သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-24
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ရတဲ့ စက်တင်ဘာလအတွင်း မွန်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီ UBP ပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တချို့ ဖျက်ဆီးခံရတာ၊ စိုက်ထူထားရာကနေ ပျောက်ဆုံးသွားတာတွေ ရှိနေပါတယ်။
2020-09-24
ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကစလို့ စစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော် ထပ်တိုးလာပြီး လက်ရှိမှာသူတို့ရဲ့စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေက RFA ကိုပြောပါတယ်။
2020-09-23
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်ဖို့ ကိစ္စက အခုချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ တောင်ကိုရီးယားရောက် မြန်မာတွေကတော့ အောက်တိုဘာလဆန်းမှာ မဲပေးနိုင်ပြီလို့ သံရုံးက အကြောင်းကြား ထားပါတယ်။
2020-09-23
ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ပြည်သူလူထုက ပိုမိုအလေးအနက်ထား လာတာ မြင်တွေ့ရပြီး လက်ရှိအခြေအနေအထိ အသက်ရှူစက် လိုအပ်တဲ့လူနာတွေ ကို လုံလောက်စွာ ကုသပေးနိုင်ပါတယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံအရေးပေါ် အထူးကုဌာန တာဝန်ခံ ဆရာဝန်ကြီး ပါမောက္ခ ဒေါ်ခိုင်ရွှေဝါက ပြောပါတယ်။
2020-09-23
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းမှာရှိတဲ့ ကူတောင်၊ ရွှေလောင်းတင်နဲ့ အဲဒီအနီးတဝိုက်က ဒေသခံနှစ်ထောင်လောက်ဟာ ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းမှာ စစ်တွေမြို့နဲ့ တခြားနီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်လာ ကြပါတယ်။
2020-09-23
ကုလသမဂ္ဂအဖွဲ့အစည်းကို နိုင်ငံငယ်တွေအတွက် အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းဖြစ်စေချင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောလိုက်ပါတယ်။ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ နိုင်ငံခေါင်းဆောင်တွေ အဆင့်မြင့်အစည်းအဝေးကို ဝန်ကြီးဦးကျော်တင် မနေ့က အွန်လိုင်းကနေ တက်ရောက်ပြီး မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောခဲ့တာပါ။
2020-09-23
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အများစုအနိုင်ရခဲ့တဲ့ မန္တလေးတိုင်း၊ မိတ္ထီလာ၊ ရမည်းသင်းနဲ့ ပျော်ဘွယ်မြို့နယ်တွေမှာ လက်ရှိအာဏာရပါတီ NLD ကလည်း အလေးထားပြီး မဲဆွယ်စည်းရုံးနေတဲ့အတွက် ပြိုင်ဆိုင်မူပြင်းထန်တဲ့ မဲဆန္ဒနယ်မြေတွေ ဖြစ်လာပါတယ်။
2020-09-23
ဖမ်းဆီးရမိထားတဲ့ တပ်မတော်သား တချို့ရဲ့ ပြောဆိုချက် ပါဝင်တဲ့ ဗီဒီယိုဖိုင်တွေ စက်တင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်တာဟာ လူတစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေး၊ လုံခြုံရေးကို ထိခိုက်စေလိုတာ မဟုတ်ဘဲ သက်ဆိုင်ရာ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေအပေါ် လူသားချင်းစာနာတဲ့ အနေနဲ့ ထုတ်ပြန်တာဖြစ်တယ်လို့ AA ဘက်က ပြောထားပါတယ်။
2020-09-23
နေအိမ်တွေမှာပဲနေကြရမယ့် အစီအစဉ်ထဲမှာ မပါဝင်သူတွေကို အစိုးရက စက်တင်ဘာ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထပ်မံထုတ်ပြန်ခဲ့ပေမယ့် ဒီအထဲမှာ စတုတ္တမဏ္ဍိုင်လို့ပြောတဲ့ သတင်းမီဒီယာ လုပ်ငန်းတွေကို ချန်ထားခဲ့ပါတယ်။
2020-09-22
စက်တင်ဘာ(၁၉)ရက်က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ချင်းအမျိုးသားဒီမိုကရေ အဖွဲ့ချုပ်(CNLD)ကို ထောက်ခံတဲ့ ချင်းတိုင်းရင်းသားတွေက လူဦးရေ သုံးရာကျော် ခန့်နဲ့ မြို့တွင်းလှည့် မဲဆွယ်ခဲ့ပါတယ်။ ဒီမဲဆွယ်မှုဟာ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်တဲ့ စည်းကမ်းနဲ့ မကိုက်ညီဘူးဆိုပြီး ဒေသခံပြည်သူကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
2020-09-22
ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေ နေထိုင်ခဲ့တဲ့ တိုက်တွေက တခြားအခန်းတွေမှာ လက်ရှိနေထိုင်သူတွေကို အိမ်ပြင်မထွက်ဖို့ ပိတ်ပင်ထားပါတယ်။ တပြိုင်နက်မှာ အဲဒီဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အားလုံးကို သီးသန့်ထားဖို့လည်း သက်ဆိုင်ရာတွေအနေနဲ့ နေရာအခက်အခဲနဲ့ ကြုံနေရတဲ့အတွက် တခြားနည်းလမ်းတွေကို စဉ်းစားစီစဉ်နေတယ်လို့ သိရပါတယ်။
2020-09-22
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ရန်ကုန်က အလုပ်သမား ရာနဲ့ချီရှိတဲ့ စက်ရုံတွေထဲအထိ ရောက်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။
2020-09-22
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က မိုးကုတ်ဝိပ္ပသနာကျောင်းတိုက်မှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်တဲ့စခန်းကို ဖွင့်လှစ်ထားပြီး အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပါတယ်။
2020-09-22
ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲက မြိုင်သာယာရွာသားနှစ်ယောက်ကို တပ်မတော်က မနေ့က ဖမ်းဆီး ရိုက်နှက်စစ်ဆေးခဲ့တဲ့အတွက် ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2020-09-22
ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားတဲ့ တပ်မတော်သား၊ ရဲဝန်ထမ်း၊ လဝကဝန်ထမ်းတွေကို ဖြစ်နိုင်တဲ့နည်းနဲ့ ကယ်ဆယ်ပေးဖို့၊ မိသားစုဝင်တွေစိတ်ပူနေတဲ့အတွက် ငြိမ်းချမ်းစွာ ပြန်လည် ရောက်ရှိလာဖို့ မျှော်လင့်နေကြပါတယ်။