သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-04
ထိုင်းဝန်ကြီးချုပ်သစ်ရဲ့ မြန်မာနိုင်ငံခရီးမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ အပြင်၊ လူ့အခွင့်အရေး ကိစ္စတွေကိုလည်း ဆွေးနွေးသင့်ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2011-10-04
ထိုင်း မြန်မာ နယ်စပ်က မြန်မာ ဒုက္ခသည် ကလေးငယ်တွေ အတွက် အကူအညီ ပေးနေတဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် Thai Children's Trust ထိုင်း ကလေးငယ်များ ရံပုံငွေ အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံအားပေး လိုက်ပါတယ်။
2011-10-04
မြန်မာ့နိုင်ငံရေး လေ့လာသူ သံအမတ်ကြီးဟောင်း ဦးသက်ထွန်း က တရုတ် နိုင်ငံသားတွေ နည်းမျိုးစုံနဲ့ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာ နိုင်ငံထဲ ဝင်ရောက် အခြေချ လာမှာကို စိုးရိမ် မိကြောင်း RFA က ဆက်သွယ် မေးမြန်းစဉ်မှာ ပြောကြားပါတယ်။
2011-10-04
မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၁ ရက်နေ့က ပထမဆုံးအကြိမ် တရားဝင် စတင် ဖွင့်လှစ်လိုက်တဲ့ နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာတွေမှာ ဒေါ်လာ ၂၀၀၀ အထိပဲ လဲလှယ်ခွင့် ပြုထားတဲ့အတွက် သွင်းကုန် ထုတ်ကုန် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ပြင်ပ မှောင်ခို ဈေးကွက်ကိုပဲ အားထားနေရဆဲလို့ သိရပါတယ်။
2011-10-04
မြန်မာနဲ့ ဂျပန် အမတ်တွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေ အပြင် ဂျပန် နဲ့ မြန်မာ အကြား စီးပွားရေး ဆက်ဆံမှုတွေကို ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2011-10-04
ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် မြန်မာပြည်ဆိုင်ရာ အညတရ သူရဲကောင်းများ ဆုပေးရေး ကော်မတီက ဒုတိယ အကြိမ်အဖြစ် သူရဲကောင်း(၅)ဦး အမည်စာရင်းကို ဒီကနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
2011-10-04
ကဗျာဆရာကြီး ဒဂုန်တာရာက အချက် ၃ ချက် တောင်းဆိုထားတဲ့ ငြိမ်းချမ်းရေး ပန်ကြားလွှာ အမှတ် (၄) ကို ဒီရက်ပိုင်းမှာ ဆက်လက် ထုတ်ပြန် ခဲ့ပါတယ်။
2011-10-03
တောင်အာဖရိကနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဒရွတ်ဆွဲပြီး လျှောက်နေတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။
2011-10-03
ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြခွင့် ဥပဒေမူကြမ်းကို မနေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2011-10-03
မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရဘက်က တစ်ဘက်သတ် ရပ်ဆိုင်းလိုက်တဲ့ အတွက် ဥပဒေကြောင်းအရ ဖြေရှင်းစရာတွေ ရှိလာလိမ့်မယ်လို့ CPI (China Power Investment Corporation) တရုတ် အစိုးရ စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဌ Lu Qizhou က မနေ့က ပြောဆိုပါတယ်။
2011-10-03
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ် တက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေ အပါအဝင် မြန်မာအရေး စိတ်ဝင်စားသူတွေက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာနက် ဗွီဒီယိုကနေ တဆင့် မနေ့က တိုက်ရိုက် အမေးအဖြေ လုပ်ခဲ့ပါတယ်။
2011-10-03
ဒေးဒရဲမြို့နယ် စဉ့်ကူးကျေးရွာမှာ ဒေသခံ လယ်သမားတွေကို ဆန်စက်ပိုင် လုပ်ငန်းရှင် တဦးက လယ်ယာသုံး ပစ္စည်းတွေကို အတိုးနှုန်း များများနဲ့ အကြွေးချပေးပြီး၊ ငွေပြန်မဆပ်နိုင်တဲ့အခါ လယ်သိမ်းတာ၊ သီးစား ပြန်ချထားတာတွေ လုပ်နေပြီး လယ်သမားတွေ တရားစွဲတဲ့အခါမှာလည်း သက်ဆိုင်ရာက အရေးယူတာ မရှိကြောင်း သိရပါတယ်။
2011-10-03
ဖီဖာ ခေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ မြန်မာနိုင်ငံ အသင်းကို ပါဝင် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်တဲ့ ကိစ္စအပေါ် အသနားခံစာ တင်မယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-10-03
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ရဲ့ ပုံမှန် အစည်းအဝေးကို ဌာနချုပ်ရုံးမှာ ဒီကနေ့ကျင်းပပြုလုပ်ခဲ့ရာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်နဲ့ အခု နောက်ဆုံး တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ပြန်လည် တင်ပြ ရှင်းလင်းခဲ့ပါတယ်။
2011-10-03
မြန်မာနိုင်ငံမှာ ပြည်နယ်တွေကို သီးခြား ခွဲထွက်ခွင့်ပြုမှာ မဟုတ်ပေမယ့် အစိုးရနဲ့ တိုင်းရင်းသားတွေ အကြား အပေးအယူ သဘောမျိုး လိုက်လျောမှုရှိတဲ့ ညှိနှိုင်းမှုတွေကို ဆောင်ရွက်နိုင်ဖို့ သမ္မတ ဦးသိန်းစိန်ကို အကြံပြုသွားမယ်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က RFA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။