးတာ မသင့်တော်ဘူးလို့ ဆိုပါတယ်။
2020-10-16
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်ဆင်ရေးဝင်ရောက်နေတဲ့ တပ်မတော်သားတွေ မဲပေးဖို့ လျှောက်ထားတာ တစ်သောင်းနဲ့ ရှစ်ဆယ်ဦးရှိတယ်လို့ ရှမ်းပြည်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။
2020-10-16
ကပ်ရောဂါကူးစက်မှု၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ရှိနေမှုအပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်တာတွေ၊ ရန်လိုမှုပြသနေတာတွေကို ရပ်တန်းက ရပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2020-10-15
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က NLD ကိုယ်စားလှယ်လောင်းတွေကို ဖမ်းထားတာ ၁ ရက်ကျော်ကြာလာပြီဖြစ်ပေမယ့် ဘာသတင်းမှ မကြားသေးတာကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ အသက်အန္တရာယ်ကို မိသားစုတွေက စိုးရိမ်နေကြပါတယ်။
2020-10-15
နှင်းဆီပါတီ ခေါ် “ညီညွတ်သောဒီမိုကရက်တစ်ပါတီ” UDP ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ကနေဒါဒေါ်လာ ၁၈ သန်းကို တရုတ်နိုင်ငံရှိ တရားမဝင် ဟွန်ဒီငွေလွှဲလုပ်ငန်းတွေ ကတဆင့် မြန်မာပြည်ထဲ လွှဲပြောင်းခဲ့ပြီးတဲ့နောက်၊ ပြည်တွင်းမှာ တရားမဝင် ငွေမဲ လျှော်ဖွတ်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး က ပြောလိုက်ပါတယ်။
2020-10-15
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဇီးတောတောရဘုန်းကြီးကျောင်း စစ်ဘေးဒုက္ခသည် စခန်းမှာရှိနေတဲ့ ပလက်ဝမြို့နယ်က ရဟန်းတစ်ပါး၊ စစ်ဘေးဒုက္ခသည်တွေထဲက အသက်မပြည့်သေးသူ နှစ်ဦး နဲ့ လူငယ်တစ်ဦးကို အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုနဲ့ရဲက ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ကျောင်းထိုင် ဆရာတော်က RFA ကို ပြောပါတယ်။
2020-10-15
မန္တလေးထောင်ကနေ ထွက်ပြေးပြီးနောက် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက် လာခဲ့တဲ့ UDP ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ကနဦးစစ်ဆေးချက်အရ ငွေကြေးခဝါချမှု ဥပဒေ၊ တရားမဝင်နိုင်ငံအတွင်း ဝင်ရောက်မှု ဥပဒေတွေနဲ့ ငြိစွန်းနေတာကို စစ်ဆေးတွေ့ရှိ ရကြောင်း နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။
2020-10-15
နေရာအနှံ့သွားလာနေရတဲ့ ကုန်တင်ယာဉ်မောင်းသူတွေနဲ့ ယာဉ်နောက်လိုက်တွေဟာ သုံးရက် တစ်ကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူ စစ်ဆေးခံရတဲ့ဒဏ်ကို မခံနိုင်တာကြောင့် ဆေးစစ်သက်တမ်းကို ရက်တိုးသတ်မှတ်ပေးဖို့ လိုလားနေကြပါတယ်။
2020-10-14
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို လက်နက်ကိုင်တချို့ မနေ့က ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ AA အဖွဲ့ ပြောခွင့်ရသူကတော့ ဒီလိုဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မသိသေးဘူးလို့ ပြောပါတယ်။
2020-10-14
အခုလို ကပ်ဘေးကာလ လူသားချင်းစာနာတဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ထိုးစစ်တွေ ချက်ချင်းရပ်ဖို့ တပ်မတော် ကို Free Burma Rangers အဖွဲ့က တောင်းဆိုလိုက် ပါတယ်။ NLD အစိုးရအနေနဲ့လည်း ရက္ခိုင့်တပ်တော် (AA) နဲ့ တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးလုပ်ဖို့ တိုက်တွန်းထား ပါတယ်။
2020-10-14
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မြောက်ပိုင်း အောင်သာစည်တောင်တန်းတဝိုက်မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ မနေ့ကစလို့ တပ်မတော်က ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက အင်အားသုံးတိုက်ခိုက်နေပြီး ဒီနေ့မှာတော့ အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-10-14
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအမြောက်အများကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ တယ်လို့ ဝန်ခံထားတဲ့ တပ်မတော်သားနှစ်ဦးဟာ၊ လက်ရှိ နိုင်ငံတကာရာဇဝတ်ခုံရုံး အိုင်စီစီကို ရောက်၊ မရောက် အငြင်းပွားမှုတွေရှိနေပြီး၊ တကယ်လို့ ရောက်နေတယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ သူတို့နှစ်ဦးကို သံတမန်နည်းနဲ့ တရားဝင် ပြန်တောင်းယူသွားမယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2020-10-14
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ဒီနှစ်ဆန်းကစပြီးတွေ့ရှိခဲ့တာ ဆယ်လဝန်းကျင်ရှိလာတဲ့အချိန်မှာ ပိုးကူးခံရသူတွေ နေ့စဉ် ထောင်ဂဏန်းအထိ တိုးလာသလို သေဆုံးသူတွေလည်း ဆယ်နဲ့ချီပြီး နေ့စဉ်တိုးနေပါတယ်။