သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-22
မြန်မာနိုင်ငံမှာ ကာလရှည်ကြာ လာရောက်နေထိုင်လိုတဲ့ နိုင်ငံခြားသားတွေ အမြဲတန်းနေထိုင်ခွင့်ရရှိရေးအတွက် ပိုမို လွယ်ကူအောင် လုပ်ဆောင်ပေးမယ်လို့ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားလိုက်ပါတယ်။
2016-12-22
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့ အတွက် နေရာ နဲ့ နေ့ရက်ကို ညှိနှိုင်းနေဆဲ လို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့က ပြောရေးဆိုခွင့်ရှိ သူ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
2016-12-22
နမ္မတူမြို့နယ် ပန်လုံကျေးရွာတစ်ဝိုက်မှာ ဒီကနေ့မနက်အထိ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး သီပေါမြို့ပေါ်မှာ ဒုက္ခသည်တွေ ထပ်တိုးလာနေပါတယ်။
2016-12-22
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲ အောင်နိုင် ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ကို ဒီနေ့ တိုင်းဒေသကြီးလွှတ်တော်ရုံးမှာ ခေါ်ယူတွေ့ဆုံခဲ့ ပါတယ်။
2016-12-22
ရှမ်းပြည်နယ်၊ မူဆယ်မြို့အနီးက ပန်ကျုံနဲ့ ဖာပိတ်ကျေးရွာနားမှာ မြောက်ပိုင်းမဟာ မိတ်တပ်တွေနဲ့ တပ်မတော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2016-12-22
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ အလဲဗင်းမီဒီယာ CEO ဒေါက်တာ သန်းထွဋ်အောင်ရဲ့ အာမခံလျှောက်ထားမှုကို တာမွေမြို့နယ် တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
2016-12-22
၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်းကား တင်သွင်းခွင့် လျှောက်ထားတာတွေကို ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ လက်ခံပေးသွားမယ်လို့ သတ်မှတ်ထားပေမယ့် သတ်မှတ်ရက်ထက် ၂ ရက်စောပြီး ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ရပ်ဆိုင်းလိုက်ကြောင်း မော်တော် ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာပါတယ်။
2016-12-21
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းတဲ့ ၂၀၁၇- ၂၀၁၈ ခုနှစ် အတွက် ဘတ်ဂျက် တင်ပြချက်မှာ ပြည်သူတွေ အတွက်မဟုတ်ဘဲ အစိုးရဝန်ထမ်း အကြီးအကဲတွေရဲ့ အသုံးအဆောင်တွေ ဖြည့်တင်းရေးအတွက် အသုံးပြုမှု များနေတယ်ဆိုပြီး ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စား လှယ်တချို့က ဝေဖန်ခဲ့ကြသလို ငွေကျပ်သိန်းပေါင်း ၁၇၀၀ ကျော်ကို သုံးစွဲခွင့်ခေါင်းစဉ်ပြောင်းပြီး ခွင့်ပြုလိုက် ပါတယ်။
2016-12-21
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာဖြစ် ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဒေသတွင်း အုပ်ချုပ်ရေး ယန္တရားပြတ်တောက်စေပြီး ဒေသခံတိုင်းရင်း သားတွေကို အလိုအလျောက်နေရပ်စွန့်ခွာအောင် ရည်ရွယ် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မောင်တောနယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင် က ပြောပါတယ်။
2016-12-21
ထိုင်းနိုင်ငံကလာရောက်လုပ်ကိုင်တဲ့ မြန်မာ ပွန်ပီပက်ကုမ္ပဏီရဲ့ ဟိန္ဒားသတ္တုစီမံကိန်း ဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ယာယီ ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပေမယ့် ဆက်လက်လည် ပတ်နေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
2016-12-21
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ် ကြောင်လျှာကွင်းရွာအနီးမှာ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့တွေ နယ်မြေအငြင်းပွားမှုကြောင့် မနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
2016-12-21
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာ အုပ်ချုပ်ရေးမှူးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့အမှုဖွင့်ထားပါတယ်။
2016-12-20
မုံရွာမြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ အလဲဗင်း မီဒီယာ သတင်းထောက် ကိုစိုးမိုးထွန်း အမှုနဲ့ ပတ်သက်ပြီး တရားခံတွေကို အမြန်ဆုံး စုံစမ်းဖေါ် ထုတ်အရေးယူပေးဖို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအသင်း က မြန်မာအာဏာပိုင်တွေကို ဒီဇင်ဘာ ၂ဝ ရက်နေ့စွဲ နဲ့ တောင်းဆိုလိုက်ပါတယ်။
2016-12-20
မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး တိုးတက် မှုကို ဖြစ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်မယ် ဆိုရင် လာမယ့် ၂ဝ၃ဝ ခုနှစ်အရောက် မှာ နိုင်ငံခြားက တိုက်ရိုက်လာရောက်မြုှပ်နှံမှုငွေပမာဟာ ကန်ဒေါ်လာ ဘီလီယံ ၁ဝဝ အထိ ရှိလာနိုင်တယ် လို့ နိုင်ငံတကာ အတိုင်ပင်ခံကုမ္ပဏီတခုဖြစ်တဲ့ McKinsey မက်ကင်းဇီ အဖွဲ့က ခန့်မှန်းထားကြောင်း ဗြိတိန်အခြေစိုက် FDI သတင်းစာက ဒီဇင်ဘာ ၂ဝ ရက်မှာ ဖေါ်ပြခဲ့ပါတယ်။
2016-12-20
မြန်မာနိုင်ငံ ရခိုင်မောင်တောဒေသမှာ အသစ်ပေါ်ပေါက်လာတဲ့ အကြမ်းဖက်တိုက် ခိုက်မှုတွေကြောင့် အိန္ဒိယအစိုးရအနေနဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ဒေသတွေ မှာ နောက်ထပ်မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့အပေါ် စိုးရိမ်ပူပန်သင့်ကြောင်း အိန္ဒိယထုတ်သတင်းတွေ မှာ ရေးသားဖော်ပြနေကြပါတယ်။