သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-11
သိန္နီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲကြောင့် သိန္နီမြို့ခံတွေ အပါအဝင် အနီးအနားရွာတွေက ဒေသခံနှစ်ရာကျော် လားရှိုးမြို့ပေါ်ကို ထပ်မံ ထွက်ပြေးလာကြရပါတယ်။
2023-11-11
ရေဦးမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ လက်နက်ချပြီး ပြည်သူ့ရင်ခိုလှုံဖို့ တိုက်တွန်းတဲ့စာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ တပ်စခန်းနေရာတွေပေါ် ဒရုန်းနဲ့ ကြဲချခဲ့ပါတယ်။
2023-11-11
လွိုင်ကော်မြို့အနီးမှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် လွိုင်ကော်မြို့ပေါ်မှာ အပြင်မထွက်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့က ကြေညာသွားပါတယ်။
2023-11-11
ကန့်ဘလူမှာ နိုဝင်ဘာလ ၁၀ ရက်က စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၁၁ ရက် ဒီနေ့မနက်မှာ စစ်တပ်က လေကြောင်းနဲ့ သုံးကြိမ်လာပစ်ခဲ့တယ်လို့ ပြောပါ တယ်။
2023-11-11
ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ထိန်းချုပ်ခဲ့ပြီးနောက် မြို့မရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၆၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။
2023-11-10
စစ်ကောင်စီရဲ့ ပြည်ထဲရေး ဝန်ကြီးဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ရာထူးလုပ်ပိုင်ခွင့် မလျော်ဩဇာသုံးမှု၊ အဂတိ လိုက်စားမှုနဲ့ စစ်တရားရုံးက ထောင် ငါးနှစ် ချလိုက်ပါတယ်။
2023-11-10
မြန်မာနဲ့ အစ္စရေးနိုင်ငံတွေမှာ ရောက်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေ ချက်ချင်းထွက်ခွာကြဖို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဖန်သူဟန် (Pham Thu Hang) က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2023-11-10
မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောလိုက်ပါတယ်။
2023-11-10
ကလေးဝမြို့နယ် ဆင်အိုင်မရွာအနီးမှာ PDF စခန်းကို နိုဝင်ဘာလ ၉ ရက် ညပိုင်းက စစ်ကောင်စီတပ်က အလစ်ငိုက် စီးနင်းခဲ့တာကြောင့် တပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးခံလိုက်ရပါတယ်။
2023-11-10
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးဖို့ အမေရိကန်ဒေါ်လာ တစ်သန်းသုံးစွဲသွားမယ်လို့ UNOCHA က နိုဝင်ဘာ ၁၀ ရက် သတင်းထုတ်ပြန်ပါတယ်။
2023-11-10
ရွှေဘိုမြို့နယ် မြင်းချင်းရွာနဲ့ သီးလုံးရွာတွေမှာ ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် လူတစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-09
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" ၁၄ ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
2023-11-09
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ နိုဝင်ဘာ ၉ ရက်နေ့က ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သားသုံးဦးသေဆုံးခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2023-11-09
ချီဖွေမြို့နယ် ပန်ဝါဒေသမှာ မြေရှားသတ္ထု တူးဖော်တဲ့ လုပ်ငန်းတွေကို ရပ်နားထားရာကနေ အခု ပြန်လည်တူးဖော်နေကြတာ တွေ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2023-11-09
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံမှာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ပေါင်းပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့ လုပ်နေပါတယ်။