သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-23
အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့တွေရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPNနဲ့ ပြည်ထောင် စုငြိမ်းချမ်းရေး ကော်မရှင်တို့ ဒီလကုန် မှာတွေ့ ဆုံဆွေးနွေးသွားမယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး က ပြောပါတယ်။
2017-04-23
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ စက်ရုံစု ရပ်ကွက်က စစ်မှုထမ်းဟောင်းအိမ်ရာဆောက်လုပ်မယ့် ဧရိယာ ထဲမှာ ပါဝင်နေတဲ့ ကျူးကျော်တဲ ၂၁၃ လုံးကို ပြည် နယ်အစိုးရအဖွဲ့ အစီအစဉ်နဲ့ မနေ့ကစပြီး မင်းဂံ တိုးချဲ့ရပ်ကွက်ကို ပြောင်းရွှေ့ပေးနေပါတယ်။
2017-04-22
တောင်ဥက္ကလာပမြို့နယ်၊ မာဃ(၁၂)လမ်း မှာရှိတဲ့ ကလေးကစားကွင်းနဲ့ ပန်းခြံလုပ် မယ့် မြေနေရာကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ပုဂ္ဂလိကကို ဂရန်ချပေးလိုက်တဲ့ အတွက် ရပ်ကွက်နေပြည်သူ ၅ဝ လောက်က အဲဒီမြေနေ ရာရှေ့မှာ ဒီကနေ့ ကန့်ကွက်စုရုံးခဲ့ကြပါတယ်။
2017-04-22
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေး ရွာအုပ်စုက ကျေးရွာတချို့မှာ အသက် ၅ နှစ်အောက် ကလေးတွေ အပါအဝင် စုစုပေါင်း ၁ဝ၆ ဦး ဝမ်းပျက်၊ ဝမ်းလျှောရာဂါ ဖြစ်ပွားနေ တာကြောင့် သွားရောက်ကုသပေးနေရတယ်လို့ ရခိုင်ပြည် နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
2017-04-22
၂ဝ၁၅ ခုနှစ်တုန်းက ရက္ခိုင့်တပ်မတော် AA နဲ့ တပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ် ပြိုင်စိုကျေးရွာကနေ လောင်းတင်ရွာကို ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့ အိမ်ထောင်စု ၆၂ ခုဟာ ဧပြီ ၂ဝ ရက်နေ့က ပြိုင်စိုကျေးရွာကို ပြန်လည်ရွှေ့ပြောင်းသွားပြီလို့ ချင်းပြည် နယ် အစိုးရအဖွဲ့က ပြောပါတယ်။
2017-04-22
တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ လေပြင်းတိုက် တာတွေ၊ မိုးကြီးတာတွေနဲ့ မိုးကြိုးပစ် တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-04-22
ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ နဝနာခွန် နယ်မြေမှာရှိတဲ့ S1 စီဒီဓာတ်ပြား အလုပ်ရုံ က မြန်မာအလုပ်သမား ၂၁ ယောက်ကို အလုပ်ထုတ်လိုက် တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားတွေ၊ မြန်မာအလုပ် သမားအရေး ဆောင်ရွက်သူတွေနဲ့ အလုပ်ရှင်တို့ တွေ့ဆုံ ညှိနှိုင်းဖို့ ပြင်ဆင်နေပါတယ်။
2017-04-21
UWSP "ဝ" အဖွဲ့က ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၇ ခုက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လမ်းကြောင်းကမဟုတ်ဘဲ လမ်းကြောင်း သစ် ဖော်ဆောင်ပြီးသွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ် သက်ပြီး အစိုးရကို တရားဝင်ပေးပို့ထားတာ မရှိသေး တဲ့အတွက် သဘောထားမှတ်ချက်ပေးဖို့ စောနေသေး တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
2017-04-21
ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်း ကြီးများဆိုင်ရာအခွန်ရုံးက ဝန်ထမ်းတွေကို လုပ်ငန်းစွမ်းဆောင်ရည်နဲ့ အဂတိလိုက်စား မှု ကင်းရှင်းတဲ့ အချက်တွေပေါ် မူတည်ပြီး ဆုကြေးငွေပေးဖို့ စီစဉ်နေပါတယ်။
2017-04-21
တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာပါဝင်တဲ့ လီဆူ တိုင်းရင်းသားတွေကို လီရှော လို့ခေါ်ဝေါ်နေတာကို ကန့်ကွက်ကြောင်းနဲ့ လီဆူ လို့သာ သတ်မှတ်ခေါ်ဝေါ်ပေးဖို့အတွက် လက်မှတ်တွေ စုဆောင်းပြီး အစိုးရထံတင်ပြ တောင်းခံသွားဖို့ လီဆူစာပေနဲ့ ယဉ်ကျေးမှု အဖွဲ့တွေက ပြင်ဆင်နေကြပါတယ်။
2017-04-21
ပြီးခဲ့တဲ့အစိုးရလက်ထက်က မကွေး တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရေနံ လက်ယက်တွင်းတွေကနေ ကောက်ယူ ခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၇.၄၅၉ ဘီလီယံ ပျောက် ဆုံးနေခဲ့တာနဲ့ ပတ်သက်ပြီး ရရှိတဲ့စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးထံ တင်ပြထားပြီး သမ္မတရုံးကသာ စိစစ်အရေးယူမှာ ဖြစ်ပါတယ်။
2017-04-21
အမေရိကန်ပြည်ထောင်စုက အစိုးရ အထက်တန်းကျောင်းတွေမှာ ပထမဆုံး အကြိမ်အဖြစ် မြန်မာဘာသာ တရားဝင်ပြဌာန်းသင်ကြားဖို့ အင်ဒီးယားနားပြည်နယ်အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
2017-04-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်၊ သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင် နာမည်နဲ့ ပန်းခြံ တစ်ခုဆောက်လုပ်ပေး ဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးက တောင်းဆိုလိုက်ပါတယ်။
2017-04-21
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဧရာဝတီမြစ်ကမ်း ပါးပြိုလို့ ပြောင်းရွှေ့ခဲ့ရတဲ့ ဂုံညှင်း တန်းကျေးရွာနဲ့ အထွဋ်ကျေး ရွာတွေက အိမ်ခြေ ၁၇၀ ကို နေရာပြန်ပေးဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ က မြေနေရာရှာဖွေနေပါတယ်။
2017-04-21
ကချင်ပြည်နယ် မန်စီမြို့က ပြင်လွင်ဦးရပ်ကွက်ရဲ့ အရှေ့ဘက်၃ ဖာလုံလောက်ဝေးတဲ့ နေရာမှာ ဧပြီလ ၁၉ ရက်နေ့က မိုင်းနင်းမိခဲ့လို့ သားအမိ လေးဦးမှာ တစ်ဦးသေ ဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့တာကြောင့် ဗန်းမော်ဆေးရုံ မှာ ဆေးကုသခံနေရပါတယ်။