သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-20
မြန်မာ့ ကျောက်မျက်ရတနာဥပဒေကို ပြန် လည်ပြင်ဆင်ပေးဖို့အတွက် လူဦးရေ ၂ သောင်းလောက်ရှိတဲ့ ရေမဆေးကျောက် ရှာဖွေသူတွေ နဲ့ ကျောက်စိမ်းလုပ်ကိုင်သူတွေဟာ ဖားကန့် မြို့ မှော်ဝမ်းရပ်ကွက်က ကျောက်တိုင်ကွင်းမှာ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2016-10-19
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေ သက လူဦးရေ ၈ သောင်းကျော်ထံကို အစားအစာတွေ ပေးပို့နိုင်ခြင်းမရှိဘူးလို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖေါ်ပြောကြားပါတယ်။
2016-10-19
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းတဲ့ အမျှော်အမြင် နဲ့ ရင့်ကျက်တဲ့ခေါင်းဆောင်မှု၊ အနစ်နာခံမှုနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအပေါ် တကမ္ဘာလုံးက ကြည်ညိုလေးစားနေရပါကြောင်း၊ ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်းလက်တွဲဖော်နဲ့ မိတ်ဆွေကောင်းတွေအဖြစ် အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ ပခုံးချင်းယှဉ် ရိုင်းပင်းရပ်တည်သွားမှာဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။
2016-10-19
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး အောင်စိုး မိုးကျော် ရေယာဉ် နစ်မြုပ်မှုမှာ ဒီနေ့ညနေ အထိ ရုပ်အလောင်း ၆၀ နီးပါးကို ဆယ်ယူရရှိထားတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
2016-10-19
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ် ဇွဲပါကုန်းတန်းကျေးရွာမှာ ကျောက် မီးသွေး စက်ရုံတည်ဆောက်ဖို့အတွက် ကုမ္ပဏီတစ်ခု က ကျေးရွာသားတွေကို သဘောတူလက်မှတ်ရေးထိုးဖို့ စည်းရုံးမှုတွေ လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ က ပြောပါ တယ်။
2016-10-19
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင် မြို့တွေကို တိမ်းရှောင်လာသူ ၃ ထောင် နီးပါးရှိနေပြီလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
2016-10-19
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားတွေ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်တွေ ပညာသင်ကြားနိုင်ဖို့အတွက် မြန်မာနိုင်ငံ သားတွေရဲ့ ပညာရေး အကူအညီပေးနေတဲ့ BEAM ပညာရေးဖောင်ဒေးရှင်းနဲ့ ချင်းမိုင်အသက်မွေးဝမ်းကျောင်း ဆိုင်ရာ နည်းပညာကောလိပ်တို့ မနေ့က နှစ်ဖက်သဘောတူ နားလည်မှု MOU လက်မှတ်ရေးထိုးလိုက်ပါတယ်။
2016-10-19
လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2016-10-19
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၄ ဦးကို ပါတီကနေဖယ် ရှားလိုက်တာနဲ့ ပတ်သက်ပြီး ပါတီဗဟိုက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီကနေ့ နေပြည်တော်မှာ စတင်စစ်ဆေးခဲ့ပါတယ်။
2016-10-19
နယူးဒေလီမြို့ကို အလည်အပတ်ရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အိန္ဒိယအနေနဲ့ မြန်မာပြည်ရဲ့ စိုက်ပျိုးရေးကဏ္ဏနဲ့ အခြေခံ အဆောက်အအုံတွေ တိုးတက်ရေး၊ ကျွမ်းကျင်နည်းပညာ အကူအညီတွေရရှိရေး၊ အလုပ်အကိုင်တွေ ဖန်တီးပေးရေး နဲ့ ပြည်သူ့ကျန်းမာရေးကိစ္စတွေကို ဦးစားပေးကူညီစေ လိုကြောင်း ပြောကြားခဲ့ပြီး အိန္ဒိယသမ္မတ မိုခါဂျီး ကလည်း တတ်စွမ်းသမျှ ကူညီမှာဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ တယ်လို့ သိရပါတယ်။
2016-10-19
ရခိုင်ပြည်နယ် မောင်တောဒေသကို အစားအစာနဲ့ ဆေးဝါးအကူအညီတွေပေးဖို့ သွားရောက်တဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေကို မြန်မာ အာဏာပိုင်တွေက ဟန့်တားပိတ်ပင်နေတယ်လို့ ကုလသမဂ္ဂ အရာရှိတဦးက ပြောကြားလိုက်ပါတယ်။
2016-10-19
အင်ဒိုနီးရှားအစိုးရက သူတို့နိုင်ငံမှာ လုံးဝအသုံးမပြုရသေးတဲ့ လူစီးရထားတွဲ ၆ဝဝ ခန့်ကို မြန်မာပြည်မှာသုံးဖို့ တင်ပို့မှာဖြစ်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။
2016-10-18
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်း တွင်းကျေးရွာအနီး မှာ အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်မှုကြောင့် ဒီနေ့ အထိ သေဆုံးသူ ၃၈ ဦးရှိနေ ပြီလို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။
2016-10-18
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးရှေ့မှာ အဲဒီ ပုဒ်မနဲ့ အရေးယူဖမ်းဆီးခံခဲ့ရသူတွေ ဦးဆောင်ပြီး တောင်း ဆိုခဲ့ကြပါတယ်။
2016-10-18
နေပြည်တော်မှာ ကျင်းပမယ့် UPDJC အစည်းအဝေးကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ လျာထားပေမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီး စဉ်တွေ ရှိနေတာကြောင့် အစည်းအဝေးကို ဆိုင်းငံ့ထား မှာ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။