သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-20
ရွေးကောက်ပွဲ နီးကပ်လာနေတဲ့ ကာလမှာ ဘာသာရေး တင်းမာမှုတွေ၊ အကြမ်းဖက် ပဋိပက္ခတွေ မပေါ်ပေါက်အောင်ဆောင်ရွက်ဖို့ အမေရိ ကန်ပြည်ထောင်စုက မြန်မာနိုင်ငံအစိုးရကို တိုက်တွန်း လိုက်ပါတယ်။
2015-10-20
ပြည်ခိုင်ဖြိုးပါတီဟာ တိုင်းရင်းသားတွေ လိုလားနေတဲ့ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားသွားမယ်လို့ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်က ဒီနေ့ ပြောပါတယ်။
2015-10-20
ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ရဲ့ ချင်းပြည်နယ် တီးတိန်မြို့က ဆက်ဆံရေး ရုံးမှာ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီလောက်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။
2015-10-20
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေ အနေကြောင့် ရခိုင်ပြည်နယ် ခရီးစဉ်အပါ အဝင် ဦးတင်ဦး ဦးဆောင်သွားမယ့် ရွေးကောက် ပွဲအောင်နိုင်ရေး ဟောပြောပွဲ ခရီးစဉ်အားလုံးကို ဖျက်သိမ်း လိုက်ပါတယ်။
2015-10-20
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဝန်းရံသူ ၅၄ ဦးထဲက တစ်ဝက်လောက် က ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှာဖြစ်ပြီး ကျန်တဲ့ တစ်ဝက်က ကြိုတင်မဲပေးဖို့ ငြင်းဆန်ထားပါတယ်။
2015-10-20
ပြည်တွင်းက ကြိုတင်မဲပေးမယ့်သူ တပ်မတော် သားတွေ၊ နာမကျန်းသူတွေ ၊ ရွေးကောက်ပွဲနေ့မှာ လာရောက်မဲမပေးနိုင်သူတွေဟာ လာမယ့် အောက် တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့ အထိ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကြိုတင်မဲသွားရောက်ပေးနိုင်တယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောပါတယ်။
2015-10-20
တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေမှာရှိတဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် က ဥရောပသမဂ္ဂ အီးယူရွေးကောက်ပွဲလေ့လာရေးအဖွဲ့ ကို ခွင့်ပြုလိုက်ပါတယ်။
2015-10-19
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက် ပွဲနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေနဲ့ အကူကိုယ်စား လှယ်တွေအနေနဲ့ ပါတီရဲ့ ရင်ထိုးတံဆိပ်ကလွဲပြီး ပင်နီ တိုက်ပုံ၊ အင်္ကျီနဲ့ ကချင်ပုဆိုးတွေ မဝတ်ဆင်ကြဖို့ NLD ဗဟိုက ဒီကနေ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
2015-10-19
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေထဲမှာ ကြိုတင်မဲပေးခွင့်ရှိသူ စာရင်းမှာပါပေမယ့် မဲလက်မှတ်မပါတာကြောင့် မဲမပေး ခဲ့ရသူတွေနဲ့ မဲပေးခွင့်ရပေမယ့် မဲလက်မှတ် အားလုံးမရ ခဲ့သူတွေ ပြန်လည်မဲပေးခွင့်ရမှာဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးက ဒီနေ့ ကြေညာလိုက်ပါတယ်။
2015-10-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓါတ်ပုံကို မဖွယ်မရာပြုပြင်ပြီး လူမှုကွန်ရက် စာမျက်နှာမှာ ဖြန့်ဝေခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ကန် ကြီးထောင့်မြို့နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို NLD ပါတီဝင် တစ်ဦးက ဆက်သွယ်ရေး ဥပဒေနဲ့ အရေးယူပေးဖို့ ကန် ကြီးထောင့် မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။
2015-10-19
၈၈ မျိုးးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် သူတို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပါဝင်စည်း ရုံးနေတာဟာ တိုင်းပြည်အကျိုးကို ရှေးရှုပြီးဆောင်ရွက်နေ တာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
2015-10-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် အောက်တိုဘာလ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် မြို့နယ်နဲ့ ကျိုင်းတုံမြို့နယ်တို့မှာ ဟောပြောပွဲတွေ ကျင်းပမှာ ဖြစ်ပါတယ်။
2015-10-19
သတင်းဌာနတွေအနေနဲ့ မိမိတို့ရဲ့သိက္ခာ ကိုလေးစားပြီး မီဒီယာကျင့်ဝတ်တွေနဲ့ အညီ ရေးသားထုတ်လွှင့်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၈ ရက် မနေ့က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2015-10-19
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့က အဖွဲ့ဝင် အင်အား ၁၅ဝ ကျော်နဲ့ လေ့လာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
2015-10-19
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ မြန်မာအစိုးရတို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးလိုက်တဲ့ ဂယက်ကြောင့် အိန္ဒိယနယ်စပ်ကနေ တချို့စိမ့်ဝင်လာကောင်း လာနိုင်တဲ့ အတွက် မြန်မာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မဏိပူရပြည် နယ်က ခရိုင်သုံးခုက အလျားကီလိုမီတာ ၃၈ဝ တလျှောက် မှာ ၆ လ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။