သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-07
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ရေးအစီအစဉ်ဟာ စောလွန်းတဲ့အတွက် ဆိုင်းငံ့ထားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2018-11-06
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ခိုလှုံနေကြရတဲ့ ဟိန္ဒူဘာသာဝင်ဒုက္ခသည်တွေကို နေရာ ၃ခုမှာ နေအိမ် ၂၀၀ ကျော်နဲ့ ဒီလကုန်ပိုင်းမှာ အပြီးသတ်နေရာချထားပေးမယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောပါတယ်။
2018-11-06
ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ NCA အပစ်ရပ်စာချုပ် အကောင်အထည်ဖော်တဲ့အခါ တစ်ဆို့နေတဲ့ အကြောင်းအရာတွေကို အဖြေရှာဖို့အတွက် KNU ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးကို ဘားအံခရိုင်၊ လေးဝါး၊ လော်ခီးလာမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2018-11-06
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာက ဒယ်ကို သတ္တုတွင်းမှာ မနေ့ ညနေက မြေပြိုတာကြောင့် ပိဿာစား ဒေသခံအလုပ်သမား ၂ ယောက်သေဆုံးတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်မောင်မောင် က ပြောပါတယ်။
2018-11-06
မြန်မာနိုင်ငံမှာ Facebook ကို အသုံးချပြီး အသက်အန္တရာယ်ဖြစ်စေတဲ့အထိ အကြမ်းဖက် မှုတွေဖြစ်စေခဲ့တဲ့ အမုန်းတရား ဖြန့်ဝေ ပြောဆိုကြတာတွေကို အမြဲတမ်းလုံလောက်အောင် တားမြစ်၊ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ကြောင်း Facebook ကုမ္ပဏီက မနေ့က ဝန်ခံလိုက်ပါတယ်။
2018-11-06
ဘင်္ဂလားဒေ့ရှ်က ပြန်လာမယ့် ဒုက္ခသည်တွေ လက်ခံရေးလုပ်ငန်းစဉ်မှာ နိုဝင်ဘာလလယ်ပိုင်းကစပြီး ပထမအသုတ် အဖြစ် လူဦးရေ ၂၂၆ဝ ကို ပြန်လည်လက်ခံဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူထားတယ်လို့ သိရပါတယ်။
2018-11-06
ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေဟာ နယ်မြေပိုင်းခြား သတ်မှတ်ထားမှု မရှိတာကြောင့်ဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။
2018-11-06
ပြီးခဲ့တဲ့နှစ် သြဂုတ်လက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ချိန်ကစပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးဂိတ်ကနေတဆင့် ဘင်္ဂလားဒေ့ရ်ှ ကုန်ပစ္စည်းတွေ တင်သွင်းမှု ရပ်ဆိုင်းနေတာကို ပြန်လည်စတင်ဖို့ ကြိုးပမ်းနေပါတယ်။
2018-11-05
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ငါးဆယ်ကျော်က ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသား တောင်းဆိုလိုက်ပါတယ်။
2018-11-05
ကြားဖြတ်ရွေးကောက်ပွဲမှာ လူငယ်မဲဆန္ဒရှင်တွေ ပါဝင်မှုနည်းတယ်လို့ လေ့လာစောင့်ကြည့်ခဲ့တဲ့ ရွေးကောက်ပွဲပညာပေးရေးနဲ့ စောင့်ကြည့်လေ့လာရေး မိတ်ဖက်များအဖွဲ့ EEOP က ပြောပါတယ်။
2018-11-05
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက မီကို ကော်ဖီမစ်စက်ရုံမှာ အလုပ်ထုတ်ပယ်ခံရတဲ့ နေ့စားအလုပ်သမား အယောက် ၃၀ ကို အလုပ်ပြန်ခန့်ပေးဖို့ စက်ရုံကအလုပ်သမားတွေဟာ မန္တလေးတိုင်း အစိုးရရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-11-05
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်မှာ ကြိုတင်မဲရလဒ်အပေါ် အငြင်းပွားစရာရှိနေတယ်ဆိုပြီး ကိုယ်စားလှယ်လောင်း ၃ ဦးက မဲရလဒ်ကို လက်မှတ် မထိုးပေးဘူးလို့ သိရပါတယ်။
2018-11-05
ထောင်ဒဏ် ၇ နှစ်စီ ကျခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့အတွက် ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံ တင်သွင်းလိုက်ပါတယ်။
2018-11-05
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက် (ခေါ်) ဖိုးလုံး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ဖမ်းဆီးခံထားရသူတွေထဲက လူငယ် ၃ ဦးကို ရဲအာမခံနဲ့ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2018-11-05
တရားရေးဝန်ထမ်းတွေကို နှောင့်ယှက်မှုနဲ့ ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ကျခံနေရတဲ့ လက်ပံတန်း ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ကျောင်းသားဟောင်း ကိုသန်းထိုက် တို့အမှုကို အယူခံဝင်ရာမှာ ဒီနေ့ မင်းလှမြို့နယ် တရားရုံးက ပြစ်ဒဏ် ၃ လ လျှော့ချလိုက်ပါတယ်။